News

“သိန်း နှစ်ထောင်လှူပြီးနောက် အမေဖြစ်သူကို စိန်တွေ ရွှေတွေ ဝယ်ပေးလိုက်တဲ့ သိန်းတစ်သောင်းခွဲထီဆုရှင်(ရုပ်သံ)”

Vedioအောက်ဆုံးတွင်ပါဝင်သည်။

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ယနေ့ ဖွင့်လှစ်သည့် (၂၃) ကြိမ်မြောက် ကျပ် (၁၀၀၀) တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် သိန်း တစ်သောင်းဆုမဲသည် (ကဂ- ၄၀၆၁၀၄)နံပါတ်ဖြင့် ထွက်ရှိခဲ့ပါသည်။

ယင်းဆုကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေထီဆိုင်မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ကံထူးရှင်သည် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၄၈x၄၉ လမ်းကြား၊ ဇီးအုပ်ကွက်သစ်တွင် နေထိုင်သူ မဝင်းဝင်းအိက ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွင် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။

“ညီမ ထီထိုးတာကတော့ အသက် ၁၉ နှစ်အရွယ်ထဲကပါ။ တစ်ခါမှ မပေါက်ဖူးပါဘူး။ အခုပထမဆုံး ပေါက်တာက ကျပ်သိန်းတစ်သောင်းခွဲ ဖြစ်နေတော့ ခုထိမယုံနိုင်သေးဘူး။ ညီမက အခုနေတာက ကျူးသဘောမျိုး ဆိုတော့ နေတဲ့နေရာက စရိုက်နည်းနည်းကြမ်းတယ်။ အရင်က မိသားစုက အိမ်ပိုင်ပါ။

ငွေလိမ်ခံရပြီး အကြွေးတွေ တင်သွားတော့ ခုလိုအိမ်ငှားဘဝ ရောက်သွားတာပါ။ အဖေကနောက်အိမ်ထောင် ပြုသွားပြီးတဲ့နောက် အမေနဲ့တူတူ ဈေးရောင်းရင်းပဲ နေနေတာပါ။ ကျောင်းကလည်း အမေက ဆက်ထားပေမယ့် ၇ တန်းထဲက ထွက်လိုက်တာပါ’’ ဟု သူမ၏ လက်ရှိဘဝနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့သည်။

ရုပ်သံကြည့်ရန်