ကိုရင် အိုမန်းဒီ ဖားနစ် ( ရှင်သီလရက္ခိတ )
တပည့်ကျော် အိုမန်းဒီ ဖားနစ်ဟာ သူ့အပေါင်းအသင်း ကိုရင်ဝတ်တော့ သူလည်း အာကျသွားလေရဲ့ ။
ဒါနဲ့ မိမိသင်္ကန်းကို သူ့ကိုပေးပါတဲ့ ။
ကိုရင် ဝတ်မလားဆိုတော့ ဝတ်မယ်တဲ့။
ဒါနဲ့ ဝတ်ပေးမယ်လို့ ပြောလိုက်တဲ့ နေ့ကတည်းက မနက်မိုးလင်းတာနဲ့ ကျောင်းရောက်နေပါတယ်။ ခုတော့ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်နဲ့ သာမဏေဖြစ်သွားပါပြီ ။
ကိုရင့်မယ်တော်နှင့် အဘွားက ကိုရင်ဝတ်တာကို တစ်ကြိမ်းတစ်ခါမှ မကြုံဖူးတော့ တော်တော်စိတ်လှုပ်ရှားနေကြပုံရပါတယ်။
သူတို့ကို ခင်းများတို့ အတော်ကံကောင်းတယ်၊ ဒိလိုမျိုး လူတိုင်းမဖြစ်နိုင်ဘူးလို့ ပြောပြတော့ အတော်ကျေနပ်နေကြပါတယ်။
နောက်ပြီး ကိုရင်အား အရိုအသေးပေးရန်နှင့် အိမ်ကြွလျှင် ကောင်းမွန်တဲ့နေရာထိုင်းခင်းပေးရန်သင်ပေးလိုက်ပါတယ် ။ “ဘုရားကား အောက်၊ မြောက်ကား အထက်” ဖြစ်မှာစိုးတာနဲ့ ကိုရင်တွေကို ရတနာသုံးပါးသာ အရိုအသေပေးစရာ ရှိတယ်လို့ အထူးမှာကြားထားရတယ် ။
ဘာကြောင့်လည်းဆိုတော့ သူတို့ယဉ်ကျေးမှုမှာ ကလေးတွေက ဒူးထောက် အရိုအသေပေးတဲ့ အလေ့အကျင့်ရှိပါတယ်။
ခရစ္စမတ်ကာလမှာ ဧည့်သည်တွေ ရောက်လာပြီး ကိုရင်တွေ လာဘ်လာဘရွှင်နေကြတော့ သူတို့ရဲ့ အုပ်ထိန်းသူများပါ သဘောကျ ကျေနပ်နေကြလေရဲ့ ။
အကယ်၍ ၇(P-7) တန်းရောက်တဲ့ အချိန်ထိ ကိုရင်ဝတ်ချင်စိတ်ရှိသေးရင် မြန်မာပြည်ပို့ဖို့ ယူဂန်ဒန်အရှင်နဲ့ ဆွေးနွေးထားပါတယ်။
ဝတ်ချင်းသူတိုင်းတော့ ဝတ်ပေးနိုင်တဲ့ အနေအထားမရှိသေးပါဘူး။
ဘာကြောင့်လဲဆိုတော့ နေရာထိုင်းခင်းနှင့် အစားအသောက်ကို လုံလောက်အောင် မပေးနိုင်သေးတဲ့အတွက်ဖြစ်ပါတယ်။
သစ္စာတရား နေရာတိုင်းမှာ ပျံ့နှံ့ပါစေ …
မောင်ရင်လေး( အာဖရိက )
ဆရာတော်TheReverend Adiccaအားခရစ်ဒက်ပေးပါသည်ဘုရား ။
#winhlaingoo