Serum Institute of India မှ ထုတ်လုပ်နေတဲ့ Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ပြည်ပနိုင်ငံများအားရောင်းချခြင်းကို 🇮🇳 အိန္ဒိယအစိုးရမှယာယီပိတ်ပင်လိုက်ပါတယ်။
Serum Institute of India ဟာ အဲ့ဒီကာကွယ်ဆေးပေါင်း dose သန်း ၁၀၀၀ ကို ဖွံဖြိုးစဲနိုင်ငံတွေအတွက်ရောင်းချပေးဖို့ စာချုပ်ချုပ်ထားတာဖြစ်ပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေက Moderna နဲ့ Pfizer ကာကွယ်ဆေးတွေကို အပြိုင်အဆိုင်ဝယ်ယူထားကြချိန်မှာ ဖွံဖြိုးဆဲနိုင်ငံတွေအတွက် Oxford-AstraZeneca ကာကွယ်ဆေးကိုမျှော်လင့်ထားကြတာဖြစ်ပါတယ်။
ပြည်ပကိုယာယီတင်ပို့ခွင့်မရတဲ့အပြင် ပုဂ္ဂလိကဈေးကွက်ကိုပါယာယီရောင်းချခွင့်ပြုမှာမဟုတ်ပါဘူး။အိန္ဒိယအစိုးရအနေနဲ့လည်း သူ့ပြည်တွင်းကိုအရင် လုံလုံလောက်လောက်ပေးနိုင်ဖို့ကြိုးပမ်းမှာ ဓမ္မတာပါ။အဲ့ဒီအတွက် ဖွံဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆေးရရှိမှု လပိုင်းလောက်နောက်ကျသွားပါလိမ့်မယ်။
COVAX ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ရဲ့ ကာကွယ်ဆေးဖြန့်ဖြူးမှုဟာလည်း မတ်လ-ဧပြီလအထိစနိုင်ဖွယ်မမြင်တော့ပါ။Serum Institute of India အနေနဲ့ ပထမဆုံးကာကွယ်ဆေး dose သန်း ၁၀၀ ကို 🇮🇳 အိန္ဒိယအစိုးရထံ “အထူးဈေးနှုန်း” အဖြစ်အမေရိကန်ဒေါ်လာ 2.74 (မြန်မာငွေ ၃၆၀၀ ကျော်) နဲ့ လူတစ်ယောက်တစ်ခါထိုးစာကို ရောင်းချပေးမှာဖြစ်ပါတယ်။
ပုဂ္ဂလိကဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ 13.68 (မြန်မာငွေ ၁၈၀၀၀ ကျော်) နဲ့ ရောင်းချမှာဖြစ်ပါတယ်။
Serum Institute of India အနေနဲ့ COVAX အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်းမှာ ဆေး dose ပေါင်း သန်း ၂၀၀ ကနေ ၃၀၀ အထိပဲပေးနိုင်မယ်လို့ဆိုပါတယ်။Serum Institute of India ပြောသွားတဲ့အထဲမှာ အဲ့ဒီအချက်ကိုကျနော်စိတ်အပူဆုံးပါပဲ။
ဒါဟာအလွန်နည်းတဲ့ပမာဏပါ။ ကမ္ဘာ့ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ လူဦးရေရဲ့လိုအပ်ချက်နဲ့ဆိုရင် ဆင်ပါးစပ်နှမ်းပက်သလောက်သာရှိပါတယ်။ကျနော့်အနေနဲ့ကာကွယ်ဆေးရရှိမှုကို ၂၀၂၁ ခုနှစ်ထဲမှာ လုံလောက်စွာရလာမယ်လို့မမျှော်လင့်ထားပါ။
မြန်မာတနိုင်ငံလုံးကို ၂၀၂၁ ခုနှစ်ထဲမှာ နိုင်ငံတကာအသိအမှတ်ပြုကာကွယ်ဆေးတစ်ခုခုကို လူအားလုံးကိုထိုးပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါ။အများဆုံးထိုးပေးနိုင်မှ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာနှုန်းလောက်ပဲထိုးနိုင်ပါလိမ့်မယ်။
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကိုအစိုးရခြင်းကူညီမှုအရဘယ်လောက်ကူညီရောင်းပေးမလဲမသိပါ။များများရောင်းပေးပါစေလို့ဆုတောင်းပါတယ်။
By-Richard Myo Thant
Facebook Comments