စာ တစ်နာရီ ဖတ်ရင် ငွေ(၁၀၀၀) ပေးတဲ့အပြင် ကော်ဖီနဲ့ မုန့်ပါ ကျွေးတဲ့ ရန်ကုန်မြို့က နေရာတစ်နေရာ..
စာတစ်နာရီဖတ်ရင် ငွေ(၁၀၀၀)ပေးတဲ့အပြင်ကော်ဖီနဲ့မုန့်ပါကျွေးတဲ့ ရန်ကုန်မြို့ကနေရာတစ်နေရာ မည်သူမဆို စာတစ်နာရီဖတ် = ငွေတစ်ထောင်ရမည်။ လှည်းတန်း၊ ကမာရွတ်မှာပဲနော်။
ကိုဗစ်ကြောင့် ယာယီရပ်နားခဲ့ရပေမယ့် အခုပြန်စပါတော့မည်။ အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း ညနေ(၆)နာရီ ည(၇)နာရီအထိ (စာဖတ်ချိန်တစ်နာရီ) Royal Job Agency တွင်စာလာဖတ်ပါက လမ်းစရိတ်ငွေတစ်ထောင်(၁၀၀၀)ပေးပါမည်။
ကော်ဖီ၊မုန့်များလည်းအခမဲ့တိုက်ကျွေးပါမည်။ Royal Job Agency မှစီစဉ်ထားသောအောက်ဖော်ပြပါ စာအုပ်များကိုသာ ဖတ်ရှုရပါမည်။ စာဖတ်နေချိန် ဖုန်းလုံးဝသုံးစွဲခွင့်မပြုပါ။ ဘဝတိုးတက်မှုအတွက် အထောက်အကူဖြစ်စေမည့်စာအုပ်များသာစီစဉ်ထားပါသည်။
Royal Job Agency မှစီစဉ်ပေးထားသော စာအုပ်များမှ (၁၀)အုပ်ပြည့်အောင်သာဖတ်ပါ။ သင့်အတွေးခေါ်အယူအဆများ ပိုမိုတိုးတက်အားကောင်းလာကာ သင့်ဘဝတိုးတက်လာလိမ့်မည်ဟု ယုံကြည်ပါသည်။
လူတိုင်းစာဖတ်လာစေရန် ၊စာဖတ်ခြင်းမှ မှန်ကန်သည့်ဘဝအတွေးအခေါ်များရရှိကာ မိမိဘဝကိုတိုးတက်အောင် ပုံဖော်ဖန်တီးနိူင်ကြရန် ယခုစာဖတ်ခြင်းအစီအစဉ်ကို စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပါသည်။ ဖတ်ရှုကြရမည့်စာအုပ်များမှာ..
1။ စုန်ဆင်းသွားသော မေတ္တာများ – ချမ်းသာထွန်
၂။ မိတ်တဗလဋီကာ – ဦးနု
3။ မင်္ဂလာရှိသောမန်နေဂျာ – ဝင်းသိန်းဦး
4။ ထိပ်ဆုံးမှာတွေ့ကြမယ် ခင်မောင်ညို(ဘောဂဗေဒ)
5။ သူစိတ်ဓာတ်ကျတိုင်းဖတ်ဖို့ – မိုးရှင်း
6။ နေ့တိုင်းပျော်ပါတယ် – ထက်ထက်ထွန်း(Waterfall)
7။ ငါ့အတွက်ငါရှိတယ် – လင်းရောင်စင်
8။ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံပါ – ဖေမြင့်
9။ ၂၁ ရာစုပြည်သူ့နီတိ – တင်ညွန့်
10။ ဒေါ်လာ ၁၀၀ ကိုယ်ပိုင်လုပ်ငန်းတစ်ခု – Du Du ဘာသာပြန်
11။ သျှောင်ပေစူး(ဝတ္ထုတိုများ) – ခင်ခင်ထူး
12။ ခွပ်ဒေါင်းဧကရီ(သို့)ဒေါ်အောင်ဆန်းစုကြည်၏ဘဝခရီး – ရဲမြလွင် (ဘာသာပြန်သည်)
13။ ငြိမ်းအေးသောဘဝပိုင်ရှင် – အရှင်ဆန္ဒာဓိက
14။ အလင်းစေတမန် – အရှင်ဆန္ဒာဓိက
15။ မေတ္တာကြောင့်သာ မဟုတ်ခဲ့လျှင် – ချမ်းသာထွန်..
ဘဝအောင်မြင်မှုကိုအထောက်အကူဖြစ်စေမည့် အခြားသုတ/ရသစာအုပ်မျိုးစုံ (၁၀၀၀)ကျော်ရှိပါသည်။
လိပ်စာအပြည့်အစုံမှာ အမှတ်(၁၈)၊ ၆လွှာ၊ဘီ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ်မှာဖြစ်ပါတယ်။ #လှည်းတန်းမှတ်တိုင်မှာဆင်းရန်- စာရင်းပေးရန်ဖုန်း -09 400 400 769 (အပတ်စဉ် တနင်္လာ+အင်္ဂါ)ကြိုတင်စာရင်းပေးရန်လိုအပ်ပါသည်