ဗေဒင်

2021ခုအတွက် ဗုဒ္ဓဟူး / ရာဟု သားသမီးများ တစ်နှစ်စာဟောစာတမ်း

ဗုဒ္ဓဟူး / ရာဟု သားသမီးများသည် ဤနှစ်တွင် ကံကြမ္မာက ဆိုးမလိုလိုနှင့်အကောင်းဘက်ကို အလေးသာ တာ ကိုတွေ့ရပါတယ်။မိမိအတွေ့အကြုံများအပေါ် မူတည်၍ လုပ်ငန်းများတွင် အခွင့်အရေးကောင်းများ ရရှိပြီး အောင်မြင်မှုများ ဆွတ်ခူးရယူနိုင်ပါသည်။ မိမိတတ်သိနားလည်ထားတဲ့ပညာတွေကိုအစွမ်းကုန် ထုတ်သုံးတတ် ဖို့လို ပါတယ်။

သို့သော်တစ်ပါးသူအပေါ်အားကိုးမရသောကာလဖြစ်ပါသည်။လူရွယ်များ၊လူလတ်ပိုင်းများခေါင်းအေးအေး ထားပြီး စဉ်းစားဖို့လိုပါတယ်။…ငါဘာလုပ်တတ်လဲ…ဘာတွေလုပ်ချင်လဲ….ဘာဝါသနာပါလဲပြန်မေး ပါ။

မိမိအားသာတဲ့ အချက်တွေကို ထုတ်ယူအသုံးချမှအဆင်ပြေပါလိမ့်မယ်။ဒီနှစ်ဟာ ဗုဒ္ဓဟူး၊ရာဟု သားသမီးတွေအားလုံးလိမ္မာပါး နပ်ဖို့လိုအပ်သလို…ခပ်တုံးတုံးနဲ့ ဆင်ခြင်တုံတရားနည်းတဲ့သူတွေကတော့ ဒုက္ခများနိုင်ပါတယ်။ အခွင့်အရေးတွေက အရိပ်ပြရုံလောက်သာ ပြမည်။ ကိုယ်က အရိပ်ပြလို့အကောင်မမြင်ဘူးဆိုရင်တော့ ဒီနှစ်ဟာ တိုးတတ်ဖို့လမ်းစမမြင် ပါဘူး။

စက်သုံးဆီရောင်းဝယ်ခြင်း၊ ဖျော်ရည်ယမကာများ၊ ကွန်ပျူတာနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ရွှေထည်၊ ငွေထည်၊ ကျောက်မျက်ရတနာများ တူးဖေါ်ရောင်းဝယ်ခြင်း လုပ်ငန်းများ အထူးကောင်းပါသည်။ နယ်စပ်ခရီး၊ အလှကုန်၊ စားသောက်ကုန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ အကျိုးပေးမည်။ အရာရာတွင် သတိနှင့်သာ ဆောင်ရွက်လုပ်ကိုင်နိုင်ပါသည်။

ပြောချင်တာက လူရည်လည်ဖို့လိုအပ်ပါတယ်။ငွေကြေးကိစ္စများ၊ စာချုပ်၊ စာတမ်း ကိစ္စများနှင့် တစ်ပါးသူများအား အာမခံခြင်း၊ လက်မှတ်ရေးထိုးပေးခြင်းတို့ကို အထူးဂရုစိုက်ပေးပါ။

ကိုယ်နားမလည် တဲ့ကိစ္စတွေကို တက်ယောင်ကားလျှောက်မလုပ်ပါနဲ့။နားလည်တက်ကျွမ်းသူကိုဆရာတင်ပါ။ အဲလို မှမလုပ်ရင် တစ်ပါးသူ၏ အနှောက်အယှက်များကြောင့် ဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။

လူစုလူဝေးနှင့် ပွဲလမ်းသဘင် အပျော် အပါးများ စိတ်ဝင်စားမှုကို ရှောင်ကြဉ်သင့်သည်။ ရေကြောင်းခရီးသွား လာခြင်းများ အထူးဂရုစိုက်ရမည်။လုပ်ငန်း ကိစ္စရပ်များကိုကြာသပတေး၊ သောကြာ၊ရာဟုသားသမီးများနှင့် တွဲဖက် ဆောင်ရွက်ခြင်းများ အထူးသတိရှိပါ။ တနင်္ဂနွေ၊ တနင်္လာသားသမီးတို့နှင့် အထူးအကျိုးပေးမည်။ သားသမီးများ အတွက် သတင်းကောင်းများ ကြားရတတ် သည်။

လုပ်ငန်းအမျိုးမျိုးကို ပြောင်းလဲလုပ်ကိုင်ရန် အခွင့်အရေးရသော် လည်း နဂိုမူလလုပ်ငန်းကိုသာ တစ်စိုက် မတ်မတ် ဆောင်ရွက်လုပ်ကိုင်မိနေတတ်ပါတယ်။ အမှန်ဆိုဒီလိုနှစ်ပိုင်း တွေက မိမိလုပ်ငန်းနယ်ပယ်အပြင်အခြားအလုပ်တွေကိုလေ့လာစူးစမ်းသင့်ပါတယ်။ ကိုယ်က HR လုပ်နေပေမယ့် အမှန်ဝါသနာပါတာက Sale&Marketing ဖြစ်နေတယ်ဆိုရင်အဲဒီနယ်ပယ်ဖို့ ခြေချနိုင်ဖို့ စတင်ပြင်ဆင်သင့်တဲ့ နှစ်ပါပဲ။

ဥပဒေပြင်ပကလုပ်ငန်းများရှောင် ရှားသင့်သည်။ ထီဆုကြီးပေါက်မည်။ဧပရယ်လကုန်ထိ ထီကံအား ကောင်း တာကို တွေ့ရပါတယ်။ ဗုဒ္ဓဟူးနံ လုပ်ငန်းများ အကျိုးမပေးပါ။ ငွေရကံကောင်းသော်လည်း အကြွေးပေးပါက ဆုံးရှုံး ရတတ်သည်။ ငွေကြေးကိစ္စများ ကံကောင်းနေ၍ သူတစ်ပါးအား ပေးကမ်းလှူဒါန်းနိုင်မည်။

စကားပြောဆို ဆက်ဆံ ရာတွင်လည်း ပညာအတွေးအခေါ် မြင့်မားပြီး အကွက်ကျကျ ပြောဆိုနိုင်မှအဆင်ပြေမည်။ ဒီနှစ်မှာ စကားကို ပရိယာယ်ကြွယ်ကြွယ် မပြောတတ်ပါကလွန်စွာမှလူမုန်းများတတ်ပါတယ်။ မပြောသင့်တာကို လုံး၀မပြောဘဲ နှုတ် နည်း တာအကောင်းဆုံးပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ မခံရဘဲ စိတ်ချမ်းသာအောင် နေထိုင်လုပ်ကိုင်နိုင်မည်။

အများအကျိုး၊ ပရဟိတလုပ် ငန်းများကို စိတ် လိုက်မာန်ပါ ဆောင်ရွက် လုပ်ကိုင်နိုင်မည်။ စီးပွားလာဘ် လာဘ များ အထူးတိုးတတ်လာမည်။ မိသား စု ရေးရာ ပြဿနာများ မကြာခဏ ဖြစ်ပေါ်လာပြီး အထင်လွဲမှုများ ကြုံ တွေ့ ရနိုင်ပါသည်။ မိသားစု၊ ညီအစ်ကို၊ မောင် နှမ တို့ အပေါ် ဩဇာပေးခြင်း မဟုတ်ဘဲ အကြံပြုသဘောဆောင်လျှင် မိသားစုအဆင်ပြေမည်။

ကျန်းမာရေးတွင် နှလုံး အားနည်းခြင်း၊ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ကိုက်ခဲခြင်း၊ မတော် တဆ ထိခိုက်ရှနာမှုများဖြစ်ခြင်းနှင့် ခေါင်း မူး ဝေခြင်း များ ဖြစ်တတ်သည်။

နှလုံး၊ အူမကြီး ရောင်ရမ်းသော ဝေဒနာ များ ခံစားရမည်။ ပညာရေးတွင်လည်း ခက်ခဲစွာ ကြိုးစား၍ အောင်မြင်မှုများ ရမည်။ ပညာရေးတွင် နိုင်ငံခြား နယ်ပယ်အထိအောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူး နိုင်မည်။ လုပ်ငန်းခွင်စာမေးပွဲဖြေဆိုခြင်းများ အထူးကောင်းမည်။ ပညာရေး တွင် ရည်မှန်းချက် ကြီးမားသလောက် အောင်မြင်မှုများ ရရှိမည်။

အချစ်ရေးတွင် တစ်ပါးသူများ ဝင်ရောက်ပြီး ချစ်သူနှစ်ဦးကြား စိတ်ရှုပ်ထွေးရတတ်သည်။ ချစ်သူမရှိသေးသူများ အချစ်ရေးတွင် စစ်မှန်သော ဖူးစာရှင်နှင့်တွေ့မည်။ အိမ်ထောင်ရှင်များ အပျော်အပါးလိုက်စားခြင်းကြောင့် ပြဿနာများ ဖြေရှင်းရတတ်သည်။

လူမှုရေးပြဿနာပွေလီရှုတ်ထွေးမှုကြောင့် အိမ်ထောင်ရေး အညံ့ကြုံမည်။ အိမ်ထောင်ရေးတွင်ကိုယ်ကမှားနေရင် ဝန်ချတောင်းပန်ခြင်းဖြင့် ပြန်အဆင်ပြေနိုင်သလို သူဘက်ကမှားနေရင်လဲ နောက်မမှားဖို့ကတိပေးခိုင်းပြီး ခွင့်လွှတ်နိုင်မှအဆင်ပြေသာယာမည်။

အကျိုးပေးဂဏန်း…၁၊၂၊၅၊၇

အကျိုးပေးအက္ခရာ….အ၊က၊စ၊ဆ

အကျိုးပေးအရောင်…ကြက်သွေးရောင်၊ဝါညိုရောင်၊ ပန်းရောင်

တစ်နှစ်စာယတြာ……ဒီနှစ်မှာ တတ်နိုင်သမျှ ပရဟိတများများလုပ်စေချင်ပါတယ်။ တစ်ဦးတစ်ယောက်ကိုမြင်တာနဲ့ ဘာကူညီပေးရမလဲကိုတွေးပြီး ကူညီတာက ယတြာဖြစ်ပါလိမ့်မယ်။ တတ်နိုင်သလောက်မိမိတတ်သိထားတဲ့ပညာ တွေကို ပညာဒါနလုပ်ပေးပါ။

ဗုဒ္ဓဟူး၊ရာဟုသားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ဆရာငြိမ်းအေးလူ

လက်ဆန်းဗေဒင်သုတေသီ

09775555695

09445555695

#Zawgyi font

2021ခုအတြက္ ဗုဒၶဟူး / ရာဟု သားသမီးမ်ား တစ္ႏွစ္စာေဟာစာတမ္း

ဗုဒၶဟူး / ရာဟု သားသမီးမ်ားသည္ ဤႏွစ္တြင္ ကံၾကမၼာက ဆိုးမလိုလိုႏွင့္အေကာင္းဘက္ကို အေလးသာ တာ ကိုေတြ႕ရပါတယ္။မိမိအေတြ႕အႀကဳံမ်ားအေပၚ မူတည္၍ လုပ္ငန္းမ်ားတြင္ အခြင့္အေရးေကာင္းမ်ား ရရွိၿပီး ေအာင္ျမင္မႈမ်ား ဆြတ္ခူးရယူနိုင္ပါသည္။ မိမိတတ္သိနားလည္ထားတဲ့ပညာေတြကိုအစြမ္းကုန္ ထုတ္သုံးတတ္ ဖို႔လို ပါတယ္။

သို႔ေသာ္တစ္ပါးသူအေပၚအားကိုးမရေသာကာလျဖစ္ပါသည္။လူ႐ြယ္မ်ား၊လူလတ္ပိုင္းမ်ားေခါင္းေအးေအး ထားၿပီး စဥ္းစားဖို႔လိုပါတယ္။…ငါဘာလုပ္တတ္လဲ…ဘာေတြလုပ္ခ်င္လဲ….ဘာဝါသနာပါလဲျပန္ေမး ပါ။

မိမိအားသာတဲ့ အခ်က္ေတြကို ထုတ္ယူအသုံးခ်မွအဆင္ေျပပါလိမ့္မယ္။ဒီႏွစ္ဟာ ဗုဒၶဟူး၊ရာဟု သားသမီးေတြအားလုံးလိမၼာပါး နပ္ဖို႔လိုအပ္သလို…ခပ္တုံးတုံးနဲ႕ ဆင္ျခင္တုံတရားနည္းတဲ့သူေတြကေတာ့ ဒုကၡမ်ားနိုင္ပါတယ္။ အခြင့္အေရးေတြက အရိပ္ျပ႐ုံေလာက္သာ ျပမည္။ ကိုယ္က အရိပ္ျပလို႔အေကာင္မျမင္ဘူးဆိုရင္ေတာ့ ဒီႏွစ္ဟာ တိုးတတ္ဖို႔လမ္းစမျမင္ ပါဘူး။

စက္သုံးဆီေရာင္းဝယ္ျခင္း၊ ေဖ်ာ္ရည္ယမကာမ်ား၊ ကြန္ပ်ဴတာႏွင့္ ဆက္သြယ္ေရးပစၥည္းမ်ား၊ ေ႐ႊထည္၊ ေငြထည္၊ ေက်ာက္မ်က္ရတနာမ်ား တူးေဖၚေရာင္းဝယ္ျခင္း လုပ္ငန္းမ်ား အထူးေကာင္းပါသည္။ နယ္စပ္ခရီး၊ အလွကုန္၊ စားေသာက္ကုန္ႏွင့္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္း မ်ား အက်ိဳးေပးမည္။ အရာရာတြင္ သတိႏွင့္သာ ေဆာင္႐ြက္လုပ္ကိုင္နိုင္ပါသည္။

ေျပာခ်င္တာက လူရည္လည္ဖို႔လိုအပ္ပါတယ္။ေငြေၾကးကိစၥမ်ား၊ စာခ်ဳပ္၊ စာတမ္း ကိစၥမ်ားႏွင့္ တစ္ပါးသူမ်ားအား အာမခံျခင္း၊ လက္မွတ္ေရးထိုးေပးျခင္းတို႔ကို အထူးဂ႐ုစိုက္ေပးပါ။ ကိုယ္နားမလည္ တဲ့ကိစၥေတြကို တက္ေယာင္ကားေလွ်ာက္မလုပ္ပါနဲ႕။နားလည္တက္ကြၽမ္းသူကိုဆရာတင္ပါ။ အဲလို မွမလုပ္ရင္ တစ္ပါးသူ၏ အေႏွာက္အယွက္မ်ားေၾကာင့္ ဥပေဒႏွင့္ရင္ဆိုင္ရတတ္သည္။

လူစုလူေဝးႏွင့္ ပြဲလမ္းသဘင္ အေပ်ာ္ အပါးမ်ား စိတ္ဝင္စားမႈကို ေရွာင္ၾကဥ္သင့္သည္။ ေရေၾကာင္းခရီးသြား လာျခင္းမ်ား အထူးဂ႐ုစိုက္ရမည္။လုပ္ငန္း ကိစၥရပ္မ်ားကိုၾကာသပေတး၊ ေသာၾကာ၊ရာဟုသားသမီးမ်ားႏွင့္ တြဲဖက္ ေဆာင္႐ြက္ျခင္းမ်ား အထူးသတိရွိပါ။ တနဂၤေႏြ၊ တနလၤာသားသမီးတို႔ႏွင့္ အထူးအက်ိဳးေပးမည္။

သားသမီးမ်ား အတြက္ သတင္းေကာင္းမ်ား ၾကားရတတ္ သည္။ လုပ္ငန္းအမ်ိဳးမ်ိဳးကို ေျပာင္းလဲလုပ္ကိုင္ရန္ အခြင့္အေရးရေသာ္ လည္း နဂိုမူလလုပ္ငန္းကိုသာ တစ္စိုက္ မတ္မတ္ ေဆာင္႐ြက္လုပ္ကိုင္မိေနတတ္ပါတယ္။

အမွန္ဆိုဒီလိုႏွစ္ပိုင္း ေတြက မိမိလုပ္ငန္းနယ္ပယ္အျပင္အျခားအလုပ္ေတြကိုေလ့လာစူးစမ္းသင့္ပါတယ္။ ကိုယ္က HR လုပ္ေနေပမယ့္ အမွန္ဝါသနာပါတာက Sale&Marketing ျဖစ္ေနတယ္ဆိုရင္အဲဒီနယ္ပယ္ဖို႔ ေျခခ်နိဳင္ဖို႔ စတင္ျပင္ဆင္သင့္တဲ့ ႏွစ္ပါပဲ။

ဥပေဒျပင္ပကလုပ္ငန္းမ်ားေရွာင္ ရွားသင့္သည္။ ထီဆုႀကီးေပါက္မည္။ဧပရယ္လကုန္ထိ ထီကံအား ေကာင္း တာကို ေတြ႕ရပါတယ္။ ဗုဒၶဟူးနံ လုပ္ငန္းမ်ား အက်ိဳးမေပးပါ။ ေငြရကံေကာင္းေသာ္လည္း အေႂကြးေပးပါက ဆုံးရႈံး ရတတ္သည္။ ေငြေၾကးကိစၥမ်ား ကံေကာင္းေန၍ သူတစ္ပါးအား ေပးကမ္းလႉဒါန္းနိုင္မည္။

စကားေျပာဆို ဆက္ဆံ ရာတြင္လည္း ပညာအေတြးအေခၚ ျမင့္မားၿပီး အကြက္က်က် ေျပာဆိုနိုင္မွအဆင္ေျပမည္။ ဒီႏွစ္မွာ စကားကို ပရိယာယ္ႂကြယ္ႂကြယ္ မေျပာတတ္ပါကလြန္စြာမွလူမုန္းမ်ားတတ္ပါတယ္။ မေျပာသင့္တာကို လုံး၀မေျပာဘဲ ႏႈတ္ နည္း တာအေကာင္းဆုံးပဲျဖစ္ပါတယ္။ စိတ္ဖိစီးမႈမ်ား မခံရဘဲ စိတ္ခ်မ္းသာေအာင္ ေနထိုင္လုပ္ကိုင္နိုင္မည္။

အမ်ားအက်ိဳး၊ ပရဟိတလုပ္ ငန္းမ်ားကို စိတ္ လိုက္မာန္ပါ ေဆာင္႐ြက္ လုပ္ကိုင္နိုင္မည္။ စီးပြားလာဘ္ လာဘ မ်ား အထူးတိုးတတ္လာမည္။ မိသား စု ေရးရာ ျပႆနာမ်ား မၾကာခဏ ျဖစ္ေပၚလာၿပီး အထင္လြဲမႈမ်ား ႀကဳံ ေတြ႕ ရနိုင္ပါသည္။ မိသားစု၊ ညီအစ္ကို၊ ေမာင္ ႏွမ တို႔ အေပၚ ဩဇာေပးျခင္း မဟုတ္ဘဲ အႀကံျပဳသေဘာေဆာင္လွ်င္ မိသားစုအဆင္ေျပမည္။

က်န္းမာေရးတြင္ ႏွလုံး အားနည္းျခင္း၊ ခႏၶာကိုယ္ေနရာအႏွံ႕အျပားတြင္ ကိုက္ခဲျခင္း၊ မေတာ္ တဆ ထိခိုက္ရွနာမႈမ်ားျဖစ္ျခင္းႏွင့္ ေခါင္း မူး ေဝျခင္း မ်ား ျဖစ္တတ္သည္။ ႏွလုံး၊ အူမႀကီး ေရာင္ရမ္းေသာ ေဝဒနာ မ်ား ခံစားရမည္။

ပညာေရးတြင္လည္း ခက္ခဲစြာ ႀကိဳးစား၍ ေအာင္ျမင္မႈမ်ား ရမည္။ ပညာေရးတြင္ နိုင္ငံျခား နယ္ပယ္အထိေအာင္ျမင္မႈပန္းတိုင္ကို ဆြတ္ခူး နိုင္မည္။ လုပ္ငန္းခြင္စာေမးပြဲေျဖဆိုျခင္းမ်ား အထူးေကာင္းမည္။ ပညာေရး တြင္ ရည္မွန္းခ်က္ ႀကီးမားသေလာက္ ေအာင္ျမင္မႈမ်ား ရရွိမည္။

အခ်စ္ေရးတြင္ တစ္ပါးသူမ်ား ဝင္ေရာက္ၿပီး ခ်စ္သူႏွစ္ဦးၾကား စိတ္ရႈပ္ေထြးရတတ္သည္။ ခ်စ္သူမရွိေသးသူမ်ား အခ်စ္ေရးတြင္ စစ္မွန္ေသာ ဖူးစာရွင္ႏွင့္ေတြ႕မည္။ အိမ္ေထာင္ရွင္မ်ား အေပ်ာ္အပါးလိုက္စားျခင္းေၾကာင့္ ျပႆနာမ်ား ေျဖရွင္းရတတ္သည္။

လူမႈေရးျပႆနာေပြလီရႈတ္ေထြးမႈေၾကာင့္ အိမ္ေထာင္ေရး အညံ့ႀကဳံမည္။ အိမ္ေထာင္ေရးတြင္ကိုယ္ကမွားေနရင္ ဝန္ခ်ေတာင္းပန္ျခင္းျဖင့္ ျပန္အဆင္ေျပနိုင္သလို သူဘက္ကမွားေနရင္လဲ ေနာက္မမွားဖို႔ကတိေပးခိုင္းၿပီး ခြင့္လႊတ္နိုင္မွအဆင္ေျပသာယာမည္။

အက်ိဳးေပးဂဏန္း…၁၊၂၊၅၊၇

အက်ိဳးေပးအကၡရာ….အ၊က၊စ၊ဆ

အက်ိဳးေပးအေရာင္…ၾကက္ေသြးေရာင္၊ဝါညိုေရာင္၊ ပန္းေရာင္

တစ္ႏွစ္စာယၾတာ……ဒီႏွစ္မွာ တတ္နိုင္သမွ် ပရဟိတမ်ားမ်ားလုပ္ေစခ်င္ပါတယ္။ တစ္ဦးတစ္ေယာက္ကိုျမင္တာနဲ႕ ဘာကူညီေပးရမလဲကိုေတြးၿပီး ကူညီတာက ယၾတာျဖစ္ပါလိမ့္မယ္။ တတ္နိုင္သေလာက္မိမိတတ္သိထားတဲ့ပညာ ေတြကို ပညာဒါနလုပ္ေပးပါ။

ဗုဒၶဟူး၊ရာဟုသားသမီးမ်ားအားလုံး တစ္ႏွစ္တာအတြင္း ကံေကာင္းျခင္းေတြကို ရယူပိုင္ဆိုင္နိုင္ၾကပါေစ။

ဆရာၿငိမ္းေအးလူ

လက္ဆန္းေဗဒင္သုေတသီ

09775555695

09445555695