News

အလွဲများ မနေ့က မြဝတီဘဏ်မှာ ငွေသွားသွင်းတယ်

အလွဲများ

မနေ့က မြဝတီဘဏ်မှာ ငွေသွားသွင်းတယ် ၅၆သိန်းသွင်းတာ တစ်သောင်းတန်အတုတစ်ရွက်ပါလာတယ်

သူတို့က အတုအစစ်ခွဲတဲ့စက်နဲ့စစ်တာဆိုတော့ လွယ်လွယ်ကူကူဘဲအတုဆိုပြီးထွက်လာတယ် ကျွန်မရှေ့မှာဘဲစစ်တာပါ
အတုထွက်လာတော့ ကျွန်မကိုပြောတယ်

အတုတစ်ရွက်ပါလာတယ်အစ်မ ကျွန်တော်တို့သိမ်းပါမယ်တဲ့ ကျွန်မက နောက်တစ်ရွက်နဲ့ပြန်လဲပြီးပြန်ယူသွားမယ်ပြောတော့
ပြန်ယူလို့မရပါဘူးဆိုပြီးတံဆိပ်တွေရိုက်ပြီးသိမ်းလိုက်တယ် ရဲစခန်းကိုအပ်ရမှာပါလို့ပြောတယ် အဲ့ဒီ့အပြင် ကျွန်မကိုလဲ စာအုပ်မှာ နာမည် မှတ်ပုံတင်အမှတ် နေရပ်တွေရေးပြီး လက်မှတ်ထိုးခိုင်းတယ်

အဲ့ဒီ့တော့ကျွန်မကပြောတယ် ရဲစခန်းအပ်မယ်ဆို ကျွန်မတို့ ကိုယ်တိုင်လိုက်အပ်လို့မရဘူးလားဆိုတော့ မန်နေဂျာနဲ့တွေ့ပါလို့ပြောတယ် ကျွန်မလဲဝင်တွေ့တာပေါ့

မန်နေဂျာနဲ့စကားတွေပြောကြတော့ ကျွန်မလဲပြည်သူတစ်ယောက်အနေနဲ့ဒီလိုပိုက်ဆံကိုမတရားသိမ်းခံရတာခံပြင်းကြောင်းပြောတာပေါ့
သူတို့လဲဝန်ထမ်းဖြစ်တဲ့အကြောင်းနဲ့ ဗဟိုဘဏ်ကချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ရတာပါ သူတို့လဲနားလည်ပါတယ်တဲ့ ရဲစခန်းကိုကိုယ်တိုင်သွားရင် ဒီပိုက်ဆံကဘယ်ကရောက်လာမှန်းလဲမသိတော့ပိုအလုပ်ရှုပ်မှာစိုးလို့ပါတဲ့

ပြောချင်တာ ဒီမှာစပြီဘာမှမပြောခင် တစ်ခုကြိုပြောထားချင်တာ ဗဟိုဘဏ်သည် အစိုးရဝန်ကြီးဌာနတွေလက်အောက်ကမဟုတ်သော သီးခြားရပ်တည်နေတဲ့အဖွဲ့အစည်းတစ်ခုဆိုတာဦးနှောက်လေးနဲ့လဲစဉ်းစားပါဦး ဗဟိုဘဏ်ကလူကြီးမင်းတို့ရယ်နော်တစ်ခုခုဆို ပြည်သူကခံရဘက်ကချည်းဘဲပိုက်ဆံအတုတွေထွက်လာတယ်

ဘယ်ကထွက်လာတာလဲ ဘယ်သူတွေရိုက်နှိပ်ထုတ်ဝေနေတာလဲ ပြည်သူကမသိပါဘူး ကျွန်မအခုမိတဲ့အတုဆို ရုတ်တစ်ရက်ကြည့်ကြည့် သေချာကြည့်ကြည့် အတုမှန်းမသိပါဘူး အပြင်မှာဘယ်လောက်တောင်လည်ပတ်ပြီးမှန်းမသိ အတော်တောင်ဟောင်းနွမ်းနေပါပြီ ကျွန်မလက်ထဲရောက်လာမှ ကံဆိုးစွာဘဏ်အပ်တဲ့ထဲပါလာပြီး အတုဆိုပြီးသိမ်းခံရတာပါ

အတု အစစ်ကို ဘဏ်က professional တွေတောင် စက်ကြီးတွေနဲ့စစ်နေရတာပါ ကျွန်မတို့ပြည်သူတွေ တစ်ရွက်ချင်းဘယ်လိုစစ်ရမလဲ ဥပမာ တစ်သောင်းတန်၁၀အုပ်လောက် ငွေပေးငွေယူလုပ်ကြတဲ့အခါ အရွက်တစ်ထောင်လောက်ကို တစ်ရွက်ချင်းဘယ်လိုစစ်ရမလဲ နေရာတစ်ကာ အတုအစစ်ခွဲတဲ့စက်ကြီးသယ်သွားရမှာလား

ထွက်လာတဲ့နေရာတွေကိုတော့သေချာမစုံစမ်းမဖော်ထုတ်ဘဲ ပြည်သူလက်ထဲကပိုက်ဆံကို ဘဏ်တွေကနေ မတရားထိုင်သိမ်းနေတာတော့ ဗဟိုဘဏ်အနေနဲ့ တာဝန်ယူတာဝန်ခံမှုနည်းလွန်းပါတယ် ပြည်သူပေးတဲ့လစာစားနေကြပြီးပြည်သူအပေါ်မှာအနိုင်ကျင့်ရာကျလွန်းပါတယ်

ကျွန်မတို့ပြည်သူတွေက ဒီပိုက်ဆံအတုတွေကျွန်မတို့လက်ထဲဘယ်ကရောက်လာမှန်းမသိပါဘူး ဒါပေမယ့် သေချာတာက အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် ကျွန်မတို့လွယ်လွယ်တွင်းထဲကနှိုက်လာကြတာမဟုတ်ပါဘူး ခက်ခက်ခဲခဲပင်ပင်ပန်းပန်းရှာထားရတဲ့ချွေးနဲစာတွေပါ

ကျွန်မတို့အတွက်တန်ဘိုးကြီးပါတယ် ဒီလိုပိုက်ဆံတွေကို တစ်မိနစ် တစ်စက္ကန့်အတွင်းအတုဆိုပြီးသိမ်းခံလိုက်ရတဲ့အဖြစ်တွေက တစ်ကယ့်ကို ခံပြင်းစရာကောင်းလွန်းပါတယ် တစ်ကယ်ခံစားရပါတယ် မတရားရာကျလွန်းပါတယ် ပြည်သူကိုအနိုင်ကျင့်လို့ရလို့အနိုင်ကျင့်တယ်လို့ထင်ပါတယ်

တစ်ချို့သော ဝန်ထမ်းတွေ လက်လုပ်လက်စားတွေ ပင်စင်စားတွေ မရှိမဲ့ရှိမဲ့ ခြစ်ကုတ်ပြီး ဘဏ်မှာပိုက်ဆံလာစုလို့ ဒီလိုအတုတစ်ရွက်လောက်ပါလာပြီးသိမ်းခံရရင် သူတို့ခံစားချက်ဘယ်လိုတွေဖြစ်သွားမယ်ဆိုတာစဉ်းစားကြည့်ကြပါဦး

ပြီးတော့ ကိုယ့်ချွေးနဲစာလေးဘဏ်လာအပ်တာကို ကိုယ်လဲမသိ ကိုယ်လုပ်တာလဲမဟုတ်ဘဲနဲ့ လာအပ်တဲ့သူဆိုပြီး ပိုက်ဆံကိုသိမ်းတဲ့အပြင် တရားခံကြီးတစ်ယောက်လို မှတ်တမ်းယူလက်မှတ်ထိုးခိုင်းတာလဲ တော်တော်ကိုလူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့မြင်ပါတယ်

ပိုက်ဆံအတုထုတ်တဲ့ တရားခံအစစ်တွေက ပိုက်ဆံအတုတွေကိုဘယ်တော့မှဘဏ်မှာလာမအပ်ဘူးဆိုတာလောက်တော့ ဗဟိုဘဏ်ကလူတွေအသိဉာဏ်ရှိသင့်ပါတယ် ပုဇွန်ဦးနှောက်မဟုတ်ရင်ပေါ့လေအဲ့ဒီ့တော့မေးခွန်းလေးတွေမေးချင်ပါတယ်

ဗဟိုဘဏ်ရှင့်အခုလို အတုမှန်းမသိလို့ မျက်စိလည်လမ်းမှားပြီး ဘဏ်ထိရောက်လာတဲ့ပိုက်ဆံအတုတွေကိုထိုင်သိမ်းနေတာ တစ်ကယ်ဘဲ ပိုက်ဆံအတုတွေပပျောက်သွားဖို့အတွက် ထိရောက်တဲ့နည်းလမ်းပါလားရှင့်

ကျွန်မတို့ပြည်သူတွေရဲ့ချွေးနည်းစာတွေကိုဒီလိုဘဲ တာဝန်ယူမှုကင်းစွာထိုင်သိမ်းနေရတာကို တရားမျှတတယ်လို့ထင်ပါသလားရှင့်
အကယ်၍ ဗဟိုဘဏ် သို့မဟုတ် အခြားဘဏ်တစ်ခုခုက ဝန်ထမ်း ဒါမှမဟုတ် ဝန်ထမ်းမိသားစုတစ်ယောက်ယောက်လက်ထဲကို တစ်သောင်းတန်အတုတစ်ရွက်မတော်တဆရောက်လာခဲ့ရင် အတုကြီးမှန်းလဲသိနေပြီဆိုရင် ဘာလုပ်မှာလဲရှင့်

၁၀ရွက်ဆိုရင်ကော ဘာလုပ်မှာလဲရှင့်(အမှန်အတိုင်းဖြေပါ)ကျွန်မတို့ပြည်သူကတော့ အခါခါသေဘူးပျဉ်းဖိုးနားလည်ပြီမို့ ကိုယ့်လက်ထဲမတော်တဆအတုများရောက်လာလို့ကတော့ ကိုယ့်ချွေးနည်းစာကိုအမိုက်ခံပြီး အဆုံးမခံနိုင်ပါဘူးရှင့် စျေးတွေမှာထည့်သုံးပလိုက်မယ်ဆိုတာအသိပေးပါရစေ

အဲ့ဒီ့တော့ပြန်စဉ်းစားပါ ပိုက်ဆံအတုနဲ့ပတ်သက်ပြီး အခုထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကပြည်သူအပေါ်တစ်ကယ်ဘဲ တရားမျှတမှု ရှိ/မရှိဆိုတာ နဲ့ ထွက်လာတဲ့ပိုက်ဆံအတုတွေပပျောက်ရေးအတွက်တစ်ကယ်ဘဲ ထိရောက်မှုရှိ/မရှိဆိုတာ

😡😡😡😡😡😡

crd#.