News

“စိတ်ကူးထဲက ချစ်စရာကိုယ်ပိုင်အိမ်လေးကို ကိုယ်တိုင် ကြိုးစား တည်ဆောက်ခဲ့တဲ့ လူငယ်လေးရဲ့ အတုယူဖွယ် စိတ်ဓာတ်”

ဂိမ်းဆော့သလို အိမ်ဆောက်မယ်(သို့)လူငယ်တွေအတွက် အိမ်တစ်လုံးပိုင်ဖို့ နည်းလမ်း

ဂိမ်းဆော့တာတွေခဏနား Facebook တွေနဲနဲလျော့ပွတ်ပြီး အဓိပ္ပာယ်ရှိတဲ့လူငယ်တစ်ယောက်ဖြစ်အောင်ဒီနေ့ပဲစလုပ်ကြရအောင်…ဂိမ်းတစ်ခုဆော့နေတယ်ပဲတွေးပြီး စအကောင်ထည်ပါ

(ပုံတွေအောက်ကစာတွေအကုန်ဖတ်ပြီးသွားတဲ့အခါမင်းစိတ်ဓာတ်ခံယူချက်တွေပြောင်းလဲသွားလိမ့်မယ်))

အိမ်ငှါးနေဖူး အဆောင်ငှါးဖူးတဲ့လူငယ်တစ်ယောက်ဆိုရင်အိမ်တစ်လုံးပိုင်ဆိုင်ချင်တဲ့စိတ်က ပြင်းထန်လိမ့်မယ်…အဲလိုအချိန်က ကိုယ့်စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖို့ အကောင်းဆုံးအချိန်ပါပဲ

ကျနော်တို့လူငယ်တွေဟာဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘူးဆိုတဲ့စကားကို အကြိမ်ကြိမ်ပြောကြတယ်တကယ်တော့ကျနော်တို့က ဘာမှမလုပ်သေးလို့ဘာကိုင်ရမှန်းမသိတာပါ အလုပ်လုပ်ချင်တဲ့စိတ်အမှန်သာရှိပါစေအလုပ်တစ်ခုသာစွဲစွဲမြဲမြဲအလုပ်ကိုအလုပ်နဲ့တူအောင်သာလုပ်ယားလို့တောင်ကုတ်ချိန်ရမှာမဟုတ်ပါဘူး

ကျနော်တို့အိမ်တစ်လုံးဆောက်တော့မယ်ဆိုရင်အိမ်တစ်လုံးမှာလိုအပ်တာတွေလေ့လာသင့်ပါပြီဘာတွေဆောင်သင့်လဲသို့ဘာတွေရှောင်သင့်လဲဆိုတာမျိုး

ကိုယ်နေထိုင်မဲ့အိမ်တစ်လုံး ကိုယ့်စိတ်ကြိုက်ဖြစ်နေဖို့က အဓိကအရေးကြီးပါတယ် ဒါကြောင့်ကိုယ်ကြိုက်တဲ့အိမ်ပုံစံအမျိုးမျိုးကို ချဆွဲကြည့်ပါ တစ်ကြိမ်တည်းမဟုတ်ပါဘူး အကြိမ်ကြိမ်စိတ်ကြိုက်မဖြစ်ပြီးချင်း..

လိုအပ်တဲ့ပစ္စည်းကို ရှိသမျှပိုက်ဆံနဲ့စုပါ။အိမ်တစ်လုံးစာပြည့်မှ အိမ်ဆောက်မယ်ဆိုတဲ့စိတ်ကူးရှိရင် အဲဒါကို ဖယ်လိုက်ပါတော့

မင်းမှာ ပိုက်ဆံတစ်ထောင်ရှိရင် အုတ်တုံး၉တုံးရပါပြီ..အစကနဲ့စာရင် အိမ်ဆောက်ဖို့ မင်းမှာ အုတ်ကိုးတုံးရှိပြီပေါ့..အဲဒီစိတ်က ထပ်တိုးလုပ်ဆောင်ဖို့တွန်းအားပေးလိမ့်မယ်

အလုပ်သမားမင်းကိုမင်း အလုပ်သမားတစ်ယောက်အမြဲတွေးပါ။လိုအပ်မှလူငှါးပါ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာဆိုရင်ကိုယ်တိုင်ပဲလုပ်ဆောင်ပါ ဒါကမင်းအတွက်ပညာပိုရသလိုရရှိလာမဲ့ အိမ်လေးကလည်း အဓိပ္ပာယ်ပိုရှိပါတယ်

လူကြမ်းငှါးရင် တစ်ရက် ၇ထောင်။ဒါကမင်းအတွက် တစ်ရက် ၇ ထောင်သက်သာစေတယ်

တစ်ဖြည်းဖြည်း အကောင်အထည်ဖော်မိလာလေ မင်းပိုကြိုးစားချင်လေဖြစ်လိမ့်မယ်

အပေါင်းအသင်းမိတ်ဆွေ

မိတ်ဆွေကောင်းတွေကလည်း မင်းအတွက်အရေးကြီးပါတယ်အကြံဥာဏ်တွေ အကူအညီအတွေ အားပေးစကားတွေ အဲဒါက မင်းဘဝမှာ အိမ်ပြီးရင် အမှတ်တရဖြစ်နေလိမ့်မယ်

နေ့တိုင်းလာကူကြတဲ့သူတွေရှိတယ်နေ့တိုင်းအားပေးစကားပြောတဲ့မိတ်ဆွေရှိတယ်လိုအပ်တာကူပေးတဲ့ မိတ်ဆွေကောင်းတွေရှိတယ်အဲဒါက တကယ်မိုက်ပါတယ်

တစ်နေ့ကုန်အလုပ်လုပ် ပြီးတာနဲ့ ညနေဖက်ရောက်ရင် မင်းပင်ပန်းတာတွေပျောက်လိမ့်မယ်

ကျနော်ဆို လပေါင်းများစွာကြာမြေကြီးပေါ်အိပ်ပြီး ထိုင်ပီတိဖြစ်နေတာ

ဆောက်နေရင်း ဘာလိုအပ်မလဲ အမြဲတွေးပါ

အိမ်ဆောက်ပြီးမီးဖိုချောင်မပါရင်မမိုက်လို့ စိတ်ကူးပေါ်ပြီး ပြန်ထည့်လိုက်တယ်

အိမ်ပုံစံကိုရိုက်ပြီးရင် အမျိုးမျိုး စိတ်ကူးနဲ့ထည့်ကြည့် ဖြည့်ကြည့် ဖျက်ကြည့်ပါ

တစ်ဖြေးဖြေး မင်းပျော်လာလိမ့်မယ်

အများအတွက်လည်း စဉ်းစားပေးဖို့မမေ့ပါနဲ့

အိမ်ဆောက်ထားပြီးရင် အပင်တွေမရှိမဖြစ်လိုလာလိမ့်မယ် ပိုက်ဆံရှိမှဝယ်ထည့်မယ်မတွေးပါနဲ့ တွေ့သမျှပန်းမှန်မမျှစိုက်ပါ မလိုတော့ ပြန်တူးရွေ့လို့ရပါတယ်..အဲဒါက မိုက်တယ်

ဘဝမှာ မင်းအလိုချင်ဆုံးအရာတွေကို အမြဲစိတ်ထဲထည့်ထားပါ…ပြီး ပိုင်ဆိုင်နိုင်အောင်ကြိုးစားပါ…မင်းနေထိုင်တဲ့ဘဝကြီးက မင်းလုပ်နေတဲ့အဘုပ်တွေကအဓိပ္ပာယ်ရှိလာလိမ့်မယ်

ဒီကြားထဲ သီးခံရောင့်ရဲတင့်တိမ်စွာနေတတ်ပါစေ

မင်းစိုက်မိတဲ့အပင်က မင်းကို ပြန်ပြီးပျော်ရွှင်စေလိမ့်မယ်

စိတ်ကူးပါ ဘယ်မှမတွေးတဲ့အတွေးကိုတွေးပါ..ပြီးဘယ်မှမလုပ်တဲ့အလုပ်ကို လုပ်ပါ အဲဒါကထူးခြားတဲ့အောင်မြင်မှုကိုရလိမ့်မယ်

ကိုယ်ပင်ပန်းစွာ လုပ်ဆောင်ရတဲ့အရာတွေကတစ်ချိန်ချိန်မှာ တစ်ဖန်ပြန်ပြီး ကျေနပ်ပီတိဖြစ်စေလိမ့်မယ်

ဒီလိုနေ့မျိုးရောက်ဖို့ နှစ်တွေအများကြီး ကြိုးစားခဲ့ရတယ်…

လူငယ်တွေကို ပြောချင်တာကစာဖတ်ပါ ။အလုပ်ကြိုးစားပါ။ရည်မှန်းချက်ထားပါ။စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပါ

လူငယ်ဘဝမှာ ကတည်းက အိမ်ငယ်လေးတစ်လုံး ပိုင်ဆိုင်အောင်ကြိုးစားကြည့်ပါ။အဲဒါက တကယ်မိုက်တယ်..

ပြင်းပြတဲ့ စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ကြိုးစားအားထုတ်မှုတွေသာရှိပါစေ…မဖြစ်နိူင်ဘူးဆိုတာ ပုံပြင်တွေပါ..

အိမ်တစ်လုံးဆောက်ဖို့ ညတိုင်းစိတ်ကူးယဉ်ကိုယ်တိုင် ပုံစံအမျိုး ဒီဇိုင်းဆွဲ ကိုယ်တိုင်ကပဲ အလုပ်ကြမ်းသမားလုပ်ကိုယ့်စိတ်ကြိုက်ပုံဖော်ခဲ့တယ်

ပြောချင်တာက နေ့တိုင်း ကိုယ်ဆောက်တဲ့အိမ်မှာ ကိုယ်တိုင်ကအလုပ်သမားတစ်ယောက်လို လုပ်ဆောင်ရတာ အိမ်ဆောက်ပညာရပ်အမျိုးမျိုးကို လက်သမား ပန်းရံသမား သံသမားတွေဆီက အနီးကပ်ပညာခိုး ပညာယူလိုရပါတယ်

ကျနော့်အိမ်လေးရဲ့ ၇၅ ရာခိုင်နှုန်းဟာ ဒေသမှာရှိတဲ့ ဝါးတွေ ရွာထဲ အသုံးမပြုကြတော့တဲ့ သစ်တုံးတွေ လှည်းဘီးအဟောင်းနဲ့ဖြစ်ပါတယ် အိမ်က ကြီးကြီးမားမားမဟုတ်ပါဘူး ၁၆ ပေ ၂၁ ပေ သေးသေးလေးဖြစ်ပါတယ်

နေဝင် နေထွက် ကိုမြင်ရတဲ့အရပ်ကြယ်တွေလတွေနဲ့ နီးတဲ့နေရာ

အပင်စိုက်ရတာက သားသမီးမွေးထားသလိုပါပဲ။ဆေးတိုက်ပေးရ ဆေးကျွေးရ နေပူထုတ်ရနဲ့ 😅

အိမ်ဘေး လွတ်တဲ့နေရာမှန်သမျှ အပင်မျိုးစိတ်အတော်များများစိုက်ပျိုးထားတယ် နောင်၃ နှစ်ဆို သစ်တောငယ်ထဲက အိမ်ကလေး ဖြစ်နေလိမ့်မယ်

ကျနော့်ရဲ့ အသဲနှလုံးဆိုလည်း ဟုတ်

အိမ်လေးရဲ့ နေရာစုံမှာ စာဖတ်နိုင်အောင်စီစဉ်ထားတယ်

ဒါကတော့ မီးဖိုချောင်ပါခမျာ

ဒီနေရာက တောင်ထိပ်မဟုတ်ပါဘူးကျနော့်အိပ်ခန်းပြတင်းပေါက်နေမြင်နေရတဲ့ နေဝင်ချိန်

အပေါ်ထပ် ပြတင်းပေါက်ကနေ

ပန်းချီကား မဟုတ်ပါဘူးဗျာ ဒါ ပြတင်းပေါက်

အိမ်အရှေ့မှာတော့ ဝါးရေအိုးစင်လေးရှိတယ်

ပြောချင်တာက

လူငယ်တစ်ယောက်ဘဝမှာ အိမ်တစ်လုံးပိုင်ဆိုင်ရတဲ့အရသာ ခံစားချက်က မပြောပနိုင်လောက်အောင်မိုက်ပါတယ်အိမ်ပြီးသွားတဲ့အခါ မင်းကို ကူညီပေးခဲ့ဖူးသမျှလူတွေကို အမှတ်ရပါအခွင့်ကြံုရင်ကျေးဇူးဆပ်ပါ

အိမ်လေးပြီးရင်တော့ အေးဆေး ဂိမ်းပြန်ဆော့ ဖုန်းထိုင်ပွတ် စာပြန်ဖတ်

မင်းဒီထက်အသက်ကြီးလာပြီး ဒီထက်ကြီးများတဲ့အိမ်တွေဆောက်တဲ့အခါ အခုလုပ်ဆောင်ချက်တွေများစွာအထောက်အကူပြုလိမ့်မယ်ပြီးတော့ဒီလောက်လည်းမခက်ခဲတော့ပါဘူး

Sai Lu Khay