News

ခြိမ့်ကေကို ထောင်ထဲသို့ပို့လိုက်တာနဲ့ပတ်သတ်ပြီး ပြတ်သားစွာပြောလိုက်တဲ့ ပန် ဆယ် လို

ခြိမ့်ကေကို ထောင်ထဲသို့ပို့လိုက်တာနဲ့ပတ်သတ်ပြီး ပြတ်သားစွာပြောလိုက်တဲ့ ပန် ဆယ် လို

ခြိမ့်ကေကို လာအဖမ်းခံလိုက်ကိစ္စ ကြားတယ်။ တကယ် စိတ်ရင်းအတိုင်းပြောတာပါ။ လုံးဝကို စိတ်မကောင်းသလို မဖြစ်သင့်တဲ့ကိစ္စလို့ ယူဆပါတယ်။ ကိုယ်က ဒီကောင်လေးကို ဘယ်တော့မှ မလှောင်ခဲ့ဘူး။

သူလုပ်နေတာတွေကို အားလည်း မပေးဘူး။ အချွန်နဲ့လည်း မမဘူး။ ဝင်လည်း မကြည့်ဘူး။ သူ့မှာ အနုပညာနဲ့ပတ်သက်တဲ့ Talent မရှိတာကို ရှိတယ်လို့ ထင်တစ်လုံးဖြစ်နေတဲ့ကိစ္စကလွဲရင် မုန်းစရာလည်း အထွေအထူးမရှိဘူး။

အခု ရွာမွေးနေ့ပွဲမှာ သီချင်းဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ တရားစွဲခံရတယ်ကြားတယ်။ ဥပဒေကို မသိဘူးဆိုတာနဲ့ ချိုးဖောက်လို့မရတဲ့အတွက် အရေးယူတာကို အထွန့်မတက်ပါဘူး။ တရားစွဲတဲ့ ပုဒ်မကတော့ မဖြစ်သင့်ဘူး ယူဆပါတယ်။

ပုဒ်မ ၂၅ဟာ အာမခံမရပါဘူး။ ပုဒ်မ ၃၀ကတော့ အာမခံနဲ့ တရားရင်ဆိုင်လို့ရပါတယ်။ ခြိမ့်ကေကိုကို စွဲထားတာ ပုဒ်မ၂၅ လို့ သိရတယ်။ သူ့ကို ပွဲငှါးလို့ သူလာဆိုတာ၊ ပါဝင်သူအနေအထားပဲရှိတာကို ပုဒ်မ၃၀ တပ်လို့ရလျက်နဲ့ ဘာအတွက် အာမခံမရတဲ့ ပုဒ်မ ၂၅နဲ့ တရားစွဲရတာပါလဲ။

ရှေ့ရက်က ဖြစ်ခဲ့တဲ့ KTV အဖမ်းခံရတဲ့ကိစ္စမှာ မန်နေဂျာက ပုဒ်မ၂၅၊ ဧည့်သည်တွေက ပုဒ်မ၃၀။ ကိုအရည်ကြိုတို့ အာမခံနဲ့ တရားရင်ဆိုင်ခွင့်ရတယ်။

အဲ့ရှေ့က Bar တစ်ခု အဖမ်းခံရတဲ့ကိစ္စမှာ ဧည့်သည် အယောက်တစ်ရာနီးပါး အာမခံနဲ့ တရားရင်ဆိုင်ခွင့်ရတယ်။ COVID အစပိုင်းမှာ ဖြစ်ခဲ့တဲ့ ရှစ်မိုင်တရားပွဲကိစ္စ ဒေးဗစ်လားကို ပထမပိုင်းမှာ ပုဒ်မ၂၅နဲ့ စွဲပေမယ့် နောက်ပိုင်း ပုဒ်မ၃၀ တပ်တယ် ကြားရတယ်။

အခု ခြိမ့်ကေကိုကိစ္စလည်း အဲ့လိုတွေပဲ ဖြစ်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ဥပဒေက ပေါက်ရောက်သူတွေကိုတစ်မျိုး၊ မပေါက်ရောက်ရှာသူတွေကိုတဖုံနဲ့ စီရင်သလိုဖြစ်နေပါပြီ။ ဒါကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်။

ဒီကောင်လေးဟာ အသက်ငယ်ငယ်အရွယ်ပဲ ရှိပါသေးတယ်။ သူ့ကို ချွန်လို့ချွန်နေမှန်းတောင် တကယ်မသိပုံရပါတယ်။ ဒါဟာ ဥပဒေကို ချိုးဖောက်မှန်း ရိုးရိုးသားသား တကယ်မသိပုံပါ။ ဥပဒေကို မသိဘူးဆိုရုံမျှနဲ့ အပြစ်မမြောက်တာ မဟုတ်ဆိုပေမယ့် တပ်တဲ့ပုဒ်မဟာ မျှတမှု မရှိဘူးယူဆပါတယ်။

နိုင်ငံသားတိုင်း တန်းတူညီမျှ ဥပဒေရဲ့ အခွင့်အရေးကို ရသင့်ပါတယ်။ ဘဘသားမို့ မေမေ့သားမို့ဆိုတဲ့ စွတ်စွဲချက်တွေကို လက်ခံစရာ မရှိပေမယ့် ဒီလူမို့ ဒီပုဒ်မ၊ ဟိုလူမို့ ဟိုပုဒ်မပုံစံဖြစ်နေရင် ဒီစွတ်စွဲချက်တွေကို မှန်ကန်သယောင်တွန်းပို့နေသလို ဖြစ်နေပါတယ်။ ခြိမ့်ကေကိုလည်း လာအဖမ်းခံလိုက်ပါပြီ။

အရေးယူတာ တရားစွဲတာ လုပ်စရာရှိတာ လုပ်ပါ။ လူသတ်မှုလည်း မဟုတ်၊ အလွန့်အလွန်ယုတ်မာကြီးလေးသော အမှုလည်း မဟုတ်ပါဘဲ တစ်ခါတည်း ထောင်ထဲဖမ်းထည့်လို့ရတဲ့ ပုဒ်မမျိုးနဲ့ တစ်ခါတည်း ထောင်ထဲ တန်းထည့်တာကိုတော့ လျှော့ပေါ့ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Zawgyi

ၿခိမ့္ေကကို ေထာင္ထဲသို႔ပို႔လိုက္တာနဲ႔ပတ္သတ္ၿပီး ျပတ္သားစြာေျပာလိုက္တဲ့ ပန္ ဆယ္ လို

ၿခိမ့္ေကကို လာအဖမ္းခံလိုက္ကိစၥ ၾကားတယ္။ တကယ္ စိတ္ရင္းအတိုင္းေျပာတာပါ။ လုံးဝကို စိတ္မေကာင္းသလို မျဖစ္သင့္တဲ့ကိစၥလို႔ ယူဆပါတယ္။ ကိုယ္က ဒီေကာင္ေလးကို ဘယ္ေတာ့မွ မေလွာင္ခဲ့ဘူး။ သူလုပ္ေနတာေတြကို အားလည္း မေပးဘူး။

အခြၽန္နဲ႔လည္း မမဘူး။ ဝင္လည္း မၾကည့္ဘူး။ သူ႔မွာ အႏုပညာနဲ႔ပတ္သက္တဲ့ Talent မရွိတာကို ရွိတယ္လို႔ ထင္တစ္လုံးျဖစ္ေနတဲ့ကိစၥကလြဲရင္ မုန္းစရာလည္း အေထြအထူးမရွိဘူး။

အခု ႐ြာေမြးေန႔ပြဲမွာ သီခ်င္းဆိုတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးဆိုင္ရာဥပေဒနဲ႔ တရားစြဲခံရတယ္ၾကားတယ္။ ဥပေဒကို မသိဘူးဆိုတာနဲ႔ ခ်ိဳးေဖာက္လို႔မရတဲ့အတြက္ အေရးယူတာကို အထြန႔္မတက္ပါဘူး။ တရားစြဲတဲ့ ပုဒ္မကေတာ့ မျဖစ္သင့္ဘူး ယူဆပါတယ္။

ပုဒ္မ ၂၅ဟာ အာမခံမရပါဘူး။ ပုဒ္မ ၃၀ကေတာ့ အာမခံနဲ႔ တရားရင္ဆိုင္လို႔ရပါတယ္။ ၿခိမ့္ေကကိုကို စြဲထားတာ ပုဒ္မ၂၅ လို႔ သိရတယ္။ သူ႔ကို ပြဲငွါးလို႔ သူလာဆိုတာ၊ ပါဝင္သူအေနအထားပဲရွိတာကို ပုဒ္မ၃၀ တပ္လို႔ရလ်က္နဲ႔ ဘာအတြက္ အာမခံမရတဲ့ ပုဒ္မ ၂၅နဲ႔ တရားစြဲရတာပါလဲ။

ေရွ႕ရက္က ျဖစ္ခဲ့တဲ့ KTV အဖမ္းခံရတဲ့ကိစၥမွာ မန္ေနဂ်ာက ပုဒ္မ၂၅၊ ဧည့္သည္ေတြက ပုဒ္မ၃၀။ ကိုအရည္ႀကိဳတို႔ အာမခံနဲ႔ တရားရင္ဆိုင္ခြင့္ရတယ္။ အဲ့ေရွ႕က Bar တစ္ခု အဖမ္းခံရတဲ့ကိစၥမွာ ဧည့္သည္ အေယာက္တစ္ရာနီးပါး အာမခံနဲ႔ တရားရင္ဆိုင္ခြင့္ရတယ္။

COVID အစပိုင္းမွာ ျဖစ္ခဲ့တဲ့ ရွစ္မိုင္တရားပြဲကိစၥ ေဒးဗစ္လားကို ပထမပိုင္းမွာ ပုဒ္မ၂၅နဲ႔ စြဲေပမယ့္ ေနာက္ပိုင္း ပုဒ္မ၃၀ တပ္တယ္ ၾကားရတယ္။

အခု ၿခိမ့္ေကကိုကိစၥလည္း အဲ့လိုေတြပဲ ျဖစ္သင့္ပါတယ္။ အဲ့လိုမွမဟုတ္ရင္ ဥပေဒက ေပါက္ေရာက္သူေတြကိုတစ္မ်ိဳး၊ မေပါက္ေရာက္ရွာသူေတြကိုတဖုံနဲ႔ စီရင္သလိုျဖစ္ေနပါၿပီ။ ဒါကို ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ကန႔္ကြက္ပါတယ္။

ဒီေကာင္ေလးဟာ အသက္ငယ္ငယ္အ႐ြယ္ပဲ ရွိပါေသးတယ္။ သူ႔ကို ခြၽန္လို႔ခြၽန္ေနမွန္းေတာင္ တကယ္မသိပုံရပါတယ္။ ဒါဟာ ဥပေဒကို ခ်ိဳးေဖာက္မွန္း ႐ိုး႐ိုးသားသား တကယ္မသိပုံပါ။ ဥပေဒကို မသိဘူးဆို႐ုံမွ်နဲ႔ အျပစ္မေျမာက္တာ မဟုတ္ဆိုေပမယ့္ တပ္တဲ့ပုဒ္မဟာ မွ်တမႈ မရွိဘူးယူဆပါတယ္။

ႏိုင္ငံသားတိုင္း တန္းတူညီမွ် ဥပေဒရဲ႕ အခြင့္အေရးကို ရသင့္ပါတယ္။ ဘဘသားမို႔ ေမေမ့သားမို႔ဆိုတဲ့ စြတ္စြဲခ်က္ေတြကို လက္ခံစရာ မရွိေပမယ့္ ဒီလူမို႔ ဒီပုဒ္မ၊ ဟိုလူမို႔ ဟိုပုဒ္မပုံစံျဖစ္ေနရင္ ဒီစြတ္စြဲခ်က္ေတြကို မွန္ကန္သေယာင္တြန္းပို႔ေနသလို ျဖစ္ေနပါတယ္။ ၿခိမ့္ေကကိုလည္း လာအဖမ္းခံလိုက္ပါၿပီ။

အေရးယူတာ တရားစြဲတာ လုပ္စရာရွိတာ လုပ္ပါ။ လူသတ္မႈလည္း မဟုတ္၊ အလြန႔္အလြန္ယုတ္မာႀကီးေလးေသာ အမႈလည္း မဟုတ္ပါဘဲ တစ္ခါတည္း ေထာင္ထဲဖမ္းထည့္လို႔ရတဲ့ ပုဒ္မမ်ိဳးနဲ႔ တစ္ခါတည္း ေထာင္ထဲ တန္းထည့္တာကိုေတာ့ ေလွ်ာ့ေပါ့ျပင္ဆင္ေပးဖို႔ ေမတၱာရပ္ခံပါတယ္။