News

“မြန်မာ့ ပထမဆုံး ကိုဗစ်ကုသဆေးကို ထုတ်လုပ်နိုင်ခဲ့တဲ့ AA Medical ရဲ့ ဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတက ဝဏ္ဏကျော်ထင်ဘွဲ့ချီးမြှင့်”

ဇန်နဝါရီ(၄)ရက်၊ ၂၀၂၁။

AA Group/ AA Medical Products Ltd ရဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်ကို နိုင်ငံတော်သမ္မတက ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်လိုက်တယ်လို့ ဒီနေ့ ဇန်နဝါရီလ(၄)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကိုတော့ ပြည်သူတွေရဲ့ ကောင်းရာကောင်းကြောင်းအတွက် ထူးကဲကောင်းမွန်အောင် ဆောင်ရွက်ပေးလို့ ချီးမြှင့်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာဘဲ AA Medical Products က ကိုဗစ်ကုသဆေး Favipac ကို မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင်ပြီးလို့ ကြေညာခဲ့ပါသေးတယ်။

ဒါ့အပြင် AA Medical Products က ကိုဗစ်ရောဂါရှာဖွေရေးစက် Cobas 6800 နဲ့ ရောဂါရှာဖွေရေးဆေးရည်တွေကို လှူဒါန်းခဲ့ပါသေးတယ်။

ဒီနှစ်မှာတော့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ဦးဇော်မိုးခိုင်အပြင် မန္တလေးက ရွှေလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးမောင်ကိုကလည်း ရရှိခဲ့ပါသေးတယ်။

Photo : AA Medical ( ဦးဇော်မိုးခိုင်နှင့် ဇနီးဒေါက်တာစောနေနွယ် )

🇲🇲🇲🇲🇲🇲မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 ဗိုင်းရပ်စ်ပိုးအပါအဝင် Influenza ဗိုင်းရပ်စ်များကုသသောဆေးဝါး(သောက်ဆေး)ထုတ်လုပ် အောင်မြင်မှူ💪💪💪

Covid-19 virusအပါအဝင် influenza virus ကုသဆေး “FAVIPAC (Favipiravir 200mg) သောက်ဆေး💊💊💊”ကို COVID-19 လူနာများ၊ ပြင်းထန် တုတ်ကွေးလူနာများ (Mild to Moderate Symptom) အတွက် Pacific Medical Industries Ltd (PMI) အနောက်တိုင်းဆေးဝါးစက်ရုံမှ မြန်မာနိုင်ငံတွင်”ပထမဦးဆုံး”ထုတ်လုပ်ခြင်း၊ “FDA approval” ရရှိခြင်းနှင့် “လှူဒါန်းခြင်း”အမှတ်တရ

💊Pacific Medical Industries Ltd (PMI) သည် Russia, China, India, Taiwan, Japan, ဥရောပနိုင်ငံများနှင့် တောင်မေရိကားနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် Emergency Use Authorisation approval (အရေးပေါ်အခြေအနေတွင်သုံးစွဲရသောဆေး) အနေဖြင့်သုံးစွဲနေသော Favipiravir 200mg (Original Product’s Brand Name – Avigan from Japan) ကို PMI ၏ နိုင်ငံခြားသား Research & Formulation Scientist များ၊ Analytical Method Development Scientist များ နှင့်

မြန်မာ Pharmacist များပူးပေါင်းကာ PMIစက်ရုံ၏ R & D Center တွင် ပြည်ပမှတင်သွင်းလားသော raw material များအသုံးပြု၍ generic medicine အဖြစ် ထုတ်လုပ်နိုင်ခဲ့ပါသည်။ဤသို့ FAVIPAC (Favipiravir 200mg) PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး Covid19 Virus ပိုးအပါအဝင် Influenza virus ကုသဆေးဝါးထုတ်လုပ် အောင်မြင်မှူဖြစ်ပါသည်။

💊အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနသို့ အောက်တိုဘာလဆန်းတွင် Registration Sample & Registration Dossier အပ်နှံ၍ ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ​၏ ဒီဇင်ဘာ(၂၃)ရက်နေ့အကြောင်းစာအရ ခွင့်ပြုချက်ရရှိခဲ့​ပါသည်။

💊FAVIPAC (Favipiravir 200mg) သောက်ဆေးကို Covid-19 ရောဂါလက္ခဏာနှင့် Influzena တုတ်ကွေးရောဂါလက္ခဏာအနည်းငယ်ပြချိန်မှစ၍ သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှလျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

💊အားလုံးသိကြသော Remdesivir မှာထိုးဆေးဖြစ်ပြီး ဆေးရုံတွင် ၅-၁၀ရက်ခန့်ထိုးရသော အကြောဆေးဖြစ်ပါသည်။ Remdesivir ထိုးဆေးသည် PMI၏ Favipac(Favipiravir) ထက် အဆများစွာ ပိုမိုစျေးကြီးသော ထိုးဆေးဖြစ်သည့်အလျှောက် တိုင်းပြည်နှင့် အလှူရှင်များအတွက် စရိတ်စက ပိုမိုကြီးမြင့်စေသကဲ့သို့ သောက်ဆေးနှင့်ယှဉ်လျှင် side effects ပိုများနိုင်သည်ကိုလည်း လူတိုင်းသိကြပြီးဖြစ်ပါသည်။

💊ထို့ကြောင့် FAVIPAC သောက်ဆေးဖြင့် တိုင်းပြည်၊ အလှူရှင်၊လူနာနှင့် ဆရာဝန်များအတွက် တဖက်တစ်လမ်းက အ​ထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်။

💊ယခုဖြစ်ပွားလျှက်ရှိသော Covid-19 Pandemic ၏ ကုသဆေးဝါးများလိုအပ်ချိန်တွင် မြန်မာနိုင်ငံ၌ Covid-19 လူနာများနှင့် ပြင်းထန်တုတ်ကွေးလူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ

💊FAVIPAC (Favipiravir 200mg)ကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ central medical store department သို့ 30.12.20 တွင် tablets (10,000)ပေးပို့လှူဒါန်းခဲ့ပြီး၊
31.12.20 တွင် Tablets 15,000 ကို တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့၎င်းလှူဒါန်းခဲ့ပါသည်။

💊ဆက်လက်၍ Tablet 50,000 ကို တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို့ပေးအပ်လှူဒါန်းသွားမည်ဖြစ်ပါသည်🙏🙏🙏

#Omedia #Covid19 #Myanmar #AAMedical #UZawMoeKhine #PH