ဗဟုသုတ
“ဆွမ်းခံကြွလာရင်း ဆိုင်က အရုပ်လေးတွေကို ငေးကြည့်နေတဲ့ ကိုရင်လေးကို မေးကြည့်လိုက်တဲ့အခါ”
အားတွေလည်းဖြစ်စေပါတယ် 😊😊😊🙏ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု🙏
Unicode
“ဆွမ်းခံကြွလာရင်း ဆိုင်က အရုပ်လေးတွေကို ငေးကြည့်နေတဲ့ ကိုရင်လေးကို မေးကြည့်လိုက်တဲ့အခါ”
ဒီနေ့ ပျော်သည်မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့ကိုရင်လေးကို …ကိုရင်လေးဘုရားဆွမ်း၊
ဆွမ်းဟင်းပြည့်စုံပါလားဘုရား လို့ မေးလိုက်တော့ပြည့်စုံပါတယ် ဒကာမကြီး။ကိုရင်လေးစာဝါလိုက်နေပါလားဘုရားဆို
တော့၁ တန်းပါ တဲ့ .ကိုရင်ဘုရားအရုပ်လိုချင်လို့လားဘုရားလို့မေးလိုက်တော့မိမိကို ပြုံးစိစိနဲ့ကြည့်ပြီးခေါင်းလေးငြိမ့်ပြ
တယ်။ကိုရင်လေးလိုချင်တဲ့ကားအရုပ်လေးတွေကိုလှူပေးခဲ့တယ်။မိမိလှူပေးတာတွေ့တော့ဘေးကလူတစ်ချို့က …
ကိုရင်ဆိုတာစာသင်ရမှာလေ ကစားရမှာ မဟုတ်ဘူးတဲ့ .
အလွန်ဆုံးရှိ၆ – ၇ နှစ် အရွယ်မိဘ နဲ့ ဝေးပြီးခုလို အလွန်အေးတဲ့မန္တလေး ဆောင်းနံနက်ခင်း၆ – ၇ နာရီမိမိတို့
အများစုကုတင်ပေါ် စောင်ခြုံလို့ကွေးကောင်းတုန်း အချိန် …
အနွေးထည် ဦးထုပ်မပါခြေဗလာ နှင့်ဆွမ်းခံကြွနေတဲ့ဘုရားသားတော်ကိုရင်လေးနေရာဝင်ကြည့်ပါ🙏ကလေးဘဝအရွယ်မှာ
သူလည်းအဖေ့အိမ်မှာ ပျော်ချင်မှာပဲအမေ့ရင်ခွင်မှာ နွေးထွေးမှုတွေလိုချင်မိမှာပဲလေ …မောင်နှမ သူငယ်ချင်းတွေနဲ့ပျော်
ပျော်ပါးပါးဆော့ကစားချင်မိမှာပေါ့ …ကိုရင်လေးကိုအရုပ်ပေးလှူခဲ့တာအပြစ်ဖြစ်တယ်တဲ့လား?သူတို့လေးတွေစာဝါလိုက်ချိန်
လိုက်ကစားချိန်ကစားနားချိန်နားပြီးသာသနာတော်မှာပျော်မှမြတ်စွာဘုရား သာသနာတော်ကြီးရေရှည်တည်တံ့ခိုင်မြဲမှာမဟု
တ်လား?ကိုရင်လေးတွေဆိုတာအနာဂါတ်ရဲ့စာချဆရာတော်လောင်းတရားဟောဆရာတော်လောင်းအရိယာလောင်း တွေလို့
ပဲမြင်မိပါတယ် 🙏သူတို့လေးတွေသာသနာတော်မှာပျော်ကြပါစေ 🙏သာသနာတော်ကြီးကိုစောင့်ရှောက်နိုင်ကြပါစေ 🙏ကိုရင်
လေးကိုနောက်နောင်ဆွမ်းဟင်းမပြည့်စုံရင်ပဲဖြစ်ဖြစ်လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်တပည့်တော်ဆိုင်ကိုကြွခဲ့ပါဘုရား ဆိုတော့ကို
ရင်လေး ပြုံးပြခဲ့တဲ့ အပြုံးကမိမိတစ်ဘဝလုံးအတွက်အမြဲ အမှတ်ရစေမှာဖြစ်သလိုမိမိတစ်ဘဝလုံးအတွက်အားတွေလည်းဖြစ်
စေပါတယ် 😊😊😊🙏ဗုဒၶ သာသနံ စိရံ တိ႒တု🙏
Credit