အဝီစိတွင်း ( စက်ရေတွင်း ) အငှားလိုက်တူးပေးပြီးရေတွင်းတူးခများ ရတာကို ခြိုးခြံချွေတာစားသောက်နေထိုင်ပြီး ခြစ်ခြစ်ကုပ်ကုပ် စုဆောင်းထားရှိပြီး စုဆောင်းရရှိငွေ ၄၅၀၂၀၀ဝိ/ လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ်ရရှိလာသောအခါ
၂၀၀ဝိ/ကိုသုံးစွဲရန်ချန်ထားပြီး လေးဆယ့်ငါးသိန်း ကျပ်ကို စလင်းမြို့သံဃာတော်များ အရုဏ်ဆွမ်းမခက်ခဲစေရန် စလင်းမြို့သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ရာသက်ပန်ငွေပင်ငွေရင်းပဒေသာပင်အဖြစ်စိုက်ထူလှူဒါန်းလိုက်ပါသောကုသိုလ်ရှင်ကြီးဖြစ်ပါတယ်ခင်ဗျား
ယခင်ကလည်းအမွေဆိုင်ဝိုင်းရောင်းရငွေမှမိမိဝေစုရသော ၂၁၀၀၀၀ဝိ/ နှစ်ဆယ့်တစ်သိန်းကျပ်ကို ဘခင်ကြီးဦးရာဆယ်၊ မိခင်ကြီးဒေါ်နှင်း အမ ဒေါ်လှလေး တို့အားရည်စူး၍ ရာသက်ပန်ငွေပင်ငွေရင်းဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းထားတာ အခုလှူတာနဲ့ဆိုရင် ပဒေသာပင်တန်ဖိုး ၆၆၀၀၀၀၀ ိ/ ခြောက်ဆယ့်ခြောက်သိန်းစိုက်ထူထားတဲ့ထာဝရအလှူရှင်ကြီးလည်းဖြစ်သွားပါပြီခင်ဗျား
ဆွမ်းလောင်းသင်းကြီးကို လစဉ်အလှူငွေ၁၀၀ဝိ/ နှုန်းနဲ့တစ်နှစ်ပါတ်လုံးနှစ်စဉ်မပျက်လှူဒါန်းနေတဲ့အာစိဏ္ဏကံ အလှူရှင်ကြီးလည်းဖြစ်ပါတယ်ခင်ဗျား။
စလင်းမြို့သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးမှာရာသက်ပန်ဆွမ်းပဒေသာပင်စိုက်ထူလှူဒါန်းထားကြတဲ့ အလှူငွေများကို ဘဏ်မှာစနစ်တကျအပ်နှံထားပြီး အရင်းကိုမလျော့ပါးစေဘဲ ရရှိလာတဲ့အတိုးအညွန့်များကိုသာဆွမ်းလောင်းလှူတဲကိစ္စများမှာသာသုံးစွဲတာဖြစ်လို့ အလှူရှင်များမရှိတော့သည့်တိုင်အောင်သား စဉ်မြေးဆက် အမြဲကုသိုလ်ရနေမယ့်အလှူဖြစ်ပါတယ်ခင်ဗျား
ဆွမ်းပဒေသာပင်အလှူရှင်များ သေချာနားလည်သဘောပေါက်နိုင်ကြစေရန်အလျှင်းသင့်လို့တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျား
ကနေ့ထူးထူးခြားခြားလှူဒါန်းသွားတဲ့ သဒ္ဓါတရားကောင်းလွန်းလှပြီး စိတ်ဓာတ်ခိုင်မာပြတ်သားလှပါသောဒါနသူရဲကောင်းကြီးဦးသန်းစိန် ရဲ့ စေတနာသဒ္ဓါတရားကို
လေးစားစွာ ချီးကျူးဂုဏ်ပြု သာဓုအနုမောဒနာခေါ်ဆိုလိုက်ရကြောင်းပါခင်ဗျာ။
Crd း UPho Thar
Copy တင်ပါသည်