မဂ်လာပါပရိတ်သတ်ကြီးရေ
ကိုဗစ် ကာကွယ်ဆေး နှင့် ရေသန့် ထုတ်လုပ်သည့်ကုမ္ပဏီတို့ကြောင့် အာရှတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်သစ်တစ်ဦး ပေါ်လာပြီပဲဖြစ်သည်။
ဇောင်ရှန်ဇန်သည် ယခုနှစ်အတွင်းတွင် ပိုင်ဆိုင်မှု ဒေါ်လာ ၇ ဘီလီယံ တိုးလာသည့်အတွက် ၎င်းသည် အိန္ဒိယ ထိပ်တန်းသူဌေးကြီး မူကက်ရှ်အမ်ဘာနီနှင့်တရုတ် ထိပ်တန်းသူဌေးကြီး ဂျက်မားတို့ကို ကျော် တက်သွားခဲ့ ပါတယ်။
၎င်း၏စုစုပေါင်း ပိုင်ဆိုင်မှု သည် ဒေါ်လာ ၇၇ ဒသမ ၈ ဘီ လီယံရှိသဖြင့် ၎င်းသည် ကမ္ဘာပေါ်တွင် ၁၁ ဦးမြောက် အချမ်းသာဆုံးဖြစ်ကြောင်း ဘလွန်းဘာ့ဂ်ဘီလီယံနာညွှန်းကိန်းတွင် ဖော်ပြထားသည်။
၎င်း၏လုပ်ငန်းများထဲ တွင် သတင်းမီဒီယာလုပ်ငန်း၊ မှိုစိုက်ပျိုး ရေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းပါ ပါဝင်သည်။ ၎င်းသည် ကာ ကွယ်ဆေးထုတ်လုပ်သည့် Beijing Wantai Biological ကုမ္ပဏီကို ဧပြီလ တွင် ဝယ်ယူလိုက်သည်။ ဝယ်ယူပြီး နောက်သုံးလအ ကြာတွင် ၎င်းကNongfu Spring ဆို သည့် ရေသန့်ထုတ်လုပ်ရေးကုမ္ပဏီကို ထပ်မံ ဝယ်ယူလိုက်ပြန်သည်။
ထိုအချိန်တွင် ဝယ်ယူလိုက်တဲ့ လုပ်ငန်း များအောင်မြင် ခဲ့တာကြောင့်၎င်း ပိုင်ဆိုင်မှု့များသည် အလီဘာဘာတည်ထောင်သူ ဂျက်မားကိုပါ ကျော်တက်သွားတော့သည်။ ဂျက်မားသည် တရုတ်တွင်သာမက အာရှတွင်ပါ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ဖူး သူ ပဲ ဖြစ်ပါတယ်။
ထို့ နောက်တွင် ရေသန့်လုပ်ငန်း ရှယ်ယာများ သည် ၁၅၅ ရာခိုင်နှုန်း တက်လာပြီး Beijing Wantai Biological ၏ရှယ် ယာများသည်လည်း ၂၀၀၀ ရာခိုင်နှုန်း ခုန် တက်သွားသည်။
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများထဲတွင် အဆို ပါဆေးကုမ္ပဏီလည်း ပါဝင်သည်။ ထို့ ကြောင့် မစ္စတာ ဇောင်သည် အာရှတွင် အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် ဖြစ်သွားတော့ခြင်း ဖြစ်ပါသည်။
အခုလို ဝင်ရောက် ဖတ်ရူ့ ပေးကြတဲ့ပရိတ်သတ်တစ်ယောက် ခြင်းစီတိုင်းလည်း ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင် နိုင်ကြပါ စေလို့ဆုတောင်းပေးလိုက် ပါတယ်။ c r d