သရုပ်ဆောင်ဝတ်မှုန်ရွှေရည်ကတော့ မန်လည်မှာရှိတဲ့ အလောင်းစည်သူမင်း တည်ထာတဲ့ ဘုရားအဆူ ၄၀ ထဲက တစ်ဆူကို ပြန်လည်ပြုပြင် ကုသိုလ်ယူခွင့်ရခဲ့တဲ့ အတွက် ဝမ်းသာပီတိဖြစ်ရတဲ့ အကြောင်းနဲ့ နှစ်သစ်ကူးအလှူအဖြစ် (၃)ရက် တရားစခန်းဝင်ခဲ့တဲ့အကြောင်းကို သူရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဇန်နဝါရီလ ၁၀ ရက်နေ့ကရေးသားလာခဲ့ပါတယ်။
“ နှစ်သစ်ကူး အလှူအနေနဲ့ ၃ရက်တရားစခန်းလေးဝင်ဖြစ်ပါတယ်။ ကစ်ရဲ့ပျော်ရွှင်ခြင်း အချိန်အစစ် အမှန်ဆိုတာ ကုသိုလ်ကောင်းမှု လုပ်ပြီး တရားစခန်းဝင်တဲ့ စိတ်အေးငြိမ်းမှုကိုခံစားရတဲ့ အချိန်ပါပဲ။
ပထမအကြိမ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေဦးမြို့မှာ စေတီတစ်ဆူလှူဒါန်ခဲ့ပြီး အခုဒုတိယအကြိမ် မြောက် အောင်ဇဗ္မူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်စောင့်ရှောက်မှုကို ခံယူပြီး မန်လည်မှာရှိတဲ့ အ လောင်းစည်သူမင်း တည်ထာတဲ့ ဘုရားအဆူ ၄၀ ထဲက တစ်ဆူကို ပြန်လည်ပြုပြင် ကုသိုလ်ယူခွင့်ရခဲ့တဲ့ အတွက် ကြည်နူးပီတိအထူးဖြစ်ရပါတယ်။
ဘုရားလှူရတဲ့ ကောင်းမှုအားလုံးနဲ့ ဒီ ၃ ရက်အဓိဌာန်ကရ လာတဲ့ ကောင်းမှုအားလုံးကို ၇ရက်သားသမီးများ အားလုံးရကြပါစေ။ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး အေးချမ်းကြပါစေ”လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာပါ။
ဝတ်မှုန်ရွှေရည်ကတော့ အလှူအတန်းဘက်မှာဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေ အမြဲလှူဒါန်းနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုဆိုရင်လည်း အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ရုံသာမက ဘုရား နှစ်ဆူတည်နိုင်တဲ့ ဘုရားဒါယိကာမတစ်ဦး လည်း ဖြစ်နေပါပြီ။
သိမ့်
Pyi Myanmar