News

မက်ဆေ့ခ်ျရောက်ရင် ဒီနံပါတ်ကို ဖုန်းဆက်ပါတဲ့ အလိမ္မခံရေစဖို့ပါ

ရွာက အမဖုန်းထဲကို Wave Moneyမက်ဆေ့ခ်ျဝင်လာတာ၅ သိန်းကျပ်။ မက်ဆေ့ခ်ျရောက်ရင် ဒီနံပါတ်ကို ဖုန်းဆက်ပါတဲ့။

အမ ကဆက်တော့ မြန်မာနိုင်ငံအလှူရှင်များ အဖွဲ့က ဒီဖုန်းကို လှူတာပါလို့ ပြောတယ်တဲ့။ဒီ ၅သိန်း ထုတ်ဖို့အတွက် အရင်ဆုံး အဖွဲ့ဝင်လုပ်ဖို့ ငွေ ၂ သောင်း အရင်လွှဲရပါမယ်တဲ့။

ဒါနဲ့ ရွာက အမက ကိုယ့်ဆီ ဝင်ထားတဲ့ မက်ခ်ျဆေ့တွေပြတော့။

ကိုယ်ကတန်းသိလိုက်ပြီ။

ဒါနဲ့ မသိယောင်ဆောင်ပြီး သူတို့ဆီကို ဖုန်းဆက်တော့ သေချာရှင်းပြဖို့ ပြောတော့ ကျနော်တို့က မြဝတီ သံလမ်းထိပ်ကပါတဲ့။

ကိုဗစ်နိုင်တင်းအတွက် လှူနေတာပါတဲ့။ အဲ့ဒီအမရဲ့ ဖုန်းထဲကို ငွေ ၅ သိန်းလွှဲပေးထားပါတယ်တဲ့။

သူက အရင်ဆုံး ၂ သောင်းပြန်လွှဲပြီး မန်ဘာ အနေနဲ့ ဝင်ပြီးမှ ကျနော်တို့ဘက်က အဲ့ဒီ ၅ သိန်း ထုတ်လို့ ရမယ့် Passwaod နံပါတ် ၆လုံးကို မက်ဆေ့ခ်ျ ပြန်ပို့ပေးပါမယ်တဲ့။

အဲ့တော့ ကိုယ်က ဒီလို လုပ်လိုက်ပါလား။ အမတို့ ၂ သောင်း မလွှဲတော့ဘူး။

အဲ့ဒီ ၅သိန်း အရင်ထုတ်လိုက်မယ်။ ပြီးရင် အမ ၁ သိန်းကို ချက်ချင်း ပြန်လွှဲပေးမယ်လေလို့ ပြောတော့သူ့ဘက်က အသံက စပြီးတင်းလာပြီ။

အမ ကျနော်ပြောတာ သေချာနားလည်ရဲ့လားမသိဘူးတဲ့။ (လုပ်သေးတာ)အော… ဟုတ်ကဲ့ အခုနားလည်ပါပြီ။

ဒါနဲ့ မသိသေးတာလေး ထပ်သိချင်လို့ ဒါလေးတော့ ရှင်းပြပါဦးဆိုတော့ ပြောပါတဲ့။

အလှူရှင်က ဘယ်သူလဲဆိုတော့ ကိုဇော်ဦးပါတဲ့ ။ ကျနော်က ကိုဇော်ဦးရဲ့ မန်နေဂျာပါတဲ့။

ကျနော်တို့က လိမ်ညာ နေတဲ့ အဖွဲ့အစည်းမဟုတ်ဘူးပါဘူးတဲ့။

အခု ကျနော်ကြည့်ထားတာ အမ ကျနော့်ကို မေးနေတာ နာရီဝက်ရှိပြီတဲ့။

ကျနော့်မှာ အဲ့လောက် အချိန်မရှိဘူးတဲ့ဆိုပြီးဖုန်းချသွားတယ်။

နယ်က မသိတဲ့သူတွေ ဘယ်လောက်တောင်ခံနေရပြီလဲ မသိဘူး။ ဆင်းကဒ်တွေ အလကားနည်းပါးရနေတော့ ကိုဗစ်ကို အသုံးချတဲ့
လူတွေက ရှိနေသေးတယ်။ သတိထားကြပါ။ မယုံကြပါနဲ့။

(ပုံတွေက အမဖုန်းထဲ ဝင်ထားတဲ့ Massage တွေပါ)

Moe Moe