News

အိမ်မှုကိစ္စ လုံးဝမလုပ်တတ်တဲ့ ကျွန်တော်နဲ့ သားလေးကို ထားခဲ့တဲ့ ဇနီးရဲ့စိတ်မကောင်းစရာအဖြစ်

အိမ်မှုကိစ္စ လုံးဝမလုပ်တတ်တဲ့ ကျွန်တော်နဲ့ သားလေးကို ထားခဲ့တဲ့ ဇနီးရဲ့စိတ်မကောင်းစရာအဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီး ကျွန်တော် တို့ဆီကနေ ထွက်ခွာသွားတာ (၂) နှစ်ရှိပါပြီ။ ကျွန်တော် ပြန်စဉ်းစားမိတယ်။ အိမ်မှုကိစ္စ လုံးဝမလုပ်တတ်တဲ့ ကျွန်တော် နဲ့ သားလေးကို ထားခဲ့ရတာ သူဘယ်လောက်ထိ ဝမ်း နည်းလိမ့်မလဲ။

ကျွန်တော်ကိုယ်တိုင်လဲ မိဘ (၂) ယောက်စလုံးရဲ့ ဇာတ်ကောင် နေရာကနေကောင်း ကောင်း မလုပ်နိုင်တဲ့ အတွက်ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရပါတယ်။တနေ့မှာ ကျွန်တော် အလုပ်ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေးအတွက် ဘာမှမပြင်ဆင်ပေးခဲ့ ရဘဲက မန်းကတန်းထွက်လာခဲ့ပါတယ်။

မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော်နဲ့ ထားခဲ့ပေးပြီး အိပ်ယာ မနှိုးသေးတဲ့သားလေးကို ပြောပြီးထွက်လာခဲ့ပါတယ်။ ကလေးကိုကောင်းကောင်း ကမ်းကမ်းထားနိုင်ဖို့အ တွက် ကျွန်တော်လဲ အလုပ်ကို ကြိုးစားပြီး လုပ်နေရပါတယ်။ အိမ်ပြန်မိုးချုပ်တဲ့ တညမှာ ကျွန်တော်က သားလေးကို တိုတို တုတ် တုတ်ဘဲ နှုတ်ဆက်ခဲ့ပါတယ်။ အလုပ် ပင်ပန်းလွန်းတဲ့အတွက် အင်္ကျီချွတ်ပြီးကုတင်ပေါ် ပစ်လဲလိုက်ပါတယ်။

အဲဒီ အချိန်မှာဘဲ ဗွန်းကနဲ အနီရောင် ဟင်း ရည်တွေနဲ့ ခေါက်ဆွဲ တွေ အိပ်ယာခင်းနဲ့ စောင်တွေကို တခဏတွင်းမှာဘဲ စွန်း ထင်စေကုန်ပါတယ်။ လက်စသတ်တော့ ခေါက် ဆွဲ ပန်းကန် က စောင်ထဲရောက်နေတာကိုး ဒီကောင်ကတော့ တကယ်ဘဲ ။

ပြောတာနှေးတယ် လုပ်တာမြန်တယ် ချက်ချင်းဘဲ ကျွန်တော် အဝတ်ချိတ် တစ်ခုယူပြီး ပြေးထွက်သွားခဲ့ပါတယ်။အရုပ်တွေနဲ့ ကစားနေတဲ့ သားလေး ရဲ့ ဖင်ကို ရိုက်တော့တာဘဲ။ ကျွန်တော် တော်တော်လေးကို စိတ်တိုနေလို့ အဆက် မပြတ်ရိုက်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာဘဲ သူငိုပြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်ရပ်သွားပါတယ်။ ထမင်း အိုးထဲက ထမင်း မနက်က တည်းက စားလို့ကုန်သွားပြီ ညစာကို ကျောင်း မှာဘဲ စားခဲ့ပါတယ်။ ညရောက်တော့ ဖေဖေက ပြန်မလာသေးဘူး ။ အံဆွဲထဲမှာ ခေါက်ဆွဲထုတ်ရှာတွေ့တယ် ဒါပေမဲ့ ဖေဖေ ပြောထားတယ်မီးဖို မထိရဘူးလို့ ဒါကြောင့် သားက ရေချိုးတဲ့ ရေနွေးပိုက်ခေါင်းကို ဖွင့်ပြီး ရေနွေးနဲ့ ခေါက်ဆွဲစိမ်ထားလိုက်ပါတယ်။

တစ်ခုက သားစားဖို့ နောက် တစ်ခုက ဖေဖေ့ကို စားစေချင်လို့ ခေါက်ဆွဲတွေ အေးသွားမှာ စိုးလို့ စောင်ထဲထည့်ထားပြီး ဖေဖေ ပြန်လာတာကို သားစောင့်နေတာပါ သားအရုပ်တွေနဲ့ ဆော့နေလို့ ဖေဖေ့ကို ပြောပြဖို့မေ့သွားတာပါ ကျွန်တော့ မျက်ရည်ကို သားလေး ကို မမြင်စေချင်တဲ့အတွက် ရေချိုးခန်းထဲပြေးဝင်သွားပြီး ရေပိုက်ခေါင်းကို ဖွင့်ပြီးအားပါးတရ ငိုချလိုက်ပါတယ်။

တအောင့်နေတော့ ကျွန်တော် အားတင်းပြီး က လေးကိုချော့ရင်း သူ့ဖင် ကို ဆေးလိမ်းပေးပြီး ချော့သိပ်လိုက်ပါတယ်။ ခေါက်ဆွဲကြောင့် ပေကြံသွားတဲ့ အိပ်ယာခင်းကို သိမ်းပြီးသားလေးရဲ့ အခန်းကိုဖွင့်လိုက်တော့ သူလေးရဲ့ ငိုသံလေးကို ကြားနေရသေးတယ်။ လက်မှာကတော့ အမေ့ဓာတ်ပုံကိုင်လို့ ကျွန် တော် တံခါးရွက်ကို မှီပြီးဒီမြင်ကွင်းကို အကြာကြီး ရပ်ကြည့်နေမိတယ်။

ဒီကိစ္စပြီးတဲ့ နောက်နှစ်တွေမှာတော့ မိခင် တစ်ယောက်ရဲ့ ဇာတ်ကောင်အနေနဲ့ ကောင်း ကောင်းလုပ် ဆောင် နိုင်ဖို့သားလေးကို ပိုပြီးဂရုစိုက်ခဲ့ပါတယ်။

အခုဆို သားလေး (၇) နှစ်ပြည့်တော့မယ် ဒုတိယတန်း အောင်လို့တတိယတန်းတက်တော့မယ် ကံကောင်းတာက သားလေး အရိပ်မည်းအောက်မှာရှိမနေဘဲ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာခဲ့ပါတယ်။ သိပ်မကြာသေးခင်မှာဘဲ ကလေးကို နောက်တစ်ကြိမ် ရိုက်မိ ခဲ့ပါတယ်။ ကျောင်းက ဖုန်းဆက်လာတယ် သားကျောင်းမတက်ဘူးတဲ့။

ကျွန်တော် စိတ်မအေးနိုင်တော့ဘူး။ ရပ် ကွက်ထဲ နေရာအနှံ့ သူ့နာမည် အော်ခေါ်ပြီး လိုက်ရှာပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံးတော့ ဂိမ်းဆိုင်ရှေ့မှာ သူ့ကိုတွေ့ခဲ့ပါတယ်။ ကျွန်တော် ဒေါသအရမ်းထွက်ပြီး သူ့ကို အဆက်မပြတ်ရိုက်ခဲ့တယ်။ သားလေးကတော့ ဘာဖြေရှင်းချက်မှမပေးဘဲ သား တောင်းပန်ပါတယ်ဆိုတာ တစ်ခွန်းဘဲပြောခဲ့ပါတယ်။ နောက်မှသိလိုက်ရတယ်။

အဲဒီနေ့က ကျောင်းကအမေများနှင့်ဆုံညီပွဲလုပ်ပေးတဲ့နေ့ ဖြစ်နေပါတယ်။ ဒီကိစ္စပြီးနောက်ပိုင်း သားလေး အိမ်ပြန်ရောက်ပြီးပြောပြပါတယ်။ သူကျောင်း မှာ စာရေးသင်ခဲ့တယ်တဲ့။ နောက်ပိုင်းမှာတော့ သူအခန်းထဲမှာ ဘဲ အောင်းနေပြီး စာကိုသေသေ ချာချာရေးနေပါတယ်။ သားလေးကို ဒီလိုလေးမြင်ရတော့လဲ ဆုံးသွားတဲ့ ဇနီး ဒီမြင်ကွင်းလေးကိုသာ မြင်ရရင်တော့ ပြုံးမိမှာဘဲဆိုတာကို တွေးမိရင်း မျက်ရည်ကို ထိန်းမရခဲ့ဘူး။

အချိန်ကုန်ဆုံးတာ အရမ်းမြန်တယ်။ နောက်တနှစ် မိုးကုန်လို့ သီတင်းကျွတ် ရာသီရောက်ခဲ့ပြီ။ သားလေးက နောက် ပြသနာတစ်ခုရှာလာပြန်ပြီ။ စာတိုက်က ဖုန်းဆက်လာပါတယ်။

လိပ်စာမရှိတဲ့ စာအထုတ်လိုက်ကို အတင်းပို့ခိုင်းနေလို့တဲ့ စာတိုက်ကလဲပြောလိုက်တယ်။ ဒီလို ရာသီ အလုပ်အရှုပ်ဆုံးအချိန်းမှာ ကိုယ့်သားကို ကောင်းကောင်း ထိန်းပါလို့ပြောလိုက်တယ်။ သားကို မရိုက်တော့ဘူး လို့ဆုံးဖြတ်ထားပေမဲ့ ထိန်းမရဘူး ရိုက်လိုက်ပါတယ်။

သားလေးက ဒီတစ်ကြိမ်မှာ သူမှားပါတယ်ဆိုတာဘဲ ပြောလိုက်တယ်။ ဘာဖြေရှင်း ချက်မှ မပေးပါဘူး။ ကျွန်တော်လဲ သူစာတိုက်မှာ လက်သွားဆော့တဲ့ စာတွေကိုသူ့ မျက်စိရှေ့ပစ်ချလိုက်ပြီးပြောလိုက်ပါတယ်။ ဘာဖြစ်လို့ ဒီလို စာတိုက် မှာ သွားဆော့ရတာလဲ သားလေးက ငိုပြီးပြန်ဖြေတယ်။ ဒါ ဒါတွေဟာ မေမေ့ဆီကို ပို့ပေးဖို့ပါ။

အဲဒီ အချိန်မှာ ကျွန်တော့ မျက်လုံးတွေနီရဲသွားပါတယ်။ စိတ်ထဲမှာတော့ ဘောင်ဘင် ခတ်လို့ ဒါပေမဲ့ သားရှေ့မှာဆိုတော့ တတ်နိုင်သလောက် ဖုံးဖိထားလိုက်ပါတယ်။

ဆက်ပြီးမေးလိုက်တယ် ဒါဆိုရင် ဘာဖြစ်လို့ တစ် ခါတည်းဒီလောက် အများကြီးပို့ရတာလဲ? သားလေးက ပြန်ဖြေတယ်ဟိုး အရင် ကတည်းကပို့ဖို့ရေးထားတဲ့ စာတွေကို သားအရပ်ပုတော့ စာတိုက်ပုံးထဲ ထည့်လို့မရဘူး။ အခုတလော သားထပ်သွားထည့်ကြည့်တဲ့ အခါမှီနေပြီ ဒါကြောင့် အရင်ကတည်းက မထည့်ရသေးတဲ့ စာတွေကို တခါတည်းထည့် လိုက်ချင်တာပါ။

ကျွန်တော် နားထောင်ပြီး စိတ်ထဲမှာ လမ်းစပျောက်သွားခဲ့တယ်။ ဘာပြန်ပြောရမလဲ မသိတော့ဘူး။ ခဏနေပြီး သားလေးကို ပြန်ပြောလိုက်ပါတယ် အခု မေမေက မိုး ကောင်းကင်ပေါ်မှာရှိတယ်။

နောက် စာရေးပြီးရင် မီးရှို့လိုက် ဒါဆိုရင် မေမေ့ဆီကို ပို့လို့ရောက်ပြီ။ သားလေး အိပ်ပျော်သွားပြီးနောက် အိမ်ရှေ့ထွက်ပြီး ဒီစာတွေကို မီးရှို့ပေးလိုက်ပါတယ်။ သားလေး ဘာတွေများရေးထားသ လဲဆိုတာကို စိတ်ဝင်စားပြီး အဲဒီထဲကတချို့ကို ယူဖတ်လိုက်ပါတယ်။

စာတစ်စောင်ကတော့ ကျွန်တော့ရင်ထိကို နက်နက်ရှိုင်းရှိုင်း ထိနာသွားစေတယ်ဗျာ။ ချစ်ခင်ရပါသော မေမေ သား မေမေ့ ကို အရမ်းသတိရတယ် ဒီနေ့ကျောင်းမှာ မေမေတွေနဲ့ပျော်ပွဲရွှင်ပွဲ လုပ်ပေးတယ်။ သားမှာ မေမေမရှိတော့ မသွားဘူး။ ဖေဖေ့ကိုလဲ မပြောပြပါဘူး။

ဖေဖေလဲ မေမေ့ကို သတိရမှာစိုးလို့ ဖေဖေ သားကို လိုက်ရှာတယ်။ သားပျော်နေတာကိုဘဲ ဖေဖေ့ကို မြင်စေချင်လို့ ဂိမ်းဆိုင်ရှေ့မှာ ထိုင်နေလိုက်ပါတယ်။ ဖေဖေ သားကို ဆူပေမဲ့ ဖေဖေ့ကို သားအကြောင်း ရင်း မပြောပြဘူး။ မေမေ ဖေဖေက မေမေ့ကို သတိရလို့ ငိုနေတာကို သားနေ့တိုင်းတွေ့တယ်။

ဖေဖေလဲ သားလိုဘဲနေမှာ မေမေ့ကို အရမ်းအရမ်းသတိရပါတယ် ဒါပေမဲ့မေမေ သား အခုချိန်မှာ မေမေ့ မျက်နှာကို သေချာမမှတ်မိတော့ဘူး။ မေမေ သားရဲ့ အိပ်မက်ထဲကို လာပါလားဟင် မေမေ့ မျက်နှာကို နောက်တစ်ခေါက် မြင်ချင်လို့ပါ။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း တို့သားအဖအပေါ် ထင်မြင်ချက်လေးတွေရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit