News

ကိုဗစ်အလွန်မှာ ဆက်လက်ယူဆောင်သွားရမယ့် အကျင့်ကောင်းများ…..❗️

စနစ်တကျလက်ဆေးခြင်းသည် တစ်ဘဝလုံးလိုက်နာကျင့်သုံးသွားရမည့် အမူအကျင့်ကောင်းတစ်ခုဖြစ်သည်။ (ဓာတ်ပုံ-ကျော်ဇင်သန်း)

အခုဆိုရင် COVID-19 ကာကွယ်ဆေးသတင်းတွေက နီး စပ်လို့လာနေပါပြီ။ အလင်းရောင် လေးတွေ မြင်စပြုလာပါပြီ။ သို့ပေမဲ့ တက်ထောင်ရမယ့်အချိန် မဟုတ်သေးဘူး။ မြန်မာပြည်မှာ လည်း ပိုးတွေ့လူနာအရေအ တွက် ကျဆင်းလာတယ်ဆိုပေ မယ့် လုံးဝကင်းစင်သွားတာ မဟုတ်သေးဘူး။ ကိုဗစ်က အင်မတန် မာယာများတာကိုး။

လူနာတစ်ယောက်လောက်ရှိ လိုက်ရုံနဲ့ကို လူပေါင်းများစွာ ဆက်လက်ပြန့်ပွားစေနိုင်တဲ့အ တွက် ကျွန်တော်တို့ သတိတွေအ များကြီးထားရပါဦးမယ်။

ကိုဗစ်ကြောင့် ကျွန်တော်တို့ တစ်တွေ ချစ်ခင်ရတဲ့ မိသားစု တွေ၊ မိတ်ဆွေတွေ ဆုံးရှုံးကြရ တယ်။ ဝင်ငွေရတဲ့အလုပ်အကိုင် တွေဆုံးရှုံးကြရတယ်။ လုပ်ငန်း တွေပြိုလဲခဲ့ရတယ်။ ချစ်သော ခင်သောသူတွေနဲ့ တွေ့လို့ဆုံလို့ မရတော့ဘူး။ ဘဝတွေ၊ စိတ် ဓာတ်တွေ ယိုင်လဲခဲ့ရတယ်။ ရည် မှန်းချက်တွေ ပျက်စီးခဲ့ရတယ်။

ဒါပေမဲ့ ကိုဗစ်ကာလအ တွင်းမှာပဲ ကျွန်တော်တို့ဆီကို အမူအကျင့်ကောင်း၊ အလေ့အ ကျင့်ကောင်းလေးတွေ စတင်ခွင့် ရခဲ့တာလည်း အသေအချာပါ။ အဲဒီအလေ့အကျင့်တွေနဲ့ပဲ ကျွန် တော်တို့ ကိုဗစ်ကို ဖြတ်သန်းရင် ဆိုင်နေကြရတာပါ။

ကိုဗစ်အ လွန်ကာလမှာလည်း ဒီအလေ့အ ကျင့်တွေ ကျွန်တော်တို့ ဆက် လက်ယူဆောင်သွားဖို့ သိပ်ကိုအ ရေးကြီးလှပါတယ်။ အဲဒီအလေ့ အကျင့်တွေကတော့ …

အိမ်တွင်နေထိုင်ခြင်း (Stay at Home)

သိပ်ကိုမုန်းစရာကောင်းတဲ့ စကားလုံးကြီးပဲ။ ဒီစကားလုံးကြီး ကျွန်တော်တို့ ကြားလာရတာ ၁၀ လရှိပြီ။ မကြာခင် တစ်နှစ်ပြည့် တော့မယ်။ ကိုဗစ်ကာကွယ်ထိန်း ချုပ်ရေးကော်မတီကနေ Stay at Home အမိန့် သတ်မှတ်ခံရတဲ့ မြို့နယ်တွေဟာ ကိုဗစ်ပိုးကူးစက် မှုမြင့်မားနေတဲ့ မြို့နယ်တွေဖြစ် နေတာကိုး။

ဒီအမိန့်သတ်မှတ်ခံရတဲ့မြို့နယ်တွေဟာဆိုရင် အနေ အထိုင် ကျဉ်းကျပ်ကုန်တယ်။ သွားလို့လာလို့၊ ခရီးသွားလာခွင့် မရှိတော့ဘူး။ အတော်ဆိုးပါ တယ်။

သို့ပေသိ Stay at Home အမိန့်ကြောင့်ပဲ ကျွန်တော်တို့ တစ်တွေ ကိုယ့်အိမ်မှာ ကိုယ်မြဲခွင့် ပြန်ရတယ်။ အရင်က အကြောင်း အမျိုးမျိုးပြပြီး အပြင်မှာပဲနေ၊ ည အိပ်ရုံလောက်သာ အိမ်ပြန်ခဲ့ရာ ကနေ အခုတော့ အိမ်မှာပဲနေကြရ တယ်။

အိမ်မှာနေထိုင်ရတာ ပျင်း ရိဖို့ကောင်းပေမယ့် ကောင်းကွက် တွေလည်း အများကြီးရှိပါတယ်။ ဒီအမိန့်ကြောင့် ကျွန်တော်တို့ ကောင်းကျိုးတွေ အများကြီးရတာ တွေရှိတယ်။ ရှေ့ဆက်ရေးမယ့် အကြောင်းအရာတွေဟာ ဒီကနေ တစ်ဆင့် ဖြစ်ပေါ်လာခဲ့တာပါ။

မိသားစုနှင့် နွေးထွေးစွာ နေထိုင်ခြင်း

ကိုဗစ်ဖြစ်မှပဲ အိမ်မှာ မိသားစုနဲ့ အချိန်ကြာကြာအတူ နေခွင့်ရတယ်။ မဟုတ်ရင် ည အိပ်ချိန်ကလွဲလို့ အပြင်မှာပဲ အချိန်တွေ ကုန်ဆုံးခဲ့တာကိုး။ မိသားစုဆိုတာ ကိုယ့်အပေါ်မှာ ထာဝရ အကျိုးလိုလားသူတွေပါ။

ကိုယ့်အကျိုးလိုလားသူတွေနဲ့ ဘဝကိုဖြတ်သန်းရတာ ပျော်စ ရာကြီးပါ။ လူကြီးမိဘတွေ၊ ကလေးသူငယ်တွေနဲ့ Stay at Home နေထိုင်ရင်း ဖြတ်သန်းရ တာ အလဟဿမဖြစ်ပါဘူး။ သူတို့ဆီကနေ အများကြီး သင် ယူခွင့်ရပါတယ်။

လူကြီးတွေကို ဂရုစိုက်ပေး ခြင်းအားဖြင့် ကုသိုလ်စိတ်လည်း ဖြစ်ပေါ်ပါတယ်။ ပြီးတော့ နောင် တစ်ချိန်ကျရင် ကိုယ်လည်း ဒီ အရွယ်ရောက်လာမှာမို့ ကိုယ် ဒီအရွယ်ရောက်ရင် ဘယ်လိုဖြတ် သန်းရမလဲ တွေးတောဆင်ခြင် မိနိုင်ပါတယ်။

ကလေးတွေဆီက နေလည်း သူတို့တွေ ဘဝကို ပေါ့ ပါးစွာ ဖြတ်သန်းနေတာတွေ သင် ယူလို့ရပါတယ်။ တစ်ခါတလေ ကလေးဆန်ဆန် တွေးလိုက်ခြင်း ဟာလည်း သောကတွေ မေ့စေပါ တယ်။

အိမ်ထဲကနေ စိတ်ဝင်စားသော ဝါသနာပါရာအလုပ်များ သင်ယူ လုပ်ကိုင်ခွင့်ရခြင်း

အိမ်မှာနေရပြီဆိုတော့ အ ချိန်တွေပိုလာခဲ့ပြီ။ ဘာလုပ်ကြ မလဲ။ ကျွန်တော်တို့ရှေ့မှာ ကမ္ဘာ ကြီးနဲ့ဆက်သွယ်လို့ရတဲ့ လက် တစ်ဖဝါးစာ မိုဘိုင်းဖုန်းလေးတွေ ရှိပါတယ်။

ဒီဖုန်းတွေနဲ့ ကျွန်တော် တို့တစ်တွေ သင်ယူကြ၊ လေ့လာ ကြတယ်။ ကျွန်တော့်မိတ်ဆွေ တွေဆို အွန်လိုင်းကနေ သင်တန်း တွေတက်ကြတယ်။ Youtube ကနေ ဂစ်တာတီးသင်တယ်။ ချက် နည်းပြုတ်နည်း သင်ယူတယ်။

တချို့က အိမ်သန့်ရှင်းရေး လုပ်ကြတယ်။ မကြည့်ဖြစ်ခဲ့တဲ့ ရုပ်ရှင်တွေ ကြည့်ကြတယ်။ မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေ ဖတ်ကြတယ်။ ဘယ်လောက် ကောင်းတဲ့ အခွင့်အရေးလဲ။

ကျန်းမာရေး ဂရုစိုက်ခြင်း

ကိုဗစ်မတိုင်မီကာလက နေ ချင်သလိုနေ၊ ပေချင်ပေသလို ပေခဲ့တဲ့ ကျွန်တော်ဟာ ကိုဗစ် ကာလမှာတော့ ကျန်းမာရေးအ တော်လေး ဂရုစိုက်လာခဲ့ပါတယ်။ ကျွန်တော်ပေါ့ဆလို့ ကိုဗစ်ပိုး ကူးစက်ခံရရင် ကျွန်တော်တင် မက မိသားစုဝင်တွေရော တခြား ကိုယ်နဲ့သိသူ၊ မသိသူတွေပါ ဒုက္ခ ရောက်ကြရမှာကိုး။ ကိုယ်ဖြစ် ကိုယ်ခံဆို ဘာအရေးကြီးမလဲ။

ကိုဗစ်ကြောင့်ပဲ ကျန်းမာ ရေးကိုအထူးဂရုစိုက်လာခဲ့တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ညွှန်ကြားတဲ့အချက်တွေ ကြိုးစားပြီး လိုက်နာတယ်။

အရင် က အမှုမဲ့အမှတ်မဲ့နေခဲ့တဲ့ လက် ဆေးတာ၊ Mask တပ်တာမျိုးတွေ ဟာ တစ်ဘဝလုံး လိုက်နာကျင့် သုံးသွားရတော့မယ့် အမူအကျင့် ကောင်းတွေပါ။ ညစောစောအိပ် ရာဝင်ဖို့၊ တစ်ကိုယ်ရေ ကျန်းမာ ရေးလေ့ကျင့်ခန်းတွေလုပ်ဖို့စတာ တွေလည်း သေသည်အထိ လုပ် သွားရမယ့် အလုပ်တွေပါ။

ချွေတာခြင်း

အရင်က မြန်မာလူနေမှုမှာ အသုံးများခဲ့တဲ့ ဝေါဟာရတစ်ခု ဖြစ်ပေမယ့် အခုနောက်ပိုင်း အ တွေ့ရနည်းလာခဲ့တဲ့ စကားလုံး လေးပါ။ ချွေတာခြင်းတဲ့။ တစ်နေ့ တစ်မျိုး မရိုးရအောင်ထွက်နေတဲ့ ခေတ်ပေါ် ပစ္စည်းတွေကြားမှာ ချွေတာခြင်းဆိုတဲ့ စကားလုံးလေး ဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ရရှာတယ်။ အေတူဇက် စီးရီးလိုက်ပေါ်နေတဲ့ မကုန်ဆုံး နိုင်တဲ့ ဖုန်းတွေဝယ်ကြတယ်။

အသစ်အဆန်းမှန်သမျှ ဝယ်ကြ၊ သုံးကြတယ်၊ စွဲကြတယ်။ ဟော ကိုဗစ်ဖြစ်လာမှ ကိုယ်မချွေမတာ သုံးခဲ့တဲ့ငွေတွေ၊ စားခဲ့သောက်ခဲ့ တာတွေ ပြန်သတိရကြတယ်။

ကိုဗစ်ကာလမှာ ငွေကို စိစစ်ပြီး ချွေတာသုံးလာကြတယ်။ သုံးစရာနေရာလည်းမရှိတာပါ မှာပေါ့။ နောင်ကျရင်လည်း ဒီလို ပဲနေထိုင်သွားရင် ဘဝက သက် သောင့်သက်သာ ရှိလာမှာပါ။ ငွေတင်လား၊ မဟုတ်သေးပါဘူး။ မလိုဘဲ ကိုယ့်ခန္ဓာ၊ ကိုယ့်စွမ်းအား တွေ မဖြုန်းတီးအောင် ကျွန်တော် တို့ ချွေတာကြရမယ်။

ညဘက် စောစောအိပ်တာကလည်း ဒါ ခန္ဓာကိုယ်စွမ်းအားကို ချွေတာ လိုက်တာပါပဲ။ မလိုအပ်ဘဲ စကားမပြောဘူး။ လေကိုချွေ တာမယ်။ စကားများများပြောရင် ကိုဗစ်လည်းကူးနိုင်သလို စကား အပိုတွေ ပြောတာဟာလည်း ပြဿနာတွေကို ဖိတ်ခေါ်တတ်ပါ တယ်။

ပတ်ဝန်းကျင်ကို လိုတာ ထက်ပိုဂရုမစိုက်နဲ့။ စိတ်ပင်ပန်း မယ်။ စိတ်ဆိုးစိတ်ကောက်တာ တွေ၊ အလိုမကျတာတွေလျှော့၊ စိတ်စွမ်းအင်ချွေတာ၊ စိတ်အင် အားတွေ ချွေတာကြရမယ်။

ဘာသာရေးဘက်ပြန်လှည့်ခြင်း

ကပ်ဘေးကြီးနဲ့ တည့်တည့် တိုးတော့မှပဲ ဘာသာရေးဘက် အာရုံစိုက်ဖြစ်ပါတယ်။ ဗုဒ္ဓဘာ သာဝင်တစ်ယောက် ဖြစ်ပေမယ့် သာမန်ဘုရားရှိခိုးရုံလောက်လုပ် ခဲ့တာ ကိုဗစ်ကြီး ကိုယ့်ရှေ့ရောက် လာမှပဲ ဘုရားစင်ရှေ့ပြေးရတော့ တာပဲ။

အရင်က ပြတ်တောင်း ပြတ်တောင်းလုပ်ခဲ့တဲ့ မနက်တိုင်း ဘုရားကို မျက်နှာသစ်တော်ရေ ကပ်တာ၊ ဆွမ်းကပ်တာ၊ ပန်းအိုး ရေလဲတာတွေ မပျက်မကွက်ပြန် လုပ်ဖြစ်တယ်။ မနက်နဲ့ညတွေမှာ အန္တရာယ်ကင်း ပရိတ်၊ ပဋ္ဌာန်း တွေ ရွတ်တယ်။ ရေချိုးရင်း၊ အဝတ်လျှော်ရင်း၊ အိမ်အလုပ် တွေလုပ်ရင်း တရားတွေဖွင့်ထား ပြီး ဝင်သလောက်လေးနာတယ်။

အဲဒါတွေလုပ်ရင် လက်ငင်းစိတ် ချမ်းသာရတာ သဘောကျမိ တယ်။ ရေစက်လေးတွေတင်နေ တဲ့၊ ဝေဆာနေတဲ့ ဘုရားပန်းတွေ ကြည့်ရင် စိတ်ချမ်းသာတယ်။ တရားတွေနာရင်း တစ်ချိန်ကျ ကိုဗစ်ပြီးဆုံးမှာပါလေလို့တွေး ကာ ကျနေတဲ့စိတ်ဓာတ်ကို ပြန် ဆွဲတင်ရတယ်။

တစ်ယောက်တည်းနေထိုင်ခြင်း

ကိုဗစ်ဖြစ်တော့ ကျွန်တော် တို့တစ်တွေ တစ်ယောက်တည်း နေထိုင်ရတဲ့အချိန်တွေ ရှိလာ တယ်။ တစ်ယောက်တည်းနေရ တိုင်း မကောင်းဘူးလား။ ကောင်း တာတွေ အများကြီးပါ။ ဘုန်း ဘုန်း အရှင်ဆန္ဒာဓိကကတောင် ဟောဖူးသေးတယ်။ ‘တစ် ယောက်တည်းနေ တစ်စိတ်တည်း ထား’ တဲ့။

ကိုဗစ်မတိုင်မီကတော့ မိတ်ဆွေတွေနဲ့ တပျော်တပါး တွေ့ကြဆုံကြ၊ ပျော်ရွှင်ကြပေါ့။ ကိုဗစ်ဖြစ်တော့ မိတ်ဆွေတွေနဲ့ လည်း မတွေ့ကြရတော့ဘူး။ အပေါင်းအသင်းတွေနဲ့ ခင်ခင်မင် မင်နေရတာ ပျော်စရာကောင်းပေ မယ့် တချို့တွေ့ဆုံမှုတိုင်းက အရေးကောကြီးသလားဆိုတာ ပြန်စဉ်းစားရမှာပါ။

တစ်ယောက်တည်းနေဖြစ် တော့ ကိုယ်ဝါသနာပါတာလေး တွေလည်းလုပ်ဖြစ်တယ်။ နောင် တစ်ချိန်ကျရင်လည်း အသက်ကြီး လာရင် တစ်ယောက်တည်းနေရ တဲ့အချိန်တွေ ကြုံလာရတော့မှာ ပါ။ အဲဒီအချိန်အတွက် ကြိုတင် ပြီး အလေ့အကျင့်ယူတဲ့သဘော ပါပဲ။ တစ်ယောက်တည်းနေလည်း ပျော်ပါတယ်ဆိုတာမျိုး ကျွန် တော်တို့လေ့ကျင့်ထားရမှာပါ။

ဒီအချက်တွေအပြင် တခြား လိုက်နာသင့်တဲ့ အချက်တွေ လည်း ရှိဦးမှာသေချာပါတယ်။ တချို့က ဒီအချက်တွေကို ကိုဗစ် မဖြစ်ခင်ကတည်းက လိုက်နာ ကျင့်သုံးခဲ့ကြသူတွေလည်း ရှိပါ တယ်။

ကိုဗစ်ကာကွယ်ဆေးတွေ လည်းထိုး၊ တဖြည်းဖြည်း ကိုဗစ် ကြီး ကမ္ဘာ့အပြင်ထွက်သွားပြီးသ ကာလ လူတွေလည်း ပုံမှန်လူနေ မှုဘဝထဲ ပြန်ရောက်သွားတဲ့အခါ ဒီအချက်တွေမေ့မသွားဖို့ ကျွန် တော်တို့ ဂရုစိုက်ကြရမှာပါ။ သို့ပေမဲ့ မေ့ဖို့တော့ မလွယ်တော့ ပါဘူး။ ဘာလို့ဆို ကျွန်တော်တို့ တစ်တွေ ကိုဗစ်ကို ဘဝနဲ့ရင်းပြီး တိုက်နေကြရတာကိုး။ ။