News

အတွဲလိုက် ပျောက်ဆုံးနေတဲ့ ခလေးငယ် ၄ ဦး ပြန်တွေ့ ပါပီ

အတွဲလိုက် ပျောက်ဆုံးနေတဲ့ ခလေးငယ် ၄ ဦး နေရပ်မှ ၄ မိုင်ခန့်အကွာ တောထဲတစ်နေမှာ ပြန်တွေ့။

11.January. 2021

မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဇရစ်ချောင်းရွာ မှ အသက် ၁၃ နှစ်၊ ၁၂ နှစ်နှင့် ၉ နှစ်အရွယ် ခလေးငယ် ယောကျာ်းလေး ၄ ဦးသည် ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၄ နာရီအချိန်ခန့်က နေအိမ်မှာ အသီးသီးပျောက်ဆုံးနေသဖြင့်…

ယင်းမိသားစုဝင်များက မြဝတီမြို့မရဲစခန်းနှင့် နယ်ခြားစောင့်တပ် BGF စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဗိုလ်မှုးနိုင်မောင်ဇော် တို့ထံ အကူအညီတောင်းခံခဲ့၍….

နယ်ခြားစောင့်တပ် BGF စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ ခလေးငယ်များ မူလနေထိုင်ရာ ဇရစ်ချောင်းကျေးရွာ တောင်ဘက်ခြမ်းသို့ လူခွဲရှာဖွေရာ

ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၄ နာရီအချိန်ခန့်တွင် ဇရစ်ချောင်းရွာနှင့် ၄ မိုင်ခန့်အကွာ ပွင့်လင်းအေးမြိုင်ရွာရှိ တောထဲတစ်နေရာတွင် ရှာဖွေတွေ့ရှိခဲ့ပြီး…..

၎င်းကလေးငယ် ၄ ဦး ကို မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ BGF စည်းကမ်းထိန်းသိမ်းရေးရုံးသို့ ခေါ်ဆောင်လာကာ မြဝတီမြို့မရဲစခန်းမှုး ဒုရဲမှုး အောင်ကျော်ဦး၏ ရှေ့မှောက်တွင် အုပ်ထိနိးသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

အဆိုပါ ကလေးငယ် ၄ ဦးမှာ သူတစ်ပါးပယောဂဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရခြင်း မဟုတ်ဘဲ ခလေးသဘာဝအလျောက် လျှောက်သွားရင်း အိမ်သို့မပြန်တတ်၍ ခလေးငယ် တစ်ဦးတွင် ပါလာသော ဟန်းဖုန်းဖြင့် ဖခင်ဖြစ်သူအား chatbox ဖြင့် video call ခေါ်ရာမှ နောက်ခံရှု့ခင်းအား ခန့်မှန်း၍ နယ်ခြားစောင့်တပ် BGF အဖွဲ့မှ ကူညီရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်သူများကို မေးမြန်းသိရှိရသည်။

နေနော်(မြဝတီ)