ဗဟုသုတ

ကားအာမခံထားမည့်သူများသတိပြုမိစေရန်

ညနေ ၅:၃၀အချိန်ခန့်က ကမ္ဘာအေးဘုရားလမ်းပေါ် ဖူဆန်တရုတ်ဘုံကျောင်းအရှေ့တွင်မိမိမော်တော်ယါဉ်အနောက်ခြမ်းအားTaxi တစီးမှဝင်ရောက်တိုက်မိပါသည်။

တက္ကဆီယာဉ်မောင်းဖြစ်သူမှသူ၏အမှားဖြစ်သဖြင့်ပြန်လည်ပြင်ဆင်ပေးပါမည် ဟုဆိုကာကားအုံနာအားလှမ်းခေါ်ခဲ့သလိုမိမိမော်တော်ယါဉ်သည်အာမခံကုမ္မဏီတွင်ကားအလုံးစုံအာမခံဝယ်ယူထားသဖြင့် ၅:၄၅ မိနစ်တွင်အာမခံကုမ္မဏီရဲ့ Hotlineသို့ဆက်သွယ်ခေါ်ယူခဲ့ပါတယ်

အာမခံကုမ္မဏီဖက်မှအမြန်ဆုံးလာရောက်ပေးမည်ဖြစ်ကြောင်းအကြောင်းပြန်အပြီး၆:၃၅ အချိန်တွင်Inspector ဖြစ်သူ ကိုအာကာ ရောက်ရှိလာခဲ့ပါသည်။

မိမိ၏အတိုက်ခံရသောကားအားဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး၊ အာမခံကုမ္မဏီနှင့်ချိတ်ဆက်ထားသောကားပြုပြင်အလုပ်ရုံနေရာတွင်သာပြင်ဆင်ခွင့်ရမည်ဖြစ်ကြောင်းကိုအာကာ မှ ပြောကြားလာသည့်အတွက်ကားဝယ်ယူခဲ့သော showroom တွင်သာပြင်ဆင်လိုကြောင်းနှင့်ကုန်ကျစရိတ်(၈)သိန်းအထက်ကျသင့်နိုင်ကြောင်းမိမိကြိုတင်စုံစမ်းသိရှိထားသည့်အတိုင်းပြန်လည်ပြောကြားခဲ့ပါသည်။

ဇာတ်လမ်းက စပါပြီTaxi ကားသမားအားလျော်ကြေးငွေမိမိမှညှိနိုင်းတောင်းဆိုပေးရန်အာမခံကုပ္မဏီဝန်ထမ်းမှမိမိအားပြောဆိုလာပါသည်။

မိမိမှကိုယ်တိုင်ညှိနိုင်းပြီးလျော်ကြေးငွေတောင်းယူရမည်ဆိုလျင်အာမခံထားစရာမလိုကြောင်းနှင့် ဒီလိုစကားမျိုးတွေမပြောချင်သည့်အတွက်အာမခံဝယ်ယူထားတာဖြစ်ကြောင်းတက္ကစီယာဉ်မောင်းဖက်ကလည်းသူတတ်နိုင်သောငွေ၂သိန်းပေးလျော်ပါမည်ဟုအာမခံကုပ္မဏီ ဝန်ထမ်းအားပြောဆိုခဲ့ပြီး

မိမိမှလည်းတက္ကဆီသမားလျော်ခြင်းမလျော်ခြင်းမှာမိမိနှင့်မဆိုင်ကြောင်းနှင့်အာမခံကုမ္မဏီမှတာဝန်ယူမူကိုသာရယူလိုကြောင်းပြောဆိုခဲ့ပါသည်။

နောက်ဆုံးမိမိမှအာမခံကုပ္မဏီမှဝန်ထမ်းအားသူတို့နှင့်ချိတ်ဆက်ထားသော workshop မှ ဖြတ်ဈေး ၆သိန်းခွဲသာရယူပြီးလိုသောငွေကိုမိမိဘာသာစိုက်ပြီးပြင်ဆင်လိုကြောင်းပြောတော့တက္ကစီသမားနှင့်အာမခံကုပ္မဏီတို့ညှိနိုင်းရာ ငွေ ၂သိန်းထက်ပိုပြီးမလျော်ပေးနိုင်ကြောင်းအာမခံကုပ္မဏီဝန်ထမ်းအားပြောဆိုလာသဖြင့် အာမခံကုပ္မဏီဝန်ထမ်းမှမိမိအားအမူ့ဖွင့်ပေးမှသာမိမိကားအားပြင်ဆင်ပေးနိုင်တော့မှာဖြစ်ကြောင်းတောင်းဆိုလာခဲ့ပါတော့သည် ။

အမူ့ဖွင့်ပါကဖွင့်ပေးနိုင်သော်လည်းမိမိမှာရုံးချိန်းလာပေးနိုင်မှာမဟုတ်ကြောင်းကြိုတင်ရှင်းရှင်းလင်းလင်းပြောခဲ့တော့အာမခံကုပ္မဏီဝန်ထမ်းမှအမူဖွင့်စာရရင်ပြီးရောဟုပြောကြားလာသဖြင့်ကုက္ကိုင်းလမ်းဆုံရှိယာဉ်ထိန်းစခန်းသို့အမှူ့ဖွင့်ရန်သွားရောက်ခဲ့ကြပါသည်။တက္ကစီယာဉ်မောင်းမှလဲစခန်းတွင် အမှန်အတိုင်းထွက်ဆိုခဲ့ပါသည်။

ယာဉ်ထိန်းစခန်းတာဝန်ကျအရာရှိမှမိမိနှင့်တက္ကစီယာဉ်မောင်းအားမော်တော်ယါဉ်ဥပဒေများကိုရှင်းပြတော့မှယခုဖြစ်စဉ်တွင်တရားလိုဖက်မှအမှူ့ဖွင့်လျင် ထောင်ဒါဏ်၂ နှစ်အထိကျနိုင်ကြောင်းနှင့်အမိန့်မှာတရားသူကြီးအပေါ်တွင်မူတည်သည့်အကြောင်းနှစ်ယောက်လုံးအား နားလည်အောင်ရှင်းပြအပြီး

မိမိအားပေးလျော်ခြင်းမပြုနိုင်လျင်လူတယောက်(၂ ) နှစ်ဆိုသည့်အချိန်ကာလတခု ထောင်ထဲသွားနေရမည်ကိုဘယ်လိုမှမဖြစ်သင့်သဖြင့်အာမခံကုပ္မဏီဝန်ထမ်းအားမိမိမှ တက္ကစီသမားမလျော်လည်းညီလေးတို့ကုပ္မဏီမှအပြည့်အဝပေးလျော်ရမည်သာဖြစ်ကြောင်းနှင့်တက္ကစီသမားမှငွေ ၃သိန်းပေးနေပြီ

ကုပ္မဏီဖက်ကငွေ၃သိန်းခွဲသာ စိုက်ပေးရတော့မှာမိမိကားလဲ၂နှစ်အာမခံထားထားပြီးတခါမှ claim မလုပ်ဖူးသဖြင့်ညီလေးထက်ရာထူးကြီးတဲ့သူကိုပြောကြည့်ပါလားဆိုတော့အထက်လူကြီးကိုပြောပြီးကြောင်းကျွန်တော့ကိုအာမခံကုပ္မဏီမှပေးလျော်ရမည့် ၆သိန်းခွဲအားတက္ကစီသမားဖက်က ပြန်လည်ပေးလျော်မှသာကုမ္မဏီဖက်က အဆင်ပြေမည့်အကြောင်းသိလိုက်ရတော့အဲလိုသာဆိုရင်ကျွန်တော်တို့ဘာကြောင့်အာမခံထားကြမှာလဲ။

ညှိနိုင်းမရတော့သည့်အဆုံးမှာစခန်မှူးလဲမနေနိုင်တော့ဘဲညီလေးရေမင်းအထက်အရာရှိခေါ်ကြည့်ပါဦးဆိုတော့မှ ဖုန်းထပ်ဆက်ပြီးခေတ္တစောင့်ပေးပါသူ့အထက်အရာရှိလိုက်လာပါမယ်ဟု ပြောလာခဲ့ပါတယ်။

Incharge (ကိုဥာဏ်လင်းဟန်)ဆိုသူထပ်မံရောက်လာသောအခါတက္ကစီသမားလဲ၃သိန်းပေးနေပြီမင်းတို့ကုပ္မဏီရဲ့ Image အတွက်မင်းရဲ့အထက်အရာရှိပြောကြည့်ပါလားဆိုပြီးဝိုင်းပြောမှဖုန်းထွက်ဆက်ပြီးခဏအကြာတွင်ကိုဥာဏ်လင်းဟန်ဆိုသူမှ အန်ကယ်တက္ကစီသမားဖက်က ၃သိန်း ကုပ္မဏီဖက်က ၃သိန်းဆိုရင်အန်ကယ်အဆင်ပြေလားဟုမေးပါတယ်။

ညီလေးတို့အာမခံကုမ္မဏီကcoustomer ကို Service ပေးဖို့လာတာလား ?ဈေးစစ်ဖို့လာတာလား ?

အခုညနေ၅:၃၀ ကနေ ည၉:၄၅ အထိစောင့်ခိုင်းထားတဲ့အချိန်တွေနဲ့တက္ကစီသမားဆီကနေလျော်ကြေးညှိခိုင်းတာနဲ့တင်တော်တော်လွန်နေခဲ့ပါပြီငွေ ၆ သိန်းခွဲဆိုသည့်ပမာဏအတွက်လူတယောက် ထောင်ကြပြီးမှရတဲ့ပိုက်ဆံလဲမယူနိုင်ဘူး၊

မင်းတို့ကုပ္မဏီလျော်မလားမလျော်ဖူးလားတခွန်းပဲပြောအမှူလဲမဖွင့်ပေးနိုင်ဘူးဆိုပြီးစခန်းမှူးအရှေ့မှာဒေါသထွက်ပြီးပြောမှသူတို့တာဝန်ယူပါ့မယ်ဆိုပြီး ပြီးသွားခဲ့တယ်။

ပြောချင်တာက-အာမခံ ကုပ္မဏီရဲ့တာဝန်ခံမူဘယ်မှာလဲ-Customer Service ကဒါပဲလား-Insurance ဝယ်ထားပြီးလိုက်ညှိရမယ်ဆိုတော့ကိုယ်တွေပိုက်ဆံကအလကားရထားလို့ပေးတာမဟုတ်ပါဘူး- အမှန်တော့ကား Accident ဖြစ်ရင် ကားဝှီးတက်ကြည့်၊ ယာဉ်မောင်းလိုင်စင်စစ်ပြီး လက်မှတ်ထိုးကားပြင်ဖို့တာဝန်ယူပေးရမှာပါ။

-မိမိရဲ့ Customer ရဲ့အချိန်ကိုလဲတန်ဖိုးထားပေးရမှာပါ (ညနေ၅:၃၀ မှည ၁၀နာရီအထိ အချိန်၎:၃၀ တိတိကုန်ခဲ့ပါတယ်)

မှတ်ချက်။ ။ မိမိကြောင်သူတပါးထောင်မကြအောင် တော့ကူညီနိုင်ခဲ့ပါတယ်။တက္ကစီသမားမှပေးရော်သောငွေ၃သိန်းကိုလည်းမိမိမလက်မခံလိုသောကြောင့် အာမခံကုပ္မဏီဘက်မှယူဆောင်သွားပါသည်။

အာမခံကုမ္မဏီတွေဖက်က ကာစတန်မာအပေါ် အခုထက်ပိုပြီး အဆင်ပြေမယ့်နည်းလမ်းမျိုး ချမှတ်ကျင့်သုံးနိုင်မယ်ဆိုရင်ပြည်သူတွေအားကိုးရတဲ့ အာမခံလုပ်ငန်းတခုအဖြစ်ရပ်တည်နိုင်မှာပဲဖြစ်ပါတယ် ။

ဦးမြင့်သူ