News

ချစ်ကြည်ရေး အမှတ်(၁)တံတားကို ကျော်တက် ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိ

တာချီလိတ်မြို့တွင် ချစ်ကြည်ရေး အမှတ်(၁)တံတားကို ကျော်တက် ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မယ်ဆိုင်ဘက်က ဖမ်းဆီးရမိ

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ နေ့လယ်ပိုင်းက မြန်မာ – ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ကျော်တက်ကာ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မယ်ဆိုင်ဘက်၌ ဖမ်းမိထားပြီး တာချီလိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားခံပြန်လည်လွှဲပြောင်းယူနိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က အမှုဖွင့်မှာပေါ့။ အမှုဖွင့်ဖို့ကို သူတို့က (မယ်ဆိုင်ဘက်မှ) မလွှဲဘူးဖြစ်နေတယ်။ သူတို့ဘက်မှာ Quarantine (၁၄) ရက်ထားပြီးမှ ဒီဘက်က အမှုနဲ့ပြန်တရားစွဲရမလိုဖြစ်နေတယ်။ သူတို့လွှဲမလားဆိုပြီး ကျွန်တော်တို့ သွားစောင့်နေတာ။ မလွှဲဘဲနဲ့ သူတို့ရဲက လာခေါ်သွားတယ်။ သူတို့ရဲက လာခေါ်သွားတော့ TBC (နယ်ခြားကော်မတီ)နဲ့ နှစ်ဖက်ကို ပြန်ညှိနှိုင်းရမှာပေါ့။

ဒီမှာအမှုဖွင့်မယ်။ အမှုဖွင့်ပြီးမှ တရားခံကို ပြန်လွှဲပြောင်းယူရမှာပေါ့။ အခုတော့ အမှုဖွင့်ဖို့ကို သူနဲ့ပတ်သက်တဲ့ နာမည်ကအစ အချက်အလက်တွေကို TBC ကနေတစ်ဆင့် လှမ်းတောင်းထားပြီး ကျွန်တော်တို့ စောင့်နေတယ်။ ကျွန်တော်တို့ကတော့ ယာဉ်တိုက်မှုနဲ့ပဲ ဖွင့်ရမှာပေါ့။

နယ်စပ်ကို တရားမဝင် ဖြတ်သွားတာကတော့ သက်ဆိုင်ရာဌာနက အမှုဖွင့်မှာပေါ့”ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့လယ် ရှမ်းရိုးမကွင်းရှေ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် ဆိုင်ကယ်(၁)စီးနှင့် မော်တော်ယာဉ် (၁)စီးအား မော်တော်ယာဉ်ဖြင့် တိုက်မိထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားသည် တရားဝင်ပိတ်ထားသည့် မြန်မာ – ထိုင်းချစ်ကြည်ရေး အမှတ် (၁)တံတားမှနေ၍ ကျော်တက်ကာ ထွက်ပြေးသွားခဲ့ရာ မယ်ဆိုင်ဘက်ခြမ်း၌ ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံသား ဟုတ်တယ်။ အခုတော့ ဒီဘက်ရဲစခန်းကို ခေါ်ထားတယ်။ တာချီလိတ်ဘက်က အမှုဖွင့်ပြီး ပြန်တောင်းရင် လွှဲပေးမယ်လို့ ပြောတယ်။ အခုတော့ သူတို့မေးမြန်းဦးမယ်ပြောတယ်။

နယ်ခြားကော်မတီ (TBC) ကနေတစ်ဆင့် ချိတ်ဆက်မယ်ပြောတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ – ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း (မယ်ဆိုင်)က မယ်ဆိုင်ဘက်မှ အခြေအနေနှင့်ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်တိုက်မှုမှ ထွက်ပြေးပြီး နယ်စပ်ကို တရားမဝင် ဖြတ်ကျော်သွားသည့် ထိုင်းနိုင်ငံသားအား လွှဲပြောင်းလက်ခံပြီးမှ ကျူးလွန်သည့်ပြစ်မှုများအလိုက် အမှုဖွင့်တရားစွဲဆိုသွားမည်ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒီဘက်မှာ အမှုဖွင့်ပြီးမှ ဟိုဘက်နိုင်ငံရဲတပ်ဖွဲ့ကို အကြောင်းကြားရမှာ။ အခုကတော့ ယာဉ်ထိန်းက အမှုဖွင့်ပြီးတာနဲ့ ဟိုဘက်ကို အကြောင်းကြားရမယ်။ ဟိုဘက်က လွှဲလာပြီဆိုတော့မှ တခြားအမှုတွေက ထပ်ဖွင့်ရမှာပေါ့”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဆိုင်ကယ် (၁)စီး ပျက်စီးသွားကာ မော်တော်ယာဉ်မှာ အနည်းငယ် ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားမောင်းနှင်လာသည့် မော်တော်ယာဉ်ကို မြန်မာ – ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)၌ ထားခဲ့ခြင်းဖြစ်သည်။

မြန်မာ – ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံကိစ္စရပ်များကို ဆက်သွယ်ဆောင်ရွက်ရန်အတွက် နယ်ခြားကော်မတီ (TBC) ကို နယ်မြေခံတပ်မှ ဦးဆောင်ပြီး ဒေသတွင်းမှ သက်ဆိုင်ရာဌာနများ ပူးပေါင်းပါဝင်ခြင်းဖြစ်သည်။

Tachileik News Agency

သတင်း – ချယ်ရီထိုက်

ဓါတ်ပုံ – ဦးထွန်း(မယ်ဆိုင်)

~~~~~~~~⊰❂ Zawgyi Version ❂⊱~~~~~~~~

တာချီလိတ်မြို့တွင် ချစ်ကြည်ရေး အမှတ်(၁)တံတားကို ကျော်တက် ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မယ်ဆိုင်ဘက်က ဖမ်းဆီးရမိ

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့ နေ့လယ်ပိုင်းက မြန်မာ – ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ကျော်တက်ကာ ထွက်ပြေးသွားသည့် ထိုင်းနိုင်ငံသားကို မယ်ဆိုင်ဘက်၌ ဖမ်းမိထားပြီး တာချီလိတ်မှ ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားခံပြန်လည်လွှဲပြောင်းယူနိုင်ရေး ကြိုးစားနေဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က အမှုဖွင့်မှာပေါ့။ အမှုဖွင့်ဖို့ကို သူတို့က (မယ်ဆိုင်ဘက်မှ) မလွှဲဘူးဖြစ်နေတယ်။ သူတို့ဘက်မှာ Quarantine (၁၄) ရက်ထားပြီးမှ ဒီဘက်က အမှုနဲ့ပြန်တရားစွဲရမလိုဖြစ်နေတယ်။ သူတို့လွှဲမလားဆိုပြီး ကျွန်တော်တို့ သွားစောင့်နေတာ။ မလွှဲဘဲနဲ့ သူတို့ရဲက လာခေါ်သွားတယ်။ သူတို့ရဲက လာခေါ်သွားတော့ TBC (နယ်ခြားကော်မတီ)နဲ့ နှစ်ဖက်ကို ပြန်ညှိနှိုင်းရမှာပေါ့။

ဒီမှာအမှုဖွင့်မယ်။ အမှုဖွင့်ပြီးမှ တရားခံကို ပြန်လွှဲပြောင်းယူရမှာပေါ့။ အခုတော့ အမှုဖွင့်ဖို့ကို သူနဲ့ပတ်သက်တဲ့ နာမည်ကအစ အချက်အလက်တွေကို TBC ကနေတစ်ဆင့် လှမ်းတောင်းထားပြီး ကျွန်တော်တို့ စောင့်နေတယ်။

ကျွန်တော်တို့ကတော့ ယာဉ်တိုက်မှုနဲ့ပဲ ဖွင့်ရမှာပေါ့။ နယ်စပ်ကို တရားမဝင် ဖြတ်သွားတာကတော့ သက်ဆိုင်ရာဌာနက အမှုဖွင့်မှာပေါ့”ဟု အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။