News

“ဦးဇော်ဇော်ရေ…ထိုင်းနိုင်ငံမှာ ဦးဇော်ဇော်ကို ရှိစေချင်တယ်ဗျာ….”

ဦးဇော်ဇော် ရေ….မဟာချိုင်မှာ ဦးဇော်ကို ရှိစေချင်လိုက်တာဗျာ…တိုးတက်ပါတယ် ဆိုတဲ့…ထိုင်းနိုင်ငံက မြန်မာတွေကို ကိုဗစ်ကုပေးမယ့်ယာယီဆေးရုံက ဦးဇော် ရဲ့ ဧရာဝတီစင်တာနဲ့မိုးနဲ့မြေလောက် ကွာခြားတယ်ဗျာ….

(မဟာချိုင် ဝပ်ကို့ကာ့ ထိုင်းဘုန်းကြီးကျောင်းထဲကမြန်မာတွေကို ကိုဗစ်ကုပေးမယ့် ယာယီဆေးရုံပစ္စည်းမပြည့်စုံပါ…)

(ထိုင်းနိုင်ငံ မဟာချိုင် ဘောလုံးကွင်းထဲက မြန်မာတွေအတွက် သီးသန့်ကိုဗစ်ကုသရေးယာယီဆေးရုံ….ပစ္စည်းတွေ မပြည့်စုံပါ)

ကျွေးတဲ့ ထမင်းဗူးကိုလည်း ကြည့်ပါအုံး….ဦးဇော် ထိုင်းက မြန်မာတွေကို တစ်ချက်လောက်တော့ ငဲ့ကြည့်ပေးပါအုံးနော်….

ထိုင်းက မြန်မာတွေ ပြည်တွင်းကိုငွေပြန်ပို့ရင် မြဝတီမြို့က ဦးဇော် ရဲ့ဧရာဝတီဘဏ်ကနေ အများဆုံးငွေလွှဲပို့ကြတယ် ဗျ… ဦးဇော် ကို ထိုင်းက မြန်မာတွေက ချစ်လည်းချစ် ယုံလည်း ယုံကြတယ်…ဆိုတဲ့ သဘောပေါ့ဗျာ….

မဟာချိုင် မှာ ခုကြည့်ပါ….မြန်မာလုပ်သားတွေကို သီးသန့်ထားကုသပေးမယ့် ယာယီဆေးရုံတွေက တစ်ခုက ဘောလုံးကွင်းထဲမှာ ရွက်ဖျင်တဲထိုး လေမလုံ မိုးမရွာလို့ မိုးရွာရင် မိုးပက်…နောက်တစ်ခုက ထိုင်းဘုန်းကြီးကျောင်းထဲမှာအသုဘမီးသင်္ဂြိုလ်တဲ့ သင်္ဂြိုလ်စက်ဘေးကဓမ္မာရုံထဲမှာ…..

ဒါတွေ ကျွန်တော်ရေးပြနေရတာပြည်ပထိုင်းနိုင်ငံမှာ ကျတော်တို့ မြန်မာလုမျိုးတွေ ဘယ်လောက်ထိ အနှီမ်ခံနေရလဲသိစေချင်လို့ပါ…..

ရဲမင်း(AAC မဟာမိတ်အဖွဲ့)ပြောရေးဆိုခွင့်ရှိသူ

ထိုင်းနိုင်ငံမဟာချိုင်အခြေစိုက်မြန်မာလုပ်သားကူညီ

စောင့်ရှောက်ရေးကော်မတီ…..