ခရက်ဒစ်
Unicode
(၁) ငါးသောင်းဆုကြေး အားလုံးပေါင်းရင်၊ ကျပ်သိန်းပေါင်း ရှစ်သောင်းရှိတယ်
(၂) တသိန်းဆုကြေး အားလုံးပေါင်း၊ ကျပ်သိန်းပေါင်း တသောင်းရှစ်ထောင်
(၃) နှစ်သိန်းဆုက သိန်းပေါင်းသုံးထောင်
(၄) သုံးသိန်းဆုက ကျပ်သိန်းလေးရာ့ငါးဆယ်
(၅) ဆယ်သိန်းဆုက ကျပ်သိန်းလေးရာနှစ်ဆယ်
(၆) သိန်းနှစ်ဆယ်ဆုက ကျပ်သိန်းခြောက်ရာ့ရှစ်ဆယ်
(၇) သိန်းငါးဆယ်ဆုက ကျပ်သိန်းထောင့်ငါးရာငါးဆယ်
(၈) သိန်းတရာဆုက ကျပ်သိန်းနှစ်ထောင့်ရှစ်ရာ
(၉) သိန်းနှစ်ရာဆုက ကျပ်သိန်းငါးထောင်နှစ်ရာ
(၁၀) သိန်းငါးရာဆုက ကျပ်သိန်းပေါင်းတသောင်းနှစ်ထောင်
(၁၁) သိန်းတထောင်ဆုက ကျပ်သိန်းပေါင်းခုနှစ်ထောင်
(၁၂) သိန်းနှစ်ထောင်ဆုက ကျပ်သိန်းတသောင်း
(၁၃) သိန်းငါးထောင်ဆု၊သိန်းတသောင်းဆု၊
သိန်းတသောင်းခွဲဆု အားလုံးပေါင်းက ကျပ်သိန်းသုံးသောင်းခွဲ ဒါအခုဆုကြေးလျော့သွားတဲ့အချိန်ပါ
အထက်ပါဆုကြေးတွေမှာပြည်သူအတွက် အရွေ့မဖြစ်တဲ့ဆုကြေး၊
(က) ငါးသောင်းဆုကနေသိန်းငါးရာဆုထိ၊ စုစုပေါင်းငွေ ကျပ်သန်းပေါင်းတသောင်းရှစ်ထောင်ရှိတယ် (သို့) ကျပ်သိန်းပေါင်းတသိန်းရှစ်သောင်း ကျပ်သိန်းပေါင်း ၂ သိန်းနီးပါးရှိတယ်။
(ခ) ငါးသောင်းဆုတမျိုးထဲမှာကို သိန်းပေါင်းရှစ်သောင်းဘာကြောင့်သုံးစွဲသလဲလက်မခံသင့်ပါ။ အဓိပ္ပါယ်မရှိ သုံးစွဲထားတယ်၊ တွက်ကြည့်ပါ။
(ဂ) သိန်းတထောင်ဆုကနေ သိန်းတသောင်းခွဲထိ ဆုကြေးငွေကလဲ ကျပ်သိန်းပေါင်းငါးသောင်း နှစ်ထောင်
(က+ခ+ဂ) ဆုကြေးအားလုံးပေါင်းလိုက်ရင် ကျပ်သိန်းပေါင်း နှစ်သိန်းသုံးသောင်းနှစ်ထောင်ရှိပါတယ်၊ သိန်းတသောင်းဆု တမျိုးထဲထုတ်ရင်တောင် ၂၃ ဆုထုတ်လို့ရတယ်၊
ဒါတောင်ထီလက်မှတ်ရောင်းရငွေရဲ့ ၆၀% ကိုသာ ဆုကြေးလုပ်ပေးတာပါ၊၊ သိန်းပေါင်း နှစ်သိန်းလေးသောင်းထားပါ။ လူတွေကို တဖက်တလမ်းက ကယ်တင်တဲ့အနေနဲ့ သိန်းတထောင်ဆုပေါင်း ၂၄၀ ဆုထုတ်ပေးလိုက်ရင် အိမ်ထောင်စု တလကို ၂၄၀ အစဉ်ပြေမယ်၊
ဆယ်နှစ်ဆိုရင် အိမ်ထောင်ဘယ်လောက် အလုပ်အကိုင်နဲ့ အိုကေနေမလဲ၊ စေတနာထားရင်ပြောင်းပစ်ပါ။ သိန်းတသောင်းဆု ၅ ဆု ထပ်ထည့်ဖို့ ၂၀ % တိုးပြီး ထီရောင်းရငွေကို သုံးစွဲပေးလိုက်ရင် အိုကေပါတယ်။
ဆိုလိုချင်တာ ၆၀%+၂၀%= ၈၀% ထီလက်မှတ်ရောင်းရငွေ ၈၀ % ကို အသုံးပြုလိုက်ရင် သိန်းတထောင်ဆုပေါင်း နှစ်ရာ့လေးဆယ်ဆုနဲ့ သိန်းတသောင်းဆု ငါးဆု ထုတ်လို့ရပါတယ်။
ဒီလိုသာဆောင်ရွက်သင့်ပါတယ် ဘာကြောင့်လဲ ဒါပြည်သူတွေ သွေးနဲ့ချွေးနဲ့ ရှာပြီးထိုးတဲ့ငွေပါ၊ အစိုးရအနေနဲ့အခွန်တောင်မယူသင့်ပါဘူး၊ အမြင်တွေရေးလိုက်ရင် ထိခိုက်မူ့တွေ ရှိသွားနိုင်လို့ ဘာအတွက် မပြောင်းလဲရသလဲ ရေးလိုက်ရင် ထိခိုက်မူ့တွေရှိသွားနိုင်လို့ ဒီလောက်ပါပဲ၊ သဘောတူအမြင်တူရင် ရှယ်လိုက်၊ ဘယ်သူ့အတွက်မှ
မဟုတ်ဘူး ပြည်သူ့ငွေက ပြည်သူအတွက် ပြန်လာစေချင်တာပါ၊၊ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။
ခရက်ဒစ်