News

နေ့ခင်းအချိန် နေအိမ်ဖောက်ထွင်းခံရပြီး ရွှေ ထည်ပစ္စည်း ၇ကျပ်သားခန့် ပါဆုံးသွား

ပေါင် ဇန္န ဝါရီ ၉

အိမ်ရှင်များ မှ အိမ်နီးချင်း နာရေးအိမ်သို့သွားနေစဉ်ဆိုင်ကယ်ဖြင့်လာသည့်လူတစ်ဦးက၊ အိမ်နောက်ဖေးပေါက်မှ ဖောက်ထွင်းဝင်ရောက်ကာ ရွှေထည်ပစ္စည်းများခိုးယူသွားသည့် ဖြစ်စဉ် ပေါင်မြို့တွင်ဖြစ်ပွားခဲ့သည်။

မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်းရှိ ဦးပု၊ဒေါ်အေးကြည် ၏ နေအိမ်တွင် အိမ်သားများက အိမ်နီးချင်း ၊ဦးအောင်မြင့်ဆိုသူနာရေးသို့သွားနေစဉ် ၊ဇန္န ဝါရီ ၉ ရက်မနက် ၁၀နာရီခွဲအချိန်က၊ဆိုင်ကယ်လိမ္မော်ရောင် ဖြင့်အသက်၃၈နှစ်ခန့် (ကိုယ်လုံးကောင်းအရပ် အနေတော်အမျိုးသားတစ်ဦး၊)သည်အချင်းဖြစ် အိမ်ဝင်းအတွင်းမှထွက်သွားသည်ကိုပတ်ဝန်းကျင်မှ တွေ့ရှိသတင်းပေးကြောင်း၊

အိမ်ရှင်များပြန်လာပြီးမိမိအိမ်ကို စစ်ဆေးခဲ့ရာ ၊နေအိမ်နောက်ဖေးမီးဖိုချောင်ပြုတင်းပေါက်မှစတီးသံချောင်းကိုချိုးဖျက်ဝင်ရောက်ထားခြင်းတွေ့ရကြောင်း၊အိမ်ရှေ့ခန်းမှ ၊ရှိုးကစ်ဘီရိုအတွင်းမှ ရွှေထည်ပစ္စည်း ၇ ကျပ်သားခန့် နှင့်ငွေ တစ်သောင်းကျပ်ပျောက်ဆုံးနေသည်ကိုတွေ့ရသည်ဆို၏

အခင်းဖြစ်နေအိမ်သို့ နံနက်၁၁နာရီအချိန်တွင်မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးဝင်းနိုင်ထွန်း နှင့်အဖွဲ့လာရောက်စစ်ဆေးပြီး နယ်မြေရဲကင်းရဲစခန်းတပ်ဖွဲ့ဝင်များထံချိတ်ဆက်ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ကိုတွေ့ရသည်။

ဝရဇိန် ပေါင်