News

အီးပေါက်လိုက်တိုင်း ခြင်တွေအများကြီးသေနိုင်တဲ့ အစွမ်းရှိတာကြောင့် ဒေါ်လာသန်းချီရနေတဲ့ အမျိုးသား

င်္ဂလာပါပရိတ်သတ်ကြီးရေ ယခုအဖြစ်အပျက်လေးကတော့ ယူဂန်းဒါးနိုင်ငံ၊ ကမ်ပါလာက အသက် ၄၈နှစ်အရွယ်ရှိတဲ့ Joe Rwamirama ဆိုသူတစ်ယောက် အကြောင်းပဲဖြစ်ပါတယ်။ ထိုသူဟာ အီးပေါက်ရင် ခြင်တွေအများကြီး သေစေနိုင်တဲ့အစွမ်းကြောင့် ဒေါ်လာသန်းချီရနေတဲ့ အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ်။

ခြင်ဆိုတဲ့သတ္တဝါတွေဟာ လူတွေကို အတော်ဒုက္ခပေးတာပါ။ နားနားမှာတဝီဝီနဲ့ လာအော်ကာပျံသန်းနေရင် စိတ်အနှောင့်အယှက်ဖြစ်ရသလို ခြင်ကိုင်ခံရရင်လည်းယားပြီးကုတ်ရတဲ့ ဒုက္ခကမသေးပါဘူးနော်။ ခြင်အကိုက်ခံရပြန်ရင်လည်း သွေးလွန်တုပ်ကွေးဖြစ်ကာ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်ရပါသေးတယ်။

ဒီလိုလူတွေကို အဘက်ဘက်ကနေ ဒုက္ခပေးနေတဲ့ ခြင်တွေကို ခြင်ဆေးတွေဖြန်းခြင်း ခြင်ဆေးခွေတွေထွန်းနဲ့ ကာကွယ်ရာမှာလည်း အဲဒီဆေးတွေရဲ့အနံ့က လူတွေကို ဒုက္ခပေးတတ်ပါသေးတယ်။ အခုအခါမှာတော့ နှိမ်နင်းရခက်တဲ့ ခြင်တွေကို အီးပေါက်လိုက်ရုံနဲ့ သတ်နိုင်တယ်လို့ လူတစ်ဦးက ဆိုခဲ့ပါတယ်။

ယူဂန်းဒါးနိုင်ငံ၊ ကမ်ပါလာက အသက် ၄၈နှစ်အရွယ်ရှိတဲ့ Joe Rwamirama ဆိုသူကခြင်တွေကို ၆ မီတာအကွာကနေ အီးပေါက်လိုက်တာနဲ့ သတ်နိုင်တယ်လို့ ဆိုခဲ့တာပါတယ်။ သူဟာနေ့တိုင်းရေချိုးပြီး သူ့ရဲ့အီးနံ့က သာမန်လူတွေလိုပဲလို့ ဆိုပါတယ်။ တခုထူးခြားတာကတော့ သူ့အီးနံ့က သေးငယ်တဲ့

ပိုးမွှားတွေကို သေစေနိုင်ပြီး အထူးသဖြင့် ခြင်တွေကို နှိမ်နင်းနိုင်တယ်လို့ ဆိုခဲ့တာပါ သူ့အပေါ်ကိုလည်း ဘယ်ပိုးမွှားမှ မကပ်ဘူးလို့လည်း သိရပါတယ်။ အခုအခါမှာတော့ အဆိုပါအီးပေါက်ရုံနဲ့ ခြင်သတ်နိုင်တဲ့ လူဟာသူနေတဲ့မြို့မှာ နာမည်ကြီးနေခဲ့ပါတယ်။ မြို့ခံတွေကတော့ သူဟာခြင်တွေကို အီးပေါက်ရုံနဲ့

နှိမ်နင်းနိုင်တာကြောင့် အကူအညီတောင်းခံမှုတွေရှိပြီး တကယ့်ကိုအလုပ်ဖြစ်တယ်လို့လည်း ထောက်ခံပြောဆိုနေကြပါသေးတယ်။ဒီလို သတင်းကြီးလာတာကြောင့်Joe Rwamirama ဟာခြင်ဆေးထုတ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရသွားပြီဖြစ်ပြီး အဲဒီအတွက်လစာအဖြစ် သန်းချီဝင်ငွေရရှိနေပြီလို့ သိရပါတယ်။

တကယ့်ကိုအံ့သြစရာကြီးပဲနော်။ စာဖတ်ပရိသတ်ကြီးရေ ပရိသတ်ကြီးတို့ရော အဆိုပါလူအပေါ်ထင်မြင်ချက်လေးတွေ ရေးသွားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ရှုပေးကြတဲ့ စာဖတ်ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင်သော နေ့လေးတစ်ရက် ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit