ဒီနေ့ ပျော်သည်
မိမိဆိုင်ရှေ့မှာချိတ်ထားတဲ့အရုပ်လေးတွေကိုရပ်ကြည့်နေတဲ့ကိုရင်လေးကို …
ကိုရင်လေးဘုရားဆွမ်း၊ ဆွမ်းဟင်းပြည့်စုံပါလားဘုရား လို့ မေးလိုက်တော့
ပြည့်စုံပါတယ် ဒကာမကြီး။
ကိုရင်လေးစာဝါလိုက်နေပါလားဘုရားဆိုတော့၁ တန်းပါ တဲ့ .
ကိုရင်ဘုရားအရုပ်လိုချင်လို့လားဘုရားလို့မေးလိုက်တော့
မိမိကို ပြုံးစိစိနဲ့ကြည့်ပြီးခေါင်းလေးငြိမ့်ပြတယ်။
ကိုရင်လေးလိုချင်တဲ့ကားအရုပ်လေးတွေကိုလှူပေးခဲ့တယ်။မိမိလှူပေးတာတွေ့တော့ဘေးကလူတစ်ချို့က …
ကိုရင်ဆိုတာစာသင်ရမှာလေ ကစားရမှာ မဟုတ်ဘူးတဲ့ .
အလွန်ဆုံးရှိ၆ – ၇ နှစ် အရွယ်မိဘ နဲ့ ဝေးပြီးခုလို အလွန်အေးတဲ့မန္တလေး ဆောင်းနံနက်ခင်း၆ – ၇ နာရီမိမိတို့ အများစုကုတင်ပေါ် စောင်ခြုံလို့ကွေးကောင်းတုန်း အချိန် …
အနွေးထည် ဦးထုပ်မပါခြေဗလာ နှင့်ဆွမ်းခံကြွနေတဲ့ဘုရားသားတော်ကိုရင်လေးနေရာဝင်ကြည့်ပါ🙏
ကလေးဘဝအရွယ်မှာသူလည်းအဖေ့အိမ်မှာ ပျော်ချင်မှာပဲအမေ့ရင်ခွင်မှာ နွေးထွေးမှုတွေလိုချင်မိမှာပဲလေ …မောင်နှမ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးဆော့ကစားချင်မိမှာပေါ့ …
ကိုရင်လေးကိုအရုပ်ပေးလှူခဲ့တာအပြစ်ဖြစ်တယ်တဲ့လား?
သူတို့လေးတွေစာဝါလိုက်ချိန်လိုက်ကစားချိန်ကစားနားချိန်နားပြီးသာသနာတော်မှာပျော်မှမြတ်စွာဘုရား သာသနာတော်ကြီးရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်လား?
ကိုရင်လေးတွေဆိုတာအနာဂါတ်ရဲ့စာချဆရာတော်လောင်းတရားဟောဆရာတော်လောင်းအရိယာလောင်း တွေလို့ပဲမြင်မိပါတယ် 🙏
သူတို့လေးတွေသာသနာတော်မှာပျော်ကြပါစေ 🙏
သာသနာတော်ကြီးကိုစောင့်ရှောက်နိုင်ကြပါစေ 🙏
ကိုရင်လေးကိုနောက်နောင်ဆွမ်းဟင်းမပြည့်စုံရင်ပဲဖြစ်ဖြစ်လိုအပ်တာရှိရင်ပဲဖြစ်ဖြစ်တပည့်တော်ဆိုင်ကိုကြွခဲ့ပါဘုရား ဆိုတော့
ကိုရင်လေး ပြုံးပြခဲ့တဲ့ အပြုံးကမိမိတစ်ဘဝလုံးအတွက်အမြဲ အမှတ်ရစေမှာဖြစ်သလိုမိမိတစ်ဘဝလုံးအတွက်အားတွေလည်းဖြစ်စေပါတယ်
😊😊😊
🙏ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု🙏
123118
Crd ; pln (ဖြူလွင်နီ) See Less