ခရက်ဒစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
အသက်၉၄နှစ်အရွယ်ရှိပြီးငှက်ပျောသီးရောင်းချကာအသက်မွေးနေရတဲ့အဖိုးကြီးတစ်ယောက် ကနှစ်သစ်ကူးရင်လိုအပ်တဲ့ပရိဘောဂလေးတွေဝယ်ဖို့သူစုဆောင်းထားတဲ့အင်ဒိုနီးရှားရူပီး၁သန်း (အမေရိကန် ၇၅ ဒေါ်လာ)ပိုက်ဆံကိုလူသုံးဦးကလုယူသွားတဲ့အတွက်လမ်းမပေါ်မှာတုန်တုန်ယင်ယင်နဲ့အော်ဟစ်ငိုကြွေးနေတဲ့ဗီဒီယိုဟာအွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီးကြည့်ရှုမိသူတိုင်းသနားဂရုဏာသက်မိကြရပါတယ်။
မစ္စတာဆူရတ်မန်အသက်(၉၄) နှစ်ရဲ့အနီးကိုလူသုံးဦးကအသီးအနှံများဝယ်မလိုလိုနှင့်ကားဖြင့်ချဉ်းကပ်ခဲ့ပြီးနောက်အနီးသို့အရောက်တွင်အဖိုးအို၏ပိုက်ဆံအိတ်ကိုလုကာကားမောင်းထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။
ပိုက်ဆံအိတ်ထဲတွင်အင်ဒိုနီးရှားရူပီး၁သန်းခန့်ပါသွားခဲ့သည်။အဆိုပါပိုက်ဆံများမှာလာမည့်ဇွန်၂၅ရက်တွင်ကျရောက်တောမည့်နှစ်သစ်ကူးကာလတွင်ပရိဘောဂများဝယ်ယူရန်မစားရက်မသောက်ရက်စုဆောင်းထားသော
ငွေကြေးများဖစ်သည့်အတွက်အဖိုးအိုမှာယူကျူံးမရငိုကျွေးခဲ့ရသည်။ အဖိုးအို၏သနားဂရုဏာသက်စရာဗီဒီယိုကိုတွန်မီရတ်ဇ်အကောင့်ပိုင်ရှင်ကလူမှုကွန်ယက်အွန်လိုင်းတွင်တင်ခဲ့ပြီးနောက် ပျံ့နှံ့သွားခဲ့သည်။
ဗီဒီယိုကိုကြည့်ရှုမိသောလူမှုကွန်ယက်အသုံးပြုသူများကအဖိုအိုကိုစာနာစိတ်ဖြင့်စုပေါင်း၍လှူဒါန်းခဲ့ရာအင်ဒိုနီးရှားရူပီ၃၂ သန်း(အမေရိကန်ဒေါ်လာ ၃,၀၀၀) ရရှိသွားခဲ့သည်။ မစ္စတာဆူရတ်မန်တွင်သားသမီး ၁၀ဦးနှင့်မြေး၅၂ဦးရှိပြီးနေ့စဉ်နေ့တိုင်းမြို့ထဲမှာငှက်ပျောသီးလှည့်လည်ရောင်းချနေသူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။
အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်