၈၈ အရေးအခင်းကြီး မဖြစ်မီ နှစ်နှစ် အလို..နွေရာသီ တစ်ရက်ပေါ့။ ရန်ကုန်အင်းစိန်မှာရှိတဲ့ စက်မှုလက်မှုသိပ္ပံကျောင်း တစ်ဖြစ်လဲ Government Engineering School ကျောင်းကြီးရဲ့ တစ်နေရာမှာ လက်ထောက်ကထိကဆရာ တစ်ယောက် နဲ့ တပည့် တစ်စု အလုပ်ရှုပ်နေကြပါတယ်။
ဂျပန်နိုင်ငံ ဟွန်ဒါ ကုမ္ပဏီဟာ သူရဲ့ ပထမဆုံး ရိုဘော့ P1 ကို ထုတ်လုပ်နိုင်ဖို့ ၇ နှစ်အလို ကာလ မှာ မြန်မာပြည် စက်မှုလက်မှုသိပ္ပံကျောင်းက ဆရာကြီးဦးကြည် နဲ့ တပည့်တစ်စုဟာ ကားဆေးမှုတ်လုပ်ငန်းမှာ အသုံးပြုနိုင်မယ့် Robot စက်ရုပ်တစ်ခုကို အသည်းအသန် တီထွင်နေကြပါတယ်။
မော်တော်ကားဆေးမှုတ်တဲ့လုပ်ငန်းဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက်..စက်ရုပ်တွေနဲ့ အစားထိုးနိုင်ဖို့ ဆရာကြီးဦးကြည် တို့က ရည်ရွယ်ခဲ့ပါတယ်။ ဆရာတပည့်တစ်စုဟာ စက်မှု ပစ္စည်း ရှားပါးလှတဲ့ မဆလခေတ်ကြီးထဲမှာ ရရာ ပစ္စည်းတွေ လိုက်စုပြီး တီထွင်ခဲ့ကြပါတယ်။
ရည်ရွယ်သလိုလဲ..ခြောက်လအကြာမှာ အောင်မြင်ခဲ့ပါတယ်။ ၁၉၈၆ ခုနှစ် ပြည်ထောင်စုပြပွဲမှာ ဦးကြည်တို့ရဲ့ စက်ရုပ်ဟာ ကောင်းကောင်း အလုပ်လုပ်ပြနိုင်ခဲ့ပါတယ်။ ဆရာကြီးဟာ လူရဲ့ အမိန့်စကားသံအတိုင်း နာခံတဲ့စက်ရုပ် နဲ့ စကားပြန်လည်ပြောနိုင်တဲ့စက်ရုပ်တွေ တီထွင်ဖို့ ကြိုးစားခဲ့တဲ့အခါ ဦးနေဝင်းရဲ့ မဆလအစိုးရထံက အကူအညီတောင်းခံခဲ့တဲ့အခါ အစိုးရက ငြင်းခဲ့ပါတယ်။
ပထမတီထွင်နိုင်တဲ့ ဆေးမှုတ်စက်ရုပ်ကိုတောင် ပြပွဲတွေမှာပဲ ပြသခွင့်ပြုခဲ့ပြီး…နောက်ထပ်အများကြီးထုတ်လုပ်ခွင့်ကို အစိုးရက ခွင့်မပြုခဲ့ပါဘူး။
ဒီလိုနဲ့ ၈၈ အရေးအခင်းကြီးဖြစ်။ စက်မှုကျောင်းတွေလည်း ပိတ်။ ဆရာကြီးကို ဂျပန် အပါအဝင် နိုင်ငံခြားကုမ္ပဏီတွေက သူတို့ဆီ လာရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ဆရာကြီးကတော့ ကျောင်းဆရာအဖြစ်ပဲ..ပြည်တွင်းမှာ နေထိုင်ခဲ့ပါတယ်။
ဆရာကြီး ပညာဆည်းပူးခဲ့တဲ့ အင်းစိန်က စက်မှုလက်မှုသိပ္ပံကျောင်းကြီး ဟာ ဒီလို ချွန်တဲ့ ထက်တဲ့ မြန်မာကျောင်းသားတွေ၊ ပညာရှင်တွေကို မွေးထုတ်နိုင်ခဲ့ပါတယ်။
အဲ့ဒီကျောင်းကြီးမှာ စင်ကာပူ၊ လာအို နဲ့ ကမ္ဘောဒီးယားက ကျောင်းသားတွေက ပညာလာသင်ယူခဲ့ကြပါတယ်။ စက်မှုလက်မှုသိပ္ပံကျောင်းကြီးရဲ့ ပုံစံ ၊ သင်ကြားမီုနည်းစနစ်နမူနာကို ယူပြီး စင်ကာပူနိုင်ငံက ကျောင်းတစ်ကျောင်စတည်ထောင်ခဲ့ပါတယ်။
ဒါပေမယ့် နှစ်ပေါင်းနှစ်ဆယ်နီးပါးကြာလာတဲ့ အခါမှာတော့ သယံဇာတတွေပေါများပြီး ရွှေရောင်လွှမ်းတဲ့ မြန်မာပြည်ကြီးက ကျောင်းသားတွေဟာ စင်ကာပူ က ပိုလီတက္ကနစ်ဆိုတာကြီးကို ငွေကြေးကုန်ကျခံပြီး သွားတက်ရတော့သတဲ့။
အသေးစိတ်ဖတ်ချင်ရင်တော့ ဆရာတင်နိုင်တိုး ရဲ့ ပုဂ္ဂိူလ်ထူးတို့၏ ဘဝတကွေ့ စာအုပ်မှာ ရှာဖတ်နိုင်ပါတယ်ဗျာ။
Premium WordPress Themes DownloadDownload WordPress Themes FreeDownload Nulled WordPress
ThemesDownload WordPress Themesudemy paid course free downloaddownload lenevo firmwareDownload
WordPress Themesfree download udemy paid course
© Copyright 2020, All Rights Reserved
Source Google
edit-နိုင်ငံရေး တိုက်ခိုက်ရန် မရည်ရွယ်ပါ
မသိသေးသူများ ဗဟုသုတ ရရန်နှင့် ဂုဏ်ယူနိုင်ရန်သာ ရည်ရွယ်ပါသည်။