News

ဒုတိယကမ္ဘာစစ်‌က တင့်ကားတစ်စီး ရေကန်အောက်ခြေမှာ နစ်မြှုပ်နေတာ ကိုရှာတွေ့ခဲ့တဲ့ ကောင်လေး

ဒုတိယကမ္ဘာစစ်‌က တင့်ကားတစ်စီး ရေကန်အောက်ခြေမှာ နစ်မြှုပ်နေတာ ကိုရှာတွေ့ခဲ့တဲ့ ကောင်လေး

ပရိသတ်ကြီရေ ပြီးခဲ့တဲ့နှစ်က Kurtna Matasjarv ရေကန်ဘေးမှာ ‌ ဒေသခံကောင်လေး တစ်ယောက်ဟာ လမ်းလျှောက်ရင်း ကနေ ရေကန်နားမှာဘီးရာ ကိုမထင်မှတ်ဘဲ တွေ့ခဲ့ပါတယ် ။

ဒါပေမဲ့ အဲ့ဒီဘီးရာဟာ ဘယ်နေရာ ကနေ ထွက် လာတယ်ဆိုတာ မသိခဲ့ပါဘူး ။ အခြား လှေဆိုရင်လည်း အဲ့ဒီရေကန်ဟာ လှေတွေ သွားလာဖို့အတွက် အရမ်းသေးငယ် လွန်းပါတယ် ။

ကောင်လေးက အဲ့ဒီဘီးရာဟာ တစ်ခုခုတော့ တစ်ခုခုဘဲဆိုပြီး စပ်စုချင်စိတ် ပြင်းပြခဲ့ပါတယ် ။ (၂ )လအကြာမှာ ကောင်လေးက အဲ့ဒီရေကန်က‌နေ ပူးဖောင်းအမြှုပ်တွေ ထွက်နေတာကို မြင်တွေ့ခဲ့ပါတယ် ။

စစ်‌ဆေး‌ရေး အဖွဲ့တစ်ဖွဲ့က ရေကန်ရဲ့အောက်ဘက် ဝန်းကျင်တွေ ကိုရှာလိုက်တော့ ပဟေဠိဆန်ဆန် အရာကြီးတစ်ခုကိုတွေ့ခဲ့ရပါတယ် ။ Jurtna Matasjerv ရေကန်ကနေဆွဲထုတ်ရင်း နည်းနည်းပေါ်လာတော့ အံ့သြစရာ စစ်တင့်ကားကြီး ပဲဖြစ်နေပါတယ် ။

သူတို့တွေ ဆွဲထုတ်ပြီးတဲ့နောက် အဲ့ဒီ စစ်တင့်ကားက အကောင်း ပကတိအတိုင်း ရှိနေခဲ့ပါသေးတယ် ။ အဲ့ဒီတင့်ကားရဲ့အလေးချိန်က တန်ချိန် (၂၇) ပေါင် လောက်ရှိပြီး ဆယ်စုနှစ်လောက်ထိ ရွှံ့တွေနဲ့ ရေကန် အောက်ဘက်မှာ နက်ရှိုင်းစွာ သိုဝှက်မြှုပ်နေခဲ့တာ ပဲဖြစ်ပါတယ် ။ (၁၉၄၄) ခုနှစ်က Sovite Army ဖန်တီးထားတဲ့ စစ်တင့်ကားဘဲဖြစ်ပါတယ် ။

နောက်ပြီး ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန်လူမျိုးတွေ အသုံးပြုခဲ့တဲ့ စစ်တင့်ကားလို့ လည်းသိရှိရပါတယ် ။ ဖတ်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များလဲ ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကျပါစေ လို့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ။Crd