News

“ကိုယ့်နိုင်ငံထဲမှာ လာတည်ထားတဲ့ မြို့တော်ကြီးမှာ ကိုယ့်နိုင်ငံက ဥပဒေ အာဏာ မသက်ရောက်နိုင်တဲ့ အဖြစ်

ဒါကတော့ တာဝန်ရှိသူတွေ သိသင့်၊ ဖြေရှင်းသင့်တဲ့ ပြဿနာလို့ ယူဆပြီး ကော်ပီယူ လာပါတယ်။ (မူရင်း ပို့စ် ပိုင်ရှင်က FO နဲ့ပဲတင်ထားပြီး ကော်ပီပဲယူပါ ပြောလို့ပါ။)သိကြားစေ သက်သေ ညွှန်း ပါတယ်။သောင်းထိုက်က ကြားစေသား။

ကိုယ့်နိုင်ငံ၏အာဏာသက်ရောက်နိုင်ခြင်းမရှိတဲ့မြဝတီမြို့အပိုင်ထဲကမာဖီးယားမြို့တော်တရုတ်ပိုင်ရွှေက္ကိုမြို့သစ် လွန်ခဲ့သောဆယ့်ငါးရက်အတွင်းကကိုယ့်ဆွေမျိုးတော်စပ်သူအစ်ကိုမိသားစုမှကျမတို့အားသူ၏သမီးဖြစ်သူကိုသွားရောက်ခေါ်ဆောင်ပေးပါရန်အရေးတကြီးအကူအညီတောင်းဆိုလာပါသည်။

ကိုဗစ်ကာလကလည်းဖြစ်ကျန်းမာရေးကအခုမှပြန်လည်နေကောင်းခါစဖြစ်တဲ့ကျမမှာခရီးမထွက်ချင်သော်လည်းစိုးရိမ်စိတ်သောကရောက်နေ ပြီးတငိုငိုဖြစ်နေတဲ့အစ်ကို့တို့မိသားစုအားကြည့်ပြီးကူညီပေးဖို့ဆုံးဖြတ်ချက်ချလိုက်ရပါသည်။

တူမဖြစ်သူမှာလည်းအသက်နှစ်ဆယ်မပြည့်တပြည့်နုငယ်ပျိုမျစ်သောအရွယ်လေးမို့ကျမမှာပန်းလှိုင်ဆေးရုံကြီးမှာကှိုဗစ်ကင်းစင်စစ်ဆေးချက်ကျန်းမာရေးထောက်ခံစာအမြန်ဆုံးလုပ်ပြီးရန်ကုန်မှမြဝတီမြို့လေးသို့၁၀နာရီခရီးကိုရနာရီအတိ ကြာချိန်နှင့်အမြန်ဆုံးမောင်းနှင်ရောက်ရှိခဲ့ပါသည်။

တူမလေးမှာတရုတ်စာနှင့်ထိုင်းစာအရေးကောအပြောပါကောင်းမွန်စွာသင်ကြားတတ်မြောက်သူတစ်ဦးဖြစ်သည်။ကျွမ်းကျင်ပိုင်နိုင်စွာရေးသားပြောဆိုနိုင်လေသည်။

တူမငယ်လေးမှာမိသားစုအတွင်းရေးကိစ္စတစ်ခုကြောင့်စိတ်အခန့်မသင့်ပဲဖခင်ဖြစ်သူကိုအရွဲ့တိုက်လိုသောစိတ်ကြောင့်၎င်း။ဖခင်ကလည်းအလုပ်တွင်ပင်ပမ်းလာခဲ့လေရာနားဝင်အောင်ပြောဆိုခြင်းမပြုပဲရိုက်လိုက်မိသည်ကတစ်ကြောင်းကြောင့်နေအိမ်မှမိသားစုဝင်များမသိအောင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မည်ဟူသောမာန်မာနနှင့်တိတ်တဆိတ်ထွက်ပြေးသွားခဲ့ပါသည်။

သွားတတ်သည့်နေရာများ။အမြဲပေါင်းသင်းတတ်သည့်သူငယ်ချင်းများထံစုံစမ်းသော်လည်းသတင်းမရရှိခဲ့ပေ။ ချစ်သူရည်းစားလုံးဝမရှိခဲ့ပါ။နေအိမ်မှမိဘများဆွေမျိုးအသိုင်းအဝိုင်းရှိသူများမှလက်လှမ်းမီသလောက်ဝိုင်းဝန်းစုံစမ်းပေးခဲ့ကြသော်လည်းသတင်းအစအနပင်မရခဲ့ကြပါ။မိဘများနေ့စဉ်အမျှတမ်းတကြကာရင်ထုမနာဖြစ်ခဲ့ကြရပါသည်။

လွန်ခဲ့သောနိုဝင်ဘာပထမပါတ်လောက်ကထိုပျောက်ဆုံးသွားသောတူမငယ်လေးမိဘ၂ပါးထံသို့ဆက်သွယ်လာခဲ့သည်။မိဘဆွေမျိုးအားလုံးဝမ်းသာဝမ်းနည်းဖြစ်ကြရသည်။သူသည်မြဝတီမြို့ရှိတရုတ်ပိုင်ကုမ္ပဏီတစ်ခု တွင်ရောက်ရှိနေကြောင်း။ထိုကုမ္ပဏီ၏လိပ်စာအတိအကျကိုမူမသိကြောင်း။ကုမ္ပဏီတွင်နံနက် ၈ နာရီမှည ၈နာ ရီထိအလုပ်ဆင်းရကြောင်း။

အလုပ်ချိန်ပြီးစီးသည်နှင့် တပြိုင်နက်နေထိုင်ရန်ပေးထားသောတိုက်ခန်းများသို့သွား ရကြောင်း ။ထိုအဆောက်အဦး၏ပြင်ပသို့လုံးဝထွက်ခွင့်မပြုသလို ဈေးဝယ်ခွင့် ။ဧည့်တွေ့ခွင့်လုံးဝမပြုကြောင်း။

အမြန်ဆုံးသူ့အားလာရောက်ခေါ်ဆောင်ပေးကြပါရန်ပြောလိုကြောင်း စသည်ဖြင့်ပြောလာပါသည်။ဖခင်နှင့်မိသား တစ်စုလုံးမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကြရပြီး ငိုကြီးချက်မဖြင့် တုန်လှုပ်ခြောက်ချားကြရလေသည် ။

မန္တလေး မှသူငယ်ချင်းတစ်ဦး၏ကောင်းမှုကြောင့်ဟုသိရပြီးအကျယ်အကျယ်ဖြစ်မည်စိုး၍၎င်း။လူပြန်ရရန်အရေးကြီးနေ သည်ကအဓိကဖြစ်နေသဖြင့်ဥပဒေပိုင်းဆိုင်ရာတရားစွဲဆိုမှုကိုတော့ဖြင့်မလုပ်ခဲ့ကြတော့ပါ။

စာရေးသူမှာရေးသားသည့်စာအုပ်များနှင့်ပါတ်သက်ပြီးလက်နှက်ကိုင်အဖွဲ့အစည်းများစွာသို့ဝင်ထွက်သွားလာဘူးသည့်ပြင်တိုင်းရင်းသားခေါင်းဆောင်များနှင့်လည်းရင်းနှီးသူဖြစ်ကြောင်းကိုအကိုဝမ်းကွဲမှသိရှိထားခဲ့လေရာထိုကိစ္စနှင့်ပါတ်သက်၍ စာရေးသူကိုဖြစ်နိုင်ပါကဆောင်ရွက်ပေးပါရန်အကူအညီတောင်းလာခဲ့ပါသည်။

စာရေး သူမှာအခြားအဖွဲ့မျိုးစုံသို့သွားလာခဲ့ဘူးသော်လည်း ကရင်လူမျိုးတို့၏အဖွဲ့အစည်းသို့တစ်ကြိမ်တစ်ခါမှရောက်ရှိ ထိစပ်ခဲ့ဘူးခြင်းလည်းမရှိခဲ့လေသောကြောင့်အတော်လေးတော့စိုးရိမ်မိလေသည်။

မြဝတီမြို့ရှိခင်မင်ရင်းနှီးသောမိတ်ဆွေအပေါင်းအသင်းများထံသို့တယ်လီဖုန်းဖြင့်တစ်မျိုး ၊အင်တာနက်မှတစ်ဖုံ ဆက်သွယ်စုံစမ်းခဲ့လေရာ တူမလေးဆက်သွယ်ပေးပို့ထားသောဗွီဒီယိုဖိုင်အရ ထိုကုမ္ပဏီတည်ရှိရာနေရာမှာ မြ ဝတီမြို့ သင်္ကန်းညီနောင်မှအတွင်းဘက်သို့ မိုင် ၃၀ခန့် တောလမ်းအတိုင်းဝင်သွားရသော ရွှေကုက္ကိုရွာဟုခေါ် သည့်နေရာဒေသဖြစ်နေသောအခါ စာရေးသူ ခေါင်းနပမ်းကြီးသွားခဲ့ပါသည်။

အဘယ်ကြောင့်ဆိုရပါမူ ထိုရွှေ ကုက္ကိုသည် အမည်ဆိုးဖြင့်ကျော်ကြားလျှက်ရှိသောနေရာဒေသတစ်ခုဖြစ်နေသောကြောင့်ပင်။(ဂျာနယ်မျိုးစုံနှင့် သတင်းမီဒီယာဝက်ဆိုဒ်များစွာတို့ကထိုရွှေကုက္ကိုအကြောင်းအကျယ်တစ်ဝင့်ဟိုးလေးတကျော် ရေးသားဖော်ပြခဲ့ကြပါသည်)

ဤသို့ဖော်ပြခဲ့ကြသည်ကိုဖတ်ရှုခဲ့ဘူးသည်[ သာမန်ကာလျှံကာကြည့်လျှင် ခပ်ခေါင်ခေါင် ကျေးလက်ဒေသ ရွာသိမ်ရွာငယ်လေး တစ်ရွာတွင်ပြုလုပ်သည့် ရွှေကုက္ကို စီမံကိန်းမှာ စိတ်ဝင်စားဖွယ်ရာ မရှိပါ။ သို့သော် အနီးကပ်လေ့လာကြည့်လျှင်မူ စာရှုသူများ အံ့ အားသင့်သွားမည်ဖြစ်သည်။ ယခုတည်နေသောမြို့သည် ဟောင်ကောင်မြို့ပမာဏမျှရှိသည့် မြို့အသစ်စက်စက် ဖြစ်သည်။

တရုတ်အစိုးရက ထောက်ပံ့သည့်ငြွေဖင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လူမသိသူမသိ တည်ဆောက်နေခြင်း၊ စိစစ်ကြီးကြပ်မှု မရှိ တည်ဆောက်နေခြင်း ဖြစ်သည်။

မြန်မာစီမံကိန်းဟု အပေါ်ယံဘန်းပြထားသော်လည်း အမှန်စင်စစ် တရုတ်အစိုးရ၏ နယ်မြေချဲ့ထွင်ရေး စီမံကိန်းတစ်ခု ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ်သည့်များပြားလှသော ငွေပမာဏ ၂၃.၃၅ ထရီလီယံကျပ် (အမေရိကန် ၁၅ ဘီလီယံဒေါ်လာ) ရရှိခဲ့သည်ကိုကြည့်လျှင် ဤအချက်မှာ မြင်သာပါသည်။

တရုတ်၏ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းများတည်ဆောက်ပုံအတိုင်းပင်ပေကျင်းရှိအစိုးရဗျူရိုကရေစီယန္တရား၏ လက်တံတစ်ခုက လုပ်ကိုင်နေခြင်း ဖြစ်သည်။

ယခုစီမံကိန်းတွင်ယာထိုင်းအုပ်စုတည်ဆောက်ရေးလုပ်ငန်း(Yatai Group ) က လုပ်ကိုင်လျက်ရှိသည်။ သို့သော် ထိုအုပ်စု၏ ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ယခင် ဆောင်ရွက်ခဲ့ဖူးသောလုပ်ငန်းရာဇဝင်ကိုသော်လည်းကောင်းလူသိရှင်ကြားထုတ်ပြန်ထားသည်မှာအနည်းအ ကျဉ်းသာ ရှိသည် ]

မသွားမဖြစ်ခရီးဖြစ်နေသဖြင့်အစစအရာရာကြိုတင်ဆက်သွယ်ပြင်ဆင်မှုများစွာကိုပြုလုပ်ခဲ့ရပါသည်။သက်ဆိုင်ရာသို့တိုင်ကြားပြီးလုပ်ထုံးလုပ်နည်း ၊နည်းလမ်းများစွာဖြင့် ဥပဒေအရ သွားရောက်ခေါ်ဆောင်ပါကရနိုင်သော် လည်းအချိန်ကြန့်ကြာခြင်း၊တစုံတရာလွဲချော်ခြင်းများရှိမည်ကိုလည်းစိုးရိမ်မိလေသဖြင့်ဥပဒေကိုနားမလည်၊ သက်ဆိုင်ရာတာဝန်ရှိသူများအားမကိုးလိုသောသဘောမျိုးမဟုတ်ပဲ ထိုနည်းလမ်းကိုဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားရှိလေသည်။

မြဝတီမြို့တွင် စာရေးသူ၏အမျိုးတော်စပ်သူထားဝယ်သားတစ်ဦးပိုင်ဆိုင်သောယူနီယံ ဟိုတယ်ရှိလေရာသူ့ထံ သို့ရန်ကုန်ကတည်းက ဖုန်းဆက်ထားခဲ့လေသည်။ညနေ ၅ နာရီခွဲခန့်ရောက်ရှိခဲ့လေရာမိမိကြိုတင်ယူထားသော အခန်းသို့ဝင်နားခြင်းမပြုနိုင်သေးပဲ သူနှင့် ဟိုတယ်၏ဧည့်ခန်းမတွင်ထိုင်ကာအသေးစိတ်ပြောပြဆွေးနွေးခဲ့ရလေ သည်။

မန်နေဂျာကပါအမျိုးအရင်းဖြစ်နေလေရာ သူတို့ ၂ ဦးက အစ်မပြောပြတာအပြင်ကျွန်တော်တို့သိထားတာ ကအဲဒီရွှေကုက္ကိုဆိုတာအတွင်းကိုဝင်ဖို့ တောင်သိပ်မလွယ်ဘူးသိထားပါတယ်။အခုလဲ Lock Down ချထားတယ် လို့ကြားရပြီးတိတိကျကျသတင်းထုတ်ပြန်တာမျိုးတော့မတွေ့ရပါဘူး။အဲဒီတော့ဒီလိုလုပ်ပါ ။ အစ်မချိတ်ဆက် ထားတဲ့အဖွဲ့အစည်းရှိတယ်ဆိုရင်အစ်မအစီအစဉ်အတိုင်း အရင်လုပ်ပါ။

အကယ်၍မဖြစ်ဘူးဆိုရင်တော့ ကျွန် တော်တို့ပါတ်သက်ရာပါတ်သက်ကြောင်းတွေနဲ့ မရ ရအောင်ခေါ်ထုတ်ပေးပါ့မယ် လို့ အာမခံပြောကြားကြလေ သည်။ခင်ပွန်းနှင့်စာရေးသူတို့ အခန်းထဲဝင်ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲကာ ဒရိုင်ဘာကောင်လေးနှင့် အတူဟိုတယ်ပရဝဏ်အတွင်းရှိ ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်တွင်ပင် ညနေစာခတ်သုတ်သုတ်ထမင်းစား လိုက်ကြလေသည်။

အကြောင်းမှာအဖွဲ့အစည်းတစ်ခုနှင့်ချိန်းဆိုထားသောကြောင့်ပင် ။ထမင်းစားပြီးမကြာမီပင် ချိန်းဆိုထားသောအဖွဲ့အစည်းမှခေါင်းဆောင်–အစ်ကိုကြီးတစ်ဦးကဲ့သို့လေးစားခင်မင်ရင်းနှီးရသူနှင့်သူ၏ရဲ ဘော်များဟိုတယ်တွင်းသို့ရောက်ရှိလာပါတော့သည်။

စာရေးသူတို့မှာဧည့်ခန်းတွင်စကားမပြောလိုသဖြင့်သူ၏ ကားပေါ်မှရဲဘော်များကိုခဏဆင်းစေပြီးခင်ပွန်းနှင့်စာရေးသူတို့ကားပေါ်တက်ကာစိတ်ချရသောနေရာသို့လိုက်ပါလာခဲ့ပါသည်။

စာရေးသူမှဖြစ်ကြောင်းကုန်စင်ပြောပြရာ အစ်ကိုကြီးမှ မိဘအုပ်ထိမ်းသူကလည်းသဘောမတူဘူး ၊ကာယကံရှင် ကလဲဆက်လက်မလုပ်ကိုင်လိုတော့ပဲအလုပ်ထွက်ချင်တယ်။မိဘတွေကလည်းလူကိုယ်တိုင်လာခေါ်တယ် ။ အဲဒါကိုမှပြန်မလွှတ်ပေးရင် မိုးတက်င်္ပြီး မီးနဲ့ရှို့မယ် ။ အခုဒီကပြန်တာနဲ့အားလုံးစီစဉ်မယ်။ငါ့ညီမတို့အေးဆေးနား ပေတော့ ။

မနက်ဖြန် ၁၀ နာရီတိတိမှာစမယ်။အဆင်သင့်ပြင်ထားပြီးစောင့်နေလို့ပြောပါသည်။ဖြစ်ရဲ့လားအစ်ကို ကြီးရယ်လို့မေးတော့ သူတို့က နည်းလမ်း တစ်ထောင်ဆိုရင် အကိုကြီးမှာ နည်းလမ်းတစ်သောင်းရှိတယ်လို့ပြော ပါသည်။

ညဘက်အိပ်မပျော်ပဲနိုးတစ်ဝက်၊အိပ်တစ်ဝက်ဖြင့်မိုးလင်းခဲ့လေသည်။နောက်နေ့နံနက် ၇ နာရီရောက်တော့အိပ် ရာမှထ၊ရေချိုးခန်းဝင်ပြီး အဝတ်လဲကာ ဟိုတယ်မှကြွေးသောနံနက်စာကိုစား ။ ဧည့်ခန်းတွင်းခင်ပွန်းနှင့်အတူ စောင့်ဆိုင်းနေခဲ့သည်။

၁၀နာရီခန့်တွင်အစ်ကိုကြီးမှရဲဘော်တစ်ဦးလွှတ်အခေါ်ခိုင်းလေသည်။စာရေးသူ၏အစ်ကိုမှစီစဉ်ပေးလိုက်သောကားမှာကရောင်းအမျိုးအစားဖြစ်သဖြင်တောလမ်းကြမ်းတွင်မောင်းနှင်၍မရနိုင်လေရာအကိုကြီး ကသူ့ကားကိုသာအသုံးပြုစေသည်။အကိုကြီးနဲ့တွေ့သောအခါ ဒီမှာခဏစောင့်နေလိုက်ဦး ။ ၁၁ နာရီခွဲလောက် နယ်ခြားစောင့်တပ်ကဗိုလ်မှုးတစ်ယောက်နဲ့အရင်သွားတွေ့ပြီးနားထောင်ကြည့်။

ရန်ကုန်က ဗိုလ်မှုး ( ) ဖုန်းဆက်ထားတယ်လို့ပြောသဖြင့်ခဏထိုင်ကြပါသည်။ ၁၁ နာရီခွဲတော့ နယ်ခြားစောင့်တပ်၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော ကြေးကြီးကြက်ဝိုင်းရှိရာအဆောက်အဦးသို့ထွက်ခွာရောက်ရှိခဲ့ကြပြီး နယ်ခြား စောင့်တပ်မှ ဗိုလ်မှုး ( ) နှင့်တွေ့ဆုံပြောဆိုခဲ့လေသည်။

ထိုဗိုလ်မှုးမှ အမည် ၊ကုမ္ပဏီ၊ ဓာတ်ပုံ အဖြစ်အပျက် အလုံးစုံကိုမေးမြန်းမှတ်သားပြီး မည်သူ့ထံသို့ဖုန်းဆက်သည်မသိရ။တစ်နေရာမှစောင့်ဆိုင်းနေပါရန်ပြောပါသည်။ ပြီးပြီးရောပြောနေသလိုစိတ်ထဲထင်မိသဖြင့်မြို့တွင်းသို့ပြန်လည်ထွက်ခွာလာခဲ့လေသည်။

အစ်ကိုကြီး ကိုပြောပြသောအခါ ခေါင်းယမ်းပြီး ၊ ဒီလိုလုပ် – ညီမလေးတို့နဲ့အကိုကြီးရဲဘော် ၂ယောက်ရွှေကုက္က်ုကိုချီတက် ပေတော့ ။ဒီကနေဖုန်းနဲ့ဘာပြီးရင် ဘာလုပ်လို့ပြောမယ်။နောက်ဆုံးမှအကိုကြီးဝင်မယ်။သွားပေတော့ ။အခု တောင်အလုပ်ကမစရသေးဘူး ။သူတို့ကိုအသိကြိုပေးသလိုဖြစ်နေပြီ ဟုဆိုလေသည်။

စာရေးသူတို့မြဝတီမှထွက်လာတော့နေ့ခင်း ၁၂ နာရီခွဲပြီ ။မြဝတီမြို့သို့မရောက်မီ သင်္ကန်းညီနောင်မှလမ်းခွဲပါသည်။သင်္ကန်းညီနောင်မှ မိုင်၃၀ ကျော်တောလမ်းခရီး(ကား လမ်းကြမ်း)ဖြစ်ပြီး လမ်းတစ်လျောက်ခေါင်ပါသည်။

ရွှေကုက္ကိုဟုခေါ်၍BGF ( Border Guard Force )နယ်ခြားစောင့်တပ်အခြေစိုက်ထားပြီး တပ်မှုးမှာဗိုလ်မှုးချစ်သူ ဖြစ်ပါသည်။ထိုရွှေကုက္ကိုရွာတွင်တရုတ်လူမျိုးများ ၊ မြို့တည်ထားသလိုမျိုးခေတ်မီခိုင်ခန့်သောအဆောက်အဦး သစ်များစွာဆောက်လုပ်ထားရှိပြီး အတွင်းတွင် တရုတ်လူမျိုးများမှအပ မည်သည့်လူမျိုး၊မည်သည့်အဖွဲ့အစည်း မျှဝင်ရောက်ခွင့်မရှိပါ ။

ခိုင်ခန့်မြင့်မားသောလေးဘက်လေးတန်တံတိုင်းများထားရှိပြီး ထိုပရဝဏ် တစ်ခုလုံးကို BGF မှ လက်နှက်ကိုင်များစွာဖြင့်အစောင့်အရှောက်ပေးထားသည်။တစ်ဆင့်မှတစ်ဆင့်သို့ဂိတ်များစွာထားရှိပြီး အဝင်အထွက်လုံခြုံရေးကိုလွန်စွာတင်းကြပ်ထားပါသည်။

တရုတ်စာနှင့်အပြောကျွမ်းကျင်သည့်မြန်မာနိုင်ငံသူ အသက် ၂၀ ဝန်းကျင်ခန့်မိန်းမပျိုလေးများစွာကို ကုမ္ပဏီဝန်ထမ်းအဖြစ်ထားရှိထားပြီးအပြင်ထွက်ခွင့်၊ဧည့်တွေ့ ဆုံခွင့်လုံးဝမရှိပါ ။

ကြီးမားကျယ်ပြန့်လှသောပရဝဏ်ကိုခိုင်မာစွာကာရံ၍လက်နှက်ကိုင်အစောင့်အရှောက်များချ ထားသည့်အပြင် ထောင့်ပေါင်းစုံတွင် CCTV ကင်မရာများတပ်ဆင်ထားသည်။အတွင်းရှိအဆောက်အဦးတစ်လုံး ချင်းစီကိုလည်း လေးဘက်လေးတန်ကူးလူးသွားလာ၍မရစေရန်မြင့်မားစွာကာရံထားသည့်ပြင်အဆောက်အဦး တစ်လုံးချင်းစီအတွက်အစောင့် ၂ ဦးထားရှိလေသည်။

တရုတ်လူမျိုးများနှင့်ပါတ်သက်သောကမ္ဘာအရပ်ရပ်ရှိဒုစရိုက်လုပ်ငန်းမျိုးစုံကိုဤနေရာမှထိန်းချုပ်သည်ဟုသိရှိရ ပါသည်။ထိုကုမ္ပဏီကြီး၏အမည်မှာ ရ – ထိုက် ( Ya Tai )ဟုသိရပြီးထိုကုမ္ပဏီကြီးဌာနများစွာအနက်နိုင်ငံတ ကာ ဟုသိရပြီးထိုကုမ္ပဏီကြီးဌာနများစွာအနက်နိုင်ငံတကာအွန်လိုင်းလောင်းကစားကုမ္ပဏီ၏အမည်မှာ ( Ya Tai FF ) ဟုနောက်ဆုံးသိရှိရသည်။

ရ-ထိုက်ကုမ္ပဏီ ( Ya Tai Company ) ၏သူဌေးအမည်ကို မည်သူတစ်ဦးတစ်ယောက်မျှမသိရှိရပဲ နောက်ဆုံး ဒေသဆိုင်ရာရှိသိရှိသူများ၏ပြောကြားချက်အရ အမေရိကန်မှအလိုရှိနေသော မာဖီးယားခေါင်းဆောင်တစ်ဦးဟု အများပြောဆိုကြသဖြင့်သိရှိရပါသည်။

တစ်နာရီသာသာမောင်းနှင်ပြီးနောက်ရွှေကုက္ကိုဆိုင်းဘုတ်ကြီးနှင့် ကြီးမားလှသော BGF မုခ်ဦးကြီးနှင့်အတူ ၊ စက် သေနတ်ကြီးများတင်ထားသော ဘရင်းကယ်ရီယာကြီး ၂စီး ၊ အမေရိကန်ထုတ်စစ်ရောင် ဟမ်းမားကား ၂ စီးတို့ ရပ်တန့်လျှက် BGF ပြောက်ကျားယူနီဖောင်းဝတ်ရဲဘော် ၆ ဦးခန့် လက်နှက်အပြည့်အစုံနှင့် ။

သံဆူးကြိုးများပါတ် ထားသောအတားအဆီးများချလျှက်၊အလယ်တည့်တည့်တွင်ဆန်အိပ်များချထားသောဘန်ကာအနေအထားဖြင့် တွေ့ရလေသည်။မနီးမဝေးမှရပ်တန့်အကဲခတ်ရာ ပထမဆုံးအဝင်အထွက်ပင်တင်းတင်းကြပ်ကြပ်မေးမြန်းသည် ကိုတွေ့ရလေသည်။Lock Down ချထားသည်ဆိုသည်မှာမမှန်ကန်ပါ။

မည်သို့ပြောဆိုဝင်ရောက်ရမည်မသိ၊အမှန်အတိုင်းပြောပြပါကတွေ့ခွင့်ခေါခွင့်မပြုကြောင်းအသေအချာသိရလေသည်။စဉ်းစားမိသည်မှာအခုနကBGFဗိုလ်မှုးပြောတဲ့စကားထဲမှာဗိုလ်မှုး( )ဆိုပြီးအမည်ခေါ်သံကြားသလိုလိုရှိသည်။မမှန်ရင်လဲ ပြန်လှည့်ပြီးတစ်နေရာကနေရုံပဲလို့တွေးပြီကားကိုမောင်းဝင်စေလိုက်သည်။ခင်ပွန်းဖြစ်သူ ကငါတို့ကို ဗိုလ်မှုး ( ) နဲ့တွေ့ဖို့ရှိလို့ဟုပြောလိုက်လေသည် ။

အဝမှရဲဘော်မှခြေထောက်ကိုဖြောင်းကနဲဆန့် လိုက်ပြီးသွားပါ ဟုပြောကာ တားဆီးထားသောသံဆူးအကာကိုနောက်တစ်ဦးမှမရွှေ့ပေးလိုက်လေသဖြင့် ဆက် မောင်းဝင်လာခဲ့လေသည်။ ဒုတိယဂိတ်သို့လည်းထိုအတိုင်းပင်ဖြတ်ကျော်နိုင်ခဲ့လေသည်။

BGFတပ်မှုးဗိုလ်မှုးကြီးစောချစ်သူ၏နေအိမ်ကိုအစောင့်အရှောက်များစွာဖြင့်တွေ့ရလေသည် ။၁၀မိနစ်ခန့်မောင်းခဲ့ပြီး တွေ့ရပါပြီ ။ကြီးမားကျယ်ပြန့်ခမ်းနားသောပရဝဏ်အတွင်းရှိ ၃ ထပ် အဆောက်အဦး များကိုပါ ။

အဆောက်အဦးအမှတ် ၁၀ ဟုသိရသော်လည်း မည်သည့်အဆောက်အဦးမှန်းမသိရ ။ဗီဒီယိုဖိုင်ထဲတွင်တွေ့မိသောခပ်ဆင်ဆင်နေရာတွင်ရပ်လိုက်ပြီး လေးဘက်လေးတန်ကာရံထားသောဂိတ်ဝများ တစ်ပေါက်လျှင် Guard ၄ ဦးခန့်စီ walkie talkie များဖြင့်တွေ့ရသည်။ တရုတ်လို၊ဗမာလို ၊ကရင်လိုရေလည်သည်။ဆိုင်ကယ်များလည်းအဆင်သင့်။

ပြောပြတော့ ခေါ်ပေးလို့မရ ။တွေ့လို့မရ သာစကားပြန်ရသည်။လေးဘက်အကာအရံအတွင်းတွင်အဆောက်အဦးတစ်ခုလျှင်ထပ်မံ၍ သံတံခါးများကာရံ ထားလေသည်။

စာရေးသူတို့ Guard များနှင့်စကားရပ်ပြောနေသောဂိတ်ဝနှင့် မလှမ်းမကမ်း ရှိသုံးထပ်အဆောက်အဦးအဝင်သော့ခတ်ထားသောသံတံခါးအဝလေးတွင်လက်လေးတစ်ဖက်ထွက်နေသဖြင့် စာရေးသူမှ သမီးဟုလှမ်းအော်ကြည့်ရာ အန်တီရေ ဟုပြန်ထူးသံကြားရပြီး အန်တီ၊သမီးအဲဒီကိုလာလို့မရဘူး ။ ဘယ်လိုလုပ်ရမလဲအန်တီရယ်ဟုအသံကို ကြားလိုက်ရလေရာ စာရေးသူရင်ထဲနင့်ကနဲဖြစ်သွားရလေသည်။

သမီး သမီး အန်တီရအောင်ခေါ်မယ်မငိုနဲ့မငိုနဲ့ဟုပြောရာ အဝမှ Guard များမှရယ်မောကြပြီး ၊မရယ်သူများမှလည်းစပ်ဖြဲဖြဲမျက်နှာမျိုးတွေ့ရသဖြင့်အတော်လေးတော့ခံစားလိုက်ရပါသည်။

ကားပေါ်ပြန်တက် ပြီးနောက်ဆုတ်ကာလှည့်ပြီးတစ်ဖက်မျက်နှာစာဂိတ်သို့လှည့်ဝင်ခဲ့ပြီးပြောဆိုခဲ့သော်လည်းထိုအတိုင်းပင်။ကြက် ဝိုင်းတွင်တွေ့ခဲ့ရသောဗိုလ်မှုးထံသို့ဖုန်းဆက်သော်လည်းသူတို့အစီအစဉ်မှာ တရားဝင်ခေါ်ယူခြင်းမျိုးမဟုတ်ပဲ တူမလေးအားတစ်နေရာသို့ထွက်လာစေကာ ကားပေါ်တင်အလစ်သုတ်မည့်အနေအထားဟုပြောသဖြင့်စဉ်းစား ၍မရနိုင်အောင်ဖြစ်သွားရလေသည်။

ဒီမြေဟာအမိနိုင်ငံကပိုင်တဲ့မြေ ။ဒီမြေပေါ်မှာ လာနေတဲ့နိုင်ငံခြားတရုတ် ကုမ္ပဏီကို နယ်ခြားစောင့်တပ်မှဗိုလ်မှုးတစ်ယောက်ကဘာဖြစ်လို့ကြောက်နေသလိုမပြောရဲမဆိုရဲဖြစ်နေရပါသ နည်း။

မဟုတ်တာ မမှန်ကန်သောလုပ်ရပ်မျိုးလုပ်တာလည်းမဟုတ်၊မိဘအုပ်ထိမ်းသူနှင့်ကာယကံရှင်တို့ကဆန္ဒမ ရှိ ဆက်အလုပ်မလုပ်လိုသဖြင့်အလုပ်ထွက်စာတင်ထွက်ခွင့်တောင်းခံခြင်းသာ ။အလုပ်မဝင်မီ စာချုပ်ချုပ်ထားတာများရှိသလား၊လျော်ကြေးတွေဘာတွေပေးရမလားမေးတော့လည်းတူမလေးဖြစ်သူထံမှလုံးဝမရှိပါ ။ဟုတိတိကျကျသိရပါသည်။ဒါဆိုဒီအတိုင်းအသာတကြည်တေ့မလွယ်တော့ ။

အစ်ကိုကြီးထံမှဖုန်းဝင်လာသည် ။ညီမလေး ကျော်လှဂိတ်မှာစောင့် ။အကိုကြီးတို့အဖွဲ့ခဏနေရောက်လာမယ် ပြောလာသည်။မကြာမီအစ်ကိုကြီးတို့ရောက်လာပြီး ဒီကနေပဲစောင့်မယ်။အကိုကြီး ရထိုက်( Ya Tai Co}က တရုတ်ဘာသာစကားပြန် အဝယ်တော်ကိုစောင့်ကြမယ်။နားမလည်သော်လည်းအစ်ကိုကြီးပြောနေလို့ဘာမှပြန်မမေးပဲနေ လိုက်သည်။

တစ်နာရီခန့်ကြာသောအခါ Vigo အဖြူရောင်တစ်စင်းမောင်းဝင်လာပြီးအစ်ကိုကြီးကားဘေးတွင် ရပ်ကာလူငယ်တစ်ဦးဆင်းလာလေသည်။အကိုကြီးက ကဲအပိုတွေတော့သိပ်မပြောတော့ဘူးအခုဟာကမိဘ လဲပါတယ် ။လာခေါ်တာ ။ကောင်မလေးကလဲမလုပ်ချင်တော့ဘူး ။အလုပ်ထွက်အပြီးပြန်မှာ ။သူဌေးလဲမလိုဘူး။

မင်းတို့ဒီက ကြီးကြပ်ရေးမှုးလောက်နဲ့ပြီးတဲ့ကိစ္စကိုအကျယ်ကြီးချဲ့ချင်တယ်ဆိုရင်လုပ်ကြည့် ။ပစ်တာခတ်တာ တွေဖြစ်ရင်မင်းတို့ပဲနာမှာ ။နောက်ပြီးပါတ်သက်ရာပါတ်သက်ကြောင်းတွေလဲပါတယ်။ကြီးမယ်ဆိုအကြီးကြီးထိ ဖြစ်သွားနိုင်တယ် ။အဲဒီတော့အေးအေးဆေးဆေးအလုပ်ထွက်ခွင့်ပြုပြီးသူ့မိဘနဲ့ပြန်ထည့်ပေးမလား။ဒါမှမဟုတ် ဒုတိယတစ်ခုလား ။အခုပြောတဲ့စကားတွေကမင်းကိုပြောတာမဟုတ်ဘူး ။ဒီအထဲကအခွင့်ပိုင်ဆိုင်မယ့်ကောင်ကို မင်းငါပြောတဲ့အတိုင်းသွားပြောလိုက် ။ငါတို့ဒီမှာပဲစောင့်နေမယ် ။သွာ…း ဟုပြောလေသည်။

မိနစ်၄၀ခန့်အကြာတွင်အခုနက စကားပြန် အဝယ်တော်ပြန်ရောက်လာပါသည်။စာရင်းရှင်းတမ်းပြုလုပ်ရန်နှင့် နှုတ်ထွက်ခွင့်စာ ၊ဓာတ်ပုံစသည်တို့ စီစဉ်ရမည်ဖြစ်သဖြင့်ယနေ့ညနေ ၅နာရီခွဲပြီဖြစ်ရာမမှီတော့ကြောင်း၊တရား ဝင်နှုတ်ထွက်ခွင့်ပြုပါသည့်အကြောင်း၊လစာမှာ ၆ လပြည့်မှထုတ်ယူခွင့်ရှိမည်ဖြစ်သည့်ကုမ္ပဏီစည်းကမ်းရှိပါ ကြောင်း ၊မနက်ဖြန်မနက်၉နာရီတိတိတွင်ကုမ္ပဏီမှကားဖြင့်ရွှေကုက္ကိုဂိတ်ဝထိပို့ဆောင်ပေးမည်ဖြစ်သဖြင့်လာ ရောက်ကြိုနိုင်ကြောင်းပြောပါသည်။

စာရေသူတို့မြဝတီသို့ပြန်ခဲ့ကြရာတူမလေးက အန်တီရေမထားခဲ့နဲ့နော်ဟုဖုန်းဖြင့်လှမ်းပြောသဖြင့်မနည်းနှစ်သိမ့် ခဲ့ရပါသည်။အပြန်တွင်အကိုကြီးတို့ကအရှေ့မှသွားခဲ့ပြီးတစ်နေကုန်ထမင်းမစား ရေမသောက် အပေါ့မသွားရ လေသဖြင့်နောက်ချန်နေခဲ့မိရာ တောမှောက်သည်လား ဘာလားမသိ။ကားမှာတစ်ဝဲလည်လည်ဖြင့်တစ်နေရာ တည်းပြန်ပြန်ရောက်နေလေသည်။နောက်ကလိုက်လာမည်ထင်ပြီးအတော်ဝေးမှမပါကြောင်းသိရသဖြင့်ပြန်လာ ခေါ်တော့မှလမ်းတည့်သွားတော့သည်။

နောက်တစ်နေ့နံနက် ၉ နာရီအရောက်ရွှေကုက္ကိုအဝင်တွင်စောင့်နေခဲ့ရာ တူမလေးကိုကားတစ်စင်းဖြင့်လိုက်လံ ပို့ဆောင်လာခဲ့သဖြင့်ကားပေါ်မှအဆင်းတွင်ပြုံးပြုံးပြုံးပြုံးဖြင့်တွေ့ရပါလေတော့သည်။

ဟိုတယ်တွင်တစ်ရက်ထပ်မံတည်းခိုပြီးအကိုကြီးတို့အဖွဲ့နှင့်တွေ့ဆုံကျေးဇူးတင်နုတ်ဆက်စကားပြောခဲ့လေသည်။အလွန်လေးစားဖွယ်ကောင်းသည်မှာ မည်သည့်လက်ဆောင်ပဏာ ငွေကြေး တပြားတချပ်မှပေး၍မရခြင်းပင်။ဘယ်လိုပြောပြော လက်မခံပါ။ယူနီယံဟော်တယ်ပိုင်ရှင်ကိုမောင်ဦး ၊မန်နေဂျာကိုအောင်ကျော်ဆင့်တို့မှ ညစာဖြင့်ဧည့်ခံလေသည်။

နောက်တစ်ရက်နံနက် ၇နာရီခွဲတွင်ပြန်လည်ထွက်ခွာလာခဲ့ရာ ညနေ ၃နာရီခွဲခန့်တွင်ရန်ကုန်သို့ပြန် လည်ရောက်ရှိလာခဲ့ကြပါတော့သည်။
[တူမလေးပြောပြသည်မှာ သူသည် ပထမဦးဆုံးထွက်ခွင့်ရသူဖြစ်ကြောင်း။သူကဲ့သို့ အိမ်ပြန်လိုသူမိန်းမပျိုလေး များ ၈၀၀ ခန့်ရှိကြောင်း။

မိဘများလာရောက်ခေါ်လိုသော်လည်း တစ်ဦးတစ်လေမျှရောက်လာသည်ကိုမတွေ့ရ မသိရကြောင်း ၊အကယ်၍လာရောက်ခေါ်သူရှိပါကလည်းသူ့လိုနှုတ်ထွက်ခွင့်မရှိနိုင်ကြောင်း။

သူ့ကိုလည်းထိုနေ ရာမှမထွက်လာမီအန်တီတို့ပထမရက်လာစဉ်ညကတည်းက တစ်ဦးတည်းထားပြီးကျန်သူများနှင့်ထွက်ခွာချိန်ထိ ပေးမတွေ့တော့ကြောင်း။အပြင်ရောက်သွားပါက ဒီအထဲရှိအခြားလုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတစ်ဦးတစ်လေနှင့်မျှဘယ်လိုအဆက်အသွယ်မှမလုပ်ရန်တင်းကြပ်စွာမှာကြောင်းပြောပြပါသည် ]

(အမည်တချို့ချန်လှပ်ထားခဲ့ပါသဖြင့်နားလည်သည်းခံကြပါရန်)

(သက်ထားဗသိန်းတင်)