ဗေဒင်

“၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလအတွက် နေ့နံအလိုက် ထီထိုးရမည့်အချိန် နှင့် ထိုးရမည့် ဂဏန်းများ”

” ထီထိုးသည့်သူတိုင်း ထီပေါက်ကိန်းရှိသည် ”

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် နေ့သားအလိုက် အကျိုးပေး ထီဂဏန်းများနှင့် ထီထိုးရမည့်အချိန်အပိုင်းအခြား

တနင်္ဂနွေသားသမီးများ – ထီးတစ်ချောင်းကို နိမိတ်ကောက်ပြီး ထိုးနိုင်ပါတယ် …။ ထန်းလျက်စားပြီးထိုးပါ …။ ကြာသပတေးနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အပြာရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၅၄ ၊ ၂၂ ၊ ၈၇ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

တနင်္လာသားသမီးများ – မီးဖိုအနီးမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ လက်ဖက်ရည်သောက်ပြီးထိုးပါ …။ သောကြာနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အဝါရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ … ။ ( ၃၃ ၊ ၄၄ ၊ ၈၆ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

အင်္ဂါသားသမီးများ – ခေါင်းရင်းဘက်က သီချင်းဆိုသံ ၊ သီချင်းသံ ၊ ရယ်မောသံကြားရင် ထိုးနိုင်ပါတယ် …။

အကျီတစ်ထည်ကို နိမိတ်ကောက်ပြီးထိုးနိုင်ပါတယ် …။ အုန်းသီးပါတဲ့မုန့်စားပြီးထိုးပါ …။ စနေနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင် အဖြူရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၂၅ ၊ ၈၈ ၊ ၃၂ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

ဗုဒ္ဓဟူးသမီးများ – ကားနံပါတ်ကို နိမိတ်ကောက်ပြီးထိုးပါ…။ ကလေးတစ်ယောက်ပြောတဲ့ ဂဏန်းကိုထိုးပါ …။ ကိတ်မုန့်စား လက်ဖက်ရည်သောက်ပြီးထိုးပါ …။ တနင်္ဂနွေနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အဖြူရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီးထိုးပါ …။ ( ၀၇ ၊ ၁၄ ၊ ၇၄ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

ကြာသပတေးသားသမီးများ – မိမိရဲ့ မှတ်ပုံတင်နံပါတ်ကို နိမိတ်ကောက်ပြီး ထိုးနိုင်ပါတယ် …။ ရေချိုးတဲ့နေရာမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။

ကော်ရည်ခေါက်ဆွဲ စားပြီးထိုးပါ …။ တနင်္လာနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အဝါရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၆၆ ၊ ၄၂ ၊ ၅၃ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

သောကြာသားသမီးများ – ခြေရင်းဘက် နောက်ကျောဘက်မှ ဆဲသံ ဆိုသံ ရန်ဖြစ်သံကြားရင် ထီထိုးနိုင်ပါတယ် …။ စာအုပ်တစ်အုပ်ရဲ့ အဖုံးကို နိမိတ်ကောက်ပြီး ထိုးပါ …။ စမူဆာ စားပြီးထိုးပါ …။ အင်္ဂါနေ့နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း အနီရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၂၆ ၊ ၄၃ ၊ ၁၉ ) အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

စနေသားသမီးများ – အတောင်ပါတဲ့သတ္တဝါဝင်လာရင် ထီ ထိုးနိုင်ပါတယ် …။ ဓါတ်ပုံတစ်ပုံမှာ ထီပေါက်ဂဏန်းရှိနေပါတယ် …။ နန်းကြီးသုပ် စားပြီးထိုးပါ …။ ဗုဒ္ဓဟူးနေ့ နံနက် (၉)နာရီမှ ၊ (၁၀) နာရီ (၃၀) မိနစ်အတွင်း နီညိုရောင်များများပါသော အဝတ်အစားဝတ်ဆင်ပြီထိုးပါ …။ ( ၂၈ ၊ ၆၂ ၊ ၉၅ )အတွဲ များများပါတဲ့ လက်မှတ်ကို ရှာပြီးထိုးပါ …။

မိတ်ဆွေများအားလုံး ထီဆုကြီးများ ရယူပိုင်ဆိုင် ဆွတ်ခူးနိုင်ကြပါစေ …။

မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော

မင်းသိမ်းခိုင်(ရွှေရမ်းထူးလင်း)