News

သူ့မှာငွေမရှိဘူး ဥစ္စာမရှိဘူး ဒါပေမယ့် တပ်ဖွဲ့ဝင်တွေအတွက် ရှာ မှ ရှား တဲ့ ခေါင်းဆောင်ကောင်း ဒုတပ်ဖွဲ့ခွဲမှူး ဖိုးဆယ်

သူက ရဲမှူးဖိုးဆယ် တပ်ဖွဲ့ခွဲ ၃ ရန်ကုန် က ဒုတပ်ဖွဲ့ခွဲမှူး

တပ်ဖွဲ့ဝင်တွေကို တတ်နိုင်သလောက်စောင့်ရှောက်တယ်တပ်ဖွဲ့ဝင်တွေရဲ့ပြသာနာတွေကို ခေါင်းခံဖြေရှင်းပေးတယ်တောင်းပန်ရရင်လည်း တပ်ဖွဲ့ဝင်တွေအတွက် အောက်ကျခံပီးတောင်းပန်ပေးတယ် တာဝန်ယူတယ် တာဝန်ခံတယ် ဘယ်တော့မှပုတ်မထုတ်ဘူးဆုံးမစရာရှိရင် တပ်ဖွဲ့ဝင်တွေကိုမဆူဘူး မဆဲဘူး နားလည်အောင် တရားဓမ္မတွေနဲ့ပြောပြီးဆုံးမတယ်

သူ့မှာငွေမရှိဘူး ဥစ္စာမရှိဘူး ဒါပေမယ့် ရှိတဲ့ငွေလေးနဲ့ တပ်ဖွဲ့ဝင်တွေအပေါ် စေတနာရှိတယ် မေတ္တာရှိတယ် မမောက်မာဘူး မရိုင်းစိုင်းဘူး
သူ့မိန်းမ က ဒေါ်အေးအေးနိုင် နာမည်နဲ့လိုက်အောင်အေးတယ်ဘယ်ရဲလုပ်ငန်းတွေမှဝင်မပါဘူး တပ်ဖွဲ့ဝင်တွေကသူ့ကိုချင်တယ် အမေလို့ခေါ်ပီး လေးစားကြတယ်

တပ်ခွဲမှူးမိန်းမတွေလို ရဲမေတွေကို ပါဝါပြပီး အိမ်အလုပ်တွေကိုခေါ်မခိုင်းဘူးသူလုပ်နေတာကို ရဲမေတွေတွေ့လို့အမြင်မတော်ရင် လာကူလုပ်ပေးတယ် သူတို့ပြန်ရင် ပြန်ထည့်ပေးလိုက်တာတွေက မနိုင်မနင်းသူ့မှာလည်းဘာဝင်ငွေမှမရှိဘူး မြန်မာထီကို တပ်ဖွဲ့ဝင်တွေ လကုန်ပေးနဲ့ရောင်းပေးတယ်

လကုန်ရင် ရဲမှူးကတော်ဆိုပီးလစာထဲကမဖြတ်ထားခိုင်းဘူးလစာထုတ်ပီးတဲ့သူမှ ငါကိုထီဘိုးလေးပေးသွားပါအုန်းလားဆိုပီးထိုင် စောင့်ပီးတောင်းတယ်လင်မယားနှစ်ယောက်လုံး စိတ်ပြည့်တယ် လောဘမရှိဘူး ဒေါသမရှိဘူး

တပ်ဖွဲ့ဝင်တွေကို သားသမီးတွေလိုဆက်ဆံတယ် ခေါင်းပုံမဖြတ်ဘူး မိုက်ကြေးမခွဲဘူး မရှိပေမယ့် ကိုယ်ကသာပေးတယ် ဘယ်တော့မှပြန်မမျှော်ဘူးတကယ်ကို လူပီသတဲ့ လင်မယားနှစ်ယောက်ပါ

ကျွန်တော်ကတော့ ဓါတ်ပုံတွေနဲ့သူတို့လုပ်တဲ့အတိုင်းကို ရေးတင်တာ တစ်ချို့က သူ့တို့ပုံနဲ့တင်တာကို အရမ်းနာနေကြတယ် လုပ်တဲ့အတိုင်းရေးတာလေသမိုင်းပျောက်လို့ဘယ်ဖြစ်မလဲ နာတာ မနာတာတွေက ကျွန်တော်လုပ်တာမဟုတ်ဘူး လုပ်လို့လဲမရဘူး ကိုယ့်ရဲ့လုပ်ရပ်ပေါ်မှာပဲမူတည်တယ်လူဆိုရင်တော့ လူပီသအောင်နေကြရမှာပေါ့

ဘညွန့်

Credit ဒုတက ဘညွန့်