နွမ်းနွမ်း
နန်းယွန်း၊ ဇန်နဝါရီ ၉
နာဂဒေ လဟယ်မြို့နယ်ရှိ ကျေးရွာတချို့တွင် လိုအပ်နေသော အနွေးထည်များကို နာဂဒေသခံ အဆိုတော်တန်ခွန်ကျော်ကသွားရောက်လှူဒါန်းခဲ့သည်။
” ကျွန်တော်တို့ ဒေသက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ဒီလိုအေးတဲ့ အခါမှာ စောင်တွေ အနွေးထည်တွေ သွားလှူဖို့ သူတို့မှာ ငွေလည်း မရှိကြဘူး၊ ပြီးတော့ မြို့ပေါ် မရောက်နိုင်တဲ့အခါမှာ ရှိတဲ့အနွေးထည် တစ်ထည်လေးကို လေးငါးနှစ်လည်း ဝတ်တယ် ။သူတို့ အနွေးထည်လေးတွေက စုပ်ပျက်လို့ အများကြီးတွေ့ရတယ်” ဟု ၎င်းကပြောသည်။
နာဂဒေသ သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသဖြစ်သောကြောင့် လှူချင်သော်လည်း လမ်းခရီးစရိတ် ကုန်ကျစရိတ်များကြောင်း ၄င်းကဆက်ပြောသည်။
“မန္တလေးကနေ ရွာအရောက်ကို ရေကြောင်းသုံးရတယ်။နောက်ပြီး ကားနဲ့ သုံးဆင့် သယ်ရတယ်”ဟု ၎င်းက ပြောသည်။
တ်နခွန်ကျော်သည် လဟယ်မြို့နယ်ရှိ စံတုန်းကျေးရွာ၊ ယွန်တိုင်းကျေးရွာ၊ စံပြကျေးရွာ နှင့် ခါးလယ် ကျေးရွာ တို့တွင် အနွေးထည်နှင့်စောင် တစ်ထောင်ကျော် လှူဒါန်းခြင်း ဖြစ်သည်။
ဓာတ်ပုံ_ တန်ခွန်ကျော် FB
#MonywaGazette #တန်ခွန်ကျော် #နာဂ #အနွေးထည်