မွန်ပြည်နယ်ရဲ့အပျိုစင်ကမ်းခြေ…
(လွန်ခဲ့တဲ့နှစ်လကျော်လောက်မှလာရောက်လည်ပတ်သူများခဲ့တဲ့ကမ်းခြေ)
လိပ်ခုံးကမ်းခြေ သံဖြူဇရပ်မြို့ မွန်ပြည်နယ်
တည်နေရာ
သံဖြူဇရပ်-ကျိုက်ခမီသွားတဲ့လမ်းရဲ့ဘယ်ဘက်ခြမ်း ကဒါတ်ထောက်ရွာလမ်းကိုဝင်ရပြီး (မဒံငံလေးရွာကိုလွန်သွားပြီးကျိုက်ခမီမရောက်ခင်မှာတည်ရှိပါတယ်)15-20 မိနစ်လောက်သွားရပါတယ်
လမ်းတစ်လျောက်မှာမြေနီလမ်းတစ်ချို့တောင်ပေါ်လည်းအနည်းငယ်တက်ရပါတယ်တောင်တက်လမ်းကကွန်ကရစ်လမ်းဖြစ်ပြီးဘေးပတ်ပတ်လည်ရာဘာခြံတွေပဲရှိတာဖြစ်ပါတယ်
တောင်တက်လမ်းကကားတစ်စီးစာပဲသွားလို့ရတဲ့အကျယ်အဝန်းပဲရှိပါတယ်(ကမ်းခြေထိရောက်တဲ့လမ်းကိုလည်းတည်ဆောက်နေပြီလို့သိရပါတယ်)
တောင်ပေါ်ရောက်ရင်ဘုရားတစ်ဆူရှိပြီး တောင်ပေါ်ကဘုန်းကြီးကျောင်းမှာကားထားပြီးကမ်းခြေသို့တောင်အောက်ကိုလမ်းလျောက်ဆယ်မိနစ်ခန့်ဆင်းပြီးရင် အပျိုစင်ကမ်းခြေရဲ့အလှကိုခံစားလို့ရပါပြီ
ဖွံံဖြိုးဆဲကမ်းခြေဖြစ်တာကြောင့် အိမ်သာတွေအဆင်မပြေတာ ရေချိုးခန်းတွေမရှိတာ စားသောက်ဆိုင်တွေသေချာမရှိတာ(မုန့်ဆိုင် အကြော်ဆိုင် အသုပ်ဆိုင်အနည်းငယ်မျှသာရှိ) စသည့်အခက်အခဲများလည်းရှိပါတယ်
ကမ်းခြေမရောက်ဘူးသူများအနေနဲ့သွားရောက်..လည်ပတ်သင့်တယ်လို့အကြံပြုပါရစေ..လိပ်ခုံးကမ်းခြေသွား ကျိုက်ခမီဘုရားဖူး..စက်စဲကမ်းခြေမှာအပန်းဖြေကြရင်း..ပျော်ရွှင်ကျေနပ်စရာခရီးစဉ်လေးတစ်ခုဖြစ်ပါစေဗျာ
ဓာတ်ပုံလှလှလေးတွေလည်းအများကြီးရိုက်နိုင်ကြပါစေ