ဗေဒင်

2021 ခုနှစ် ကြာသပတေးသားသမီးများ တစ်နှစ်စာဟောစာတမ်း

ဤ2021ခုတွင် ကြာသပတေးသားသမီးတွေအနေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သင့်တဲ့နှစ်တစ်ခုဖြစ်ပါ တယ်။ စီးပွားရေး အခွင့်အလမ်းသစ်များ ရရှိနိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်နိုင်လျှင် အထူးအောင်မြင် မည်။ မည်သည့်ကိစ္စမဆို လျှို့ဝှက်စွာလုပ်သင့်တဲ့ နှစ်တစ်ခုပါပဲ။

ဟောင်ဖွာ ဟောင်ဖွာနဲ့ မိမိလုပ်မယ့်ဟာ လျှောက်ပြော နေရင် သူများက ကိုယ့်ထက်ဦးအောင်လုပ်သွားတတ်ပါတယ်။ မိတ်ဆွေ ရင်းချာများနှင့် ပတ်သက်၍ ဝင်ငွေ ရပေါက် ရ လမ်းများ အဆင်ပြေအောင်မြင်မည်။

ဆရာကောင်း၊ သမားကောင်းများနှင့် ကြုံတွေ့ရခက်ခဲနေမည်။ နည်းပေး လမ်းပြမယ့် ဆရာသမားကောင်းလဲ အနားမှာမရှိတဲ့ နှစ်ဆိုတာမမေ့ပါနဲ့။ဝန်ထမ်း လခစားလုပ်ကိုင်ကြတဲ့ ကြာသပတေးသားသမီးတွေကတော့လိုက်လျောညီထွေစွာ လုပ်ဖေါ်ကိုင်ဖက်များနှင့် ပေါင်းသင်းနိုင်၍ ပိုမိုအောင် မြင်မည်။

ဒီနှစ်မှာ မှန်သည်ထင်ရာကို တစ်ဇွတ်ထိုးလုပ်ကိုင်တတ်သည့် အကျင့်ကို ပြုပြင်သင့်သည်။ ခရီးတိုလေးများ ပို့ဆောင်ပေးရတဲ့ ပို့ဆောင်ရေးလုပ်ငန်းများ၊Deliveryလုပ်ငန်း များလည်း လုပ်ကိုင်၍ အကျိုးရှိအဆင်ပြေမည်။ မိတ်ဆွေအကြီးအကဲတို့၏ အကြံဉာဏ်များ ရယူ၍ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်မှသာလျှင် အကျိုးထူးများ ခံစားရမည့်အချိန်ကာလဖြစ်သည်။

တစ်ခုသတိထားရမှာက ကြာသပတေးသားသမီးတွေက ဒီနှစ်အပျော်အပါးမက်​နေတတ်ပါတယ်။ အရင်ကတည်းကအပျော်မက်သူတွေပိုဆိုးသွားတတ်သည်။ ငွေမသုံးဘဲ ကပ်စေးနဲသူတောင်မှ ဒီလိုနှစ်မျိုးမှာ သုံးချင်၊ဖြုန်းချင်လာတတ်သလို ဟိုဟာလေး ဝယ်ချင်၊ဒီဟာလေးဝယ်ချင်ဆိုတာမျိုးတွေ စိတ်ကဖြစ် နေတတ်ပါတယ်။တစ်ခုသတိပေးလိုတာက စေတနာမထားသင့်သူကိုထားမိခြင်းကြောင့် မိမိစေတနာက ဝေဒနာများ ဖြစ်သွားတတ်သည်။

စက်သုံးဆီ ရောင်းဝယ်ခြင်း၊ အစုရှယ်ယာလုပ်ငန်း၊ စတီးလုပ်ငန်း၊ အလျူမီနီယံလုပ်ငန်းများ ၊ သံထည် ပစ္စည်းနှင့် ဘိလပ်မြေ၊ အဆောက်အအုံလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျှင် အထူးအကျိုးပေးမည်။ အုတ်၊ ထုံး၊ သဲ လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စာပေလုပ်ငန်းတို့ အထူးအကျိုးပေးမည်။

အရာရာရှေ့ထွက်လုပ်ဆောင်ရင် မိမိ ရည်မှန်းထားသော ကိစ္စရပ်များ ကစဉ့် ကလျား ဖြစ်သွားတတ်သည်။ မိမိကတတ်နိုင်သလောက် နောက်ကနေ အမိန့် ပေးတာမျိုးကအသင့်တော်ဆုံးနှစ်ဖြစ်ပါတယ်။မိမိပိုင်ပစ္စည်းများတစ်ပါးသူကို ငှားရမ်းခြင်းများ တတ်နိုင် သလောက် ရှောင်ကြဉ်ရမည်။

ရင်းနှီးသောသူများနှင့် မိမိအကြား အယူအဆသဘောထား မကိုက်ညီမှုများ ကြုံမည်။ အလုပ် တစ်ခု ကိုလုပ်တော့မယ်ဆိုရင် ငါပြီးဆုံးအောင်လုပ်နိုင်မလား…စပြီးရင်…အဆုံးသတ်အောင်လုပ်နိုင်မလား ချိန်ဆစေ ချင်ပါတယ်။ အဲလိုမှမဟုတ်ရင် အလုပ်တွေပြန့်ကျဲပြီး ဟိုဟာမပြီး ဒီဟာမပြီးဖြစ်တတ်ပါတယ်။

ဒီလိုနှစ်မှာ အချိန်တွေဖြုန်းနေမိတတ်တယ်။ ဂိမ်းဆော့ ၊ဗီဒီယိုကြည့်စတာတွေနဲ့ အချိန်အလွန်ကုန်နေတတ် ပါတယ်။ မိမိကိုယ်တိုင်က သက်သာသလိုနေချင်မိနေတတ်ပါတယ်။ ဒါကြောင့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲ ဖို့အထူး မှာကြားလိုပါတယ်။မိသားစု ဘုရားဖူးခရီးများ ထွက်ရခြင်း၊ အလှူဒါန ကုသိုလ်ကောင်းမှုများလည်း အောင်မြင်ပါလိမ့် မည်။

တစ်ပါးသူ၏ အနှောက်အယှက်ကြောင့် ဥပဒေနှင့်လည်း ရင်ဆိုင်ရတတ်သည်။ လုပ်ငန်းကိစ္စများအတွက် အင်္ဂါ၊ စနေသားသမီး များနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပါ။ သောကြာ၊ တနဂ်နွေသားသမီးများနှင့် အထူး အကျိုးပေးမည်။ ဆွေမျိုးများအိမ်သို့ အလည်အပတ်သွားလာခြင်း၊ ခရီးတို၊ ခရီးရှည်များ သွားလာရတတ်သည်။

ကျန်းမာရေးနှင့် ပတ်သက်၍ အဆစ်၊ အမြစ်ကိုက်ခဲခြင်း၊ ကျီးပေါင်းရောဂါ ဝေဒနာများ ခံစားရတတ်သည်။ တစ်ခု သတိထားရမှာက Accident အသေးစားကနေ၊အကြီးစားအထိ မိမိကံအလျောက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေ လုပ်နေရသူတွေအတွက်တော့ သတိထားလိုက်ပါ။စက်ပစ္စည်းတွေ ကိုင်တွယ်ရ သူ များ၊ ယာဉ်ကားယန္တရားမောင်းနှင်သူများ စက်ကားကြံ့ခိုင်ရေးကိုစစ်ဆေးပြီးမှ လုပ်ငန်းခွင်ဝင်ပါ။

ပျိုရွယ်သူများ မနာ လိုသူများ၏ ကုန်းချောစကားများကြောင့် အချစ်ရေး အထင်လွဲ ရတတ်သည်။ တစ်ခုသတိပေး လို တာက ဒီနှစ်က အရှက်တကွဲဖြစ်လွယ်တဲ့နှစ်ပါ။ ဒါကြောင့် ချစ်သူနဲ့ အတူနေတာတွေ ၊Video ရိုက်ထားတာတွေ လုံး၀မလုပ်မိပါ စေနဲ့။ ချစ်သူမရှိသေးသူများကတော့အချစ်ရေးတွင် စန်းပွင့်ပြီး နောက်ပိုင်းတွင် မင်္ဂလာသတင်း များ ကြားရ တတ်သည်။

အိမ်ထောင်ရှင်များ အိမ်တွင်းရေး ညံ့တတ်သည်။ အိမ်ထောင်ရေး မပြေလည် မှုတွေများပြားနေတတ်ပါတယ်။ ကိုယ်တိုင်ကအိမ်ထောင်ဘက်အပေါ်အရာရာဖုံးကွယ် ထားမိတတ်ပါ တယ်။ အိမ်ထောင်ဘက်ကိုတိုင်ပင်လဲ အလကားပဲလို့မိမိက ထင်နေတတ်ပါတယ်။ အိမ်ထောင်ဘက်ကတော့ သူ့ကို ဂရုမစိုက်ဘူး၊စိတ်ထင်ရာလျှောက်လုပ်နေတယ်လို့ ကိုယ့်ကိုစွပ်စွဲတတ်ပါတယ်။

ပညာရေးတွင် ဝီရိယစိုက်ထုတ် မှသာ အကျိုးထူးများ ခံစားရမည်။ ပညာရေးတွင် အခြားလူမှုရေးကိစ္စများ ဝင်လာပြီး နှောင့်နှေးမှုများ ဖြစ်တတ် သည်။ ပညာရေးတွင် အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံရပြီး အောင်မြင်တတ်သည်။

အကျိုးပေးဂဏန်း….၃/၆/၀/၈

အကျိုးပေးအက္ခရာ..က/ပ/ခ/စ

အကျိုးပေးအရောင်….ဆင်စွယ်ရောင်၊ အဖြူရောင်၊ဗေဒါရောင်

တစ်နှစ်စာယတြာ….ဒီနှစ်မှာတော့ ခရီးသွားမယ့် သူတွေကို နိုင်သလောက် ခရီးစရိတ်ထောက်ပံ့ပါ။ ပန်ကာ၊ယပ်တောင်၊အဲယားကွန်းစတာတွေ လူကြီးမိဘနှင့်ဘုန်းကြီးကျောင်းတွေမှာလှူပါ။

ကြာသပတေး သားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

09775555695

09445555695

#Zawgyi font

2021 ခုႏွစ္ ၾကာသပေတးသားသမီးမ်ား တစ္ႏွစ္စာေဟာစာတမ္း

ဤ2021ခုတြင္ ၾကာသပေတးသားသမီးေတြအေနနဲ႕ ေနာက္ကြယ္ကေန ႀကိဳးကိုင္သင့္တဲ့ႏွစ္တစ္ခုျဖစ္ပါ တယ္။ စီးပြားေရး အခြင့္အလမ္းသစ္မ်ား ရရွိနိုင္ၿပီး ေကာင္းမြန္စြာ လုပ္ကိုင္နိုင္လွ်င္ အထူးေအာင္ျမင္ မည္။ မည္သည့္ကိစၥမဆို လွ်ို႔ဝွက္စြာလုပ္သင့္တဲ့ ႏွစ္တစ္ခုပါပဲ။ ေဟာင္ဖြာ ေဟာင္ဖြာနဲ႕ မိမိလုပ္မယ့္ဟာ ေလွ်ာက္ေျပာ ေနရင္ သူမ်ားက ကိုယ့္ထက္ဦးေအာင္လုပ္သြားတတ္ပါတယ္။

မိတ္ေဆြ ရင္းခ်ာမ်ားႏွင့္ ပတ္သက္၍ ဝင္ေငြ ရေပါက္ ရ လမ္းမ်ား အဆင္ေျပေအာင္ျမင္မည္။ ဆရာေကာင္း၊ သမားေကာင္းမ်ားႏွင့္ ႀကဳံေတြ႕ရခက္ခဲေနမည္။ နည္းေပး လမ္းျပမယ့္ ဆရာသမားေကာင္းလဲ အနားမွာမရွိတဲ့ ႏွစ္ဆိုတာမေမ့ပါနဲ႕။ဝန္ထမ္း လခစားလုပ္ကိုင္ၾကတဲ့ ၾကာသပေတးသားသမီးေတြကေတာ့လိုက္ေလ်ာညီေထြစြာ လုပ္ေဖၚကိုင္ဖက္မ်ားႏွင့္ ေပါင္းသင္းနိုင္၍ ပိုမိုေအာင္ ျမင္မည္။

ဒီႏွစ္မွာ မွန္သည္ထင္ရာကို တစ္ဇြတ္ထိုးလုပ္ကိုင္တတ္သည့္ အက်င့္ကို ျပဳျပင္သင့္သည္။ ခရီးတိုေလးမ်ား ပို႔ေဆာင္ေပးရတဲ့ ပို႔ေဆာင္ေရးလုပ္ငန္းမ်ား၊Deliveryလုပ္ငန္း မ်ားလည္း လုပ္ကိုင္၍ အက်ိဳးရွိအဆင္ေျပမည္။ မိတ္ေဆြအႀကီးအကဲတို႔၏ အႀကံဉာဏ္မ်ား ရယူ၍ လုပ္ငန္းကိစၥရပ္မ်ား ေဆာင္႐ြက္မွသာလွ်င္ အက်ိဳးထူးမ်ား ခံစားရမည့္အခ်ိန္ကာလျဖစ္သည္။

တစ္ခုသတိထားရမွာက ၾကာသပေတးသားသမီးေတြက ဒီႏွစ္အေပ်ာ္အပါးမက္​ေနတတ္ပါတယ္။ အရင္ကတည္းကအေပ်ာ္မက္သူေတြပိုဆိုးသြားတတ္သည္။ ေငြမသုံးဘဲ ကပ္ေစးနဲသူေတာင္မွ ဒီလိုႏွစ္မ်ိဳးမွာ သုံးခ်င္၊ျဖဳန္းခ်င္လာတတ္သလို ဟိုဟာေလး ဝယ္ခ်င္၊ဒီဟာေလးဝယ္ခ်င္ဆိုတာမ်ိဳးေတြ စိတ္ကျဖစ္ ေနတတ္ပါတယ္။တစ္ခုသတိေပးလိုတာက ေစတနာမထားသင့္သူကိုထားမိျခင္းေၾကာင့္ မိမိေစတနာက ေဝဒနာမ်ား ျဖစ္သြားတတ္သည္။

စက္သုံးဆီ ေရာင္းဝယ္ျခင္း၊ အစုရွယ္ယာလုပ္ငန္း၊ စတီးလုပ္ငန္း၊ အလ်ဴမီနီယံလုပ္ငန္းမ်ား ၊ သံထည္ ပစၥည္းႏွင့္ ဘိလပ္ေျမ၊ အေဆာက္အအုံလုပ္ငန္းမ်ား ျပဳလုပ္ေဆာင္႐ြက္လွ်င္ အထူးအက်ိဳးေပးမည္။ အုတ္၊ ထုံး၊ သဲ လုပ္ငန္း၊ ေဆာက္လုပ္ေရးႏွင့္ စာေပလုပ္ငန္းတို႔ အထူးအက်ိဳးေပးမည္။ အရာရာေရွ႕ထြက္လုပ္ေဆာင္ရင္ မိမိ ရည္မွန္းထားေသာ ကိစၥရပ္မ်ား ကစဉ့္ ကလ်ား ျဖစ္သြားတတ္သည္။

မိမိကတတ္နိုင္သေလာက္ ေနာက္ကေန အမိန႔္ ေပးတာမ်ိဳးကအသင့္ေတာ္ဆုံးႏွစ္ျဖစ္ပါတယ္။မိမိပိုင္ပစၥည္းမ်ားတစ္ပါးသူကို ငွားရမ္းျခင္းမ်ား တတ္နိုင္ သေလာက္ ေရွာင္ၾကဥ္ရမည္။

ရင္းႏွီးေသာသူမ်ားႏွင့္ မိမိအၾကား အယူအဆသေဘာထား မကိုက္ညီမႈမ်ား ႀကဳံမည္။ အလုပ္ တစ္ခု ကိုလုပ္ေတာ့မယ္ဆိုရင္ ငါၿပီးဆုံးေအာင္လုပ္နိုင္မလား…စၿပီးရင္…အဆုံးသတ္ေအာင္လုပ္နိုင္မလား ခ်ိန္ဆေစ ခ်င္ပါတယ္။ အဲလိုမွမဟုတ္ရင္ အလုပ္ေတြျပန႔္က်ဲၿပီး ဟိုဟာမၿပီး ဒီဟာမၿပီးျဖစ္တတ္ပါတယ္။

ဒီလိုႏွစ္မွာ အခ်ိန္ေတြျဖဳန္းေနမိတတ္တယ္။ ဂိမ္းေဆာ့ ၊ဗီဒီယိုၾကည့္စတာေတြနဲ႕ အခ်ိန္အလြန္ကုန္ေနတတ္ ပါတယ္။ မိမိကိုယ္တိုင္က သက္သာသလိုေနခ်င္မိေနတတ္ပါတယ္။ ဒါေၾကာင့္ အခ်ိန္ကိုစနစ္တက်စီမံခန႔္ခြဲ ဖို႔အထူး မွာၾကားလိုပါတယ္။မိသားစု ဘုရားဖူးခရီးမ်ား ထြက္ရျခင္း၊ အလႉဒါန ကုသိုလ္ေကာင္းမႈမ်ားလည္း ေအာင္ျမင္ပါလိမ့္ မည္။

တစ္ပါးသူ၏ အေႏွာက္အယွက္ေၾကာင့္ ဥပေဒႏွင့္လည္း ရင္ဆိုင္ရတတ္သည္။ လုပ္ငန္းကိစၥမ်ားအတြက္ အဂၤါ၊ စေနသားသမီး မ်ားႏွင့္ ေဆာင္႐ြက္ျခင္းမ်ား အထူးဂ႐ုစိုက္ပါ။ ေသာၾကာ၊ တနဂ္ေႏြသားသမီးမ်ားႏွင့္ အထူး အက်ိဳးေပးမည္။ ေဆြမ်ိဳးမ်ားအိမ္သို႔ အလည္အပတ္သြားလာျခင္း၊ ခရီးတို၊ ခရီးရွည္မ်ား သြားလာရတတ္သည္။

က်န္းမာေရးႏွင့္ ပတ္သက္၍ အဆစ္၊ အျမစ္ကိုက္ခဲျခင္း၊ က်ီးေပါင္းေရာဂါ ေဝဒနာမ်ား ခံစားရတတ္သည္။ တစ္ခု သတိထားရမွာက Accident အေသးစားကေန၊အႀကီးစားအထိ မိမိကံအေလ်ာက္ျဖစ္ရတတ္ပါတယ္။ ဒါေၾကာင့္ အႏၲရာယ္ရွိတဲ့လုပ္ငန္းခြင္ေတြ လုပ္ေနရသူေတြအတြက္ေတာ့ သတိထားလိုက္ပါ။စက္ပစၥည္းေတြ ကိုင္တြယ္ရ သူ မ်ား၊ ယာဥ္ကားယႏၲရားေမာင္းႏွင္သူမ်ား စက္ကားႀကံ့ခိုင္ေရးကိုစစ္ေဆးၿပီးမွ လုပ္ငန္းခြင္ဝင္ပါ။

ပ်ိဳ႐ြယ္သူမ်ား မနာ လိုသူမ်ား၏ ကုန္းေခ်ာစကားမ်ားေၾကာင့္ အခ်စ္ေရး အထင္လြဲ ရတတ္သည္။ တစ္ခုသတိေပး လို တာက ဒီႏွစ္က အရွက္တကြဲျဖစ္လြယ္တဲ့ႏွစ္ပါ။ ဒါေၾကာင့္ ခ်စ္သူနဲ႕ အတူေနတာေတြ ၊Video ရိုက္ထားတာေတြ လုံး၀မလုပ္မိပါ ေစနဲ႕။ ခ်စ္သူမရွိေသးသူမ်ားကေတာ့အခ်စ္ေရးတြင္ စန္းပြင့္ၿပီး ေနာက္ပိုင္းတြင္ မဂၤလာသတင္း မ်ား ၾကားရ တတ္သည္။

အိမ္ေထာင္ရွင္မ်ား အိမ္တြင္းေရး ညံ့တတ္သည္။ အိမ္ေထာင္ေရး မေျပလည္ မႈေတြမ်ားျပားေနတတ္ပါတယ္။ ကိုယ္တိုင္ကအိမ္ေထာင္ဘက္အေပၚအရာရာဖုံးကြယ္ ထားမိတတ္ပါ တယ္။ အိမ္ေထာင္ဘက္ကိုတိုင္ပင္လဲ အလကားပဲလို႔မိမိက ထင္ေနတတ္ပါတယ္။ အိမ္ေထာင္ဘက္ကေတာ့ သူ႕ကို ဂ႐ုမစိုက္ဘူး၊စိတ္ထင္ရာေလွ်ာက္လုပ္ေနတယ္လို႔ ကိုယ့္ကိုစြပ္စြဲတတ္ပါတယ္။

ပညာေရးတြင္ ဝီရိယစိုက္ထုတ္ မွသာ အက်ိဳးထူးမ်ား ခံစားရမည္။ ပညာေရးတြင္ အျခားလူမႈေရးကိစၥမ်ား ဝင္လာၿပီး ေႏွာင့္ေႏွးမႈမ်ား ျဖစ္တတ္ သည္။ ပညာေရးတြင္ အခက္အခဲအမ်ိဳးမ်ိဳးႏွင့္ ေတြ႕ႀကဳံရၿပီး ေအာင္ျမင္တတ္သည္။

အက်ိဳးေပးဂဏန္း….၃/၆/၀/၈

အက်ိဳးေပးအကၡရာ..က/ပ/ခ/စ

အက်ိဳးေပးအေရာင္….ဆင္စြယ္ေရာင္၊ အျဖဴေရာင္၊ေဗဒါေရာင္

တစ္ႏွစ္စာယၾတာ….ဒီႏွစ္မွာေတာ့ ခရီးသြားမယ့္ သူေတြကို နိုင္သေလာက္ ခရီးစရိတ္ေထာက္ပံ့ပါ။ ပန္ကာ၊ယပ္ေတာင္၊အဲယားကြန္းစတာေတြ လူႀကီးမိဘႏွင့္ဘုန္းႀကီးေက်ာင္းေတြမွာလႉပါ။

ၾကာသပေတး သားသမီးမ်ားအားလုံး တစ္ႏွစ္တာအတြင္း ကံေကာင္းျခင္းေတြကို ရယူပိုင္ဆိုင္နိုင္ၾကပါေစ။

ဆရာၿငိမ္းေအးလူ

လက္ဆန္းေဗဒင္သုေတသီ

09775555695

09445555695