News

အာဏာသိမ္းလိုက္ေၾကာင္း လူမႈကြန္ရက္ေပၚ တင္ခဲ့သည့္ အမ်ိဳးသမီးကို အမႈဖြင့္အေရးယူျပီ

လူမႈကြန္ရက္ေပၚမွေနျပီး Live လြင့္တင္ခဲ့သည့္ ဒလၿမိဳ႕နယ္မွ အမ်ိဳးသမီးၾကွးကို အမႈဖြင့္အေရးယူျပီ

တပ္မေတာ္က အာဏာသိမ္းလိုက္ေၾကာင္း လူမႈကြန္ရက္ေပၚ တင္ခဲ့သည့္ ဒလၿမိဳ႕နယ္မွ အမ်ိဳးသမီးကို အမႈဖြင့္ၿပီ

လူမႈကြန္ယက္တြင္ ႏိုင္ငံေတာ္အာဏာကိုတပ္မေတာ္က သိမ္းယူလိုက္ၿပီျဖစ္ေၾကာင္း ဗီဒီယိုဖိုင့္လႊင္တင္ခဲ့သည့္ ဒလၿမိဳ႕နယ္ ျပည္ေထာင္စု ႀကံခိုင္ဖြံ႕ၿဖိဳးေရးပါတီကိုယ္စားလွယ္ေလာင္း၏ ကိုယ္စားလွယ္ကို ဒလၿမိဳ႕မရဲစခန္းတြင္ ယေန႔ ဇန္နဝါရီ ၃ ရက္ ညေနပိုင္းတြင္ အမႈဖြင့္ခဲ့သည္။

” ဒလၿမိဳ႕ က်န္စစ္သားရပ္ကြက္က အမ်ိဳးသားတစ္ဦးက လူမႈကြန္ရက္က ဒီဗီဒီယိုဖိုင္ကိုေတြ႕ရွိၿပီး ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားခဲ့တယ္။

ဥပေဒျပဳ အေထာက္အကူျပဳအဖြဲ႕နဲ႔ေဆြးေႏြးၾကည့္တဲ့အခါမွာ ဆက္သြယ္ေရးဥပေဒနဲ႔ ၿငိစြန္းေနတာေၾကာင့္ ဒီအမ်ိဳးသမီးကို ရဲစခန္းမွာအမႈဖြင့္အေရးယူခဲ့တာပါဟု ” ဒလၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာစိန္ျမေအးကေျပာသည္။

အဆိုပါအမ်ိဳးသမီးမွာ ဒလၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း၏ ကိုယ္စားလွယ္ ေဒၚတင္တင္စိုးျဖစ္ေၾကာင္း သိရသည္။

“အစိမ္းကို ခ်စ္ေသာအားျဖင့္ ဒီည ၁၂ နာရီမွာ တပ္မေတာ္က အာဏာသိမ္းလိုက္ၿပီ။ ေဟ့ရွင္းလား ေပ်ာ္လားေဟ့၊ မတရားသျဖင့္ လုပ္တာမဟုတ္ဘူး ေျခ/ဥနဲ႔လုပ္သြားတာ၊ ေပ်ာ္သလားေဟ့ေမာင္တို႔ေရ”အစရွိသည့္ စကားခ်ပ္မ်ားကို ဇန္နဝါရီ ၁ ရက္ေန႔ live ထုတ္လႊင့္ခ်ိန္တြင္ ေဒၚတင္တင္စိုးက ေျပာဆိုခဲ့သည္။

“တပ္မေတာ္အေပၚ အထင္အျမင္လြဲမွားေစသလို႔ အစိုးရရဲ႕ ပုံရိပ္ကို ထိခိုက္ေစတာေၾကာင့္ ဥပေဒျပဳအေထာက္အကူအဖြဲ႕နဲ႔ တိုင္ပင္ၾကည့္ေတာ့ ဒီလို႔မ်ိဳး လႊင့္တဲ့ဟာက ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၈ -က နဲ႔ ၿငိေနတာေတြ႕ရတယ္။

ဒီလိုမ်ိဳးမွ မဟုတ္ရင္ မျဖစ္သင့္ မျဖစ္ထိုက္တာေတြျဖစ္လာမွာစိုးတဲ့အတြက္ေၾကာင့္ ဒီေန႔ညေန ၃ နာရီမွာ အမႈဖြင့္လိုက္တယ္။ တည္ၿငိမ္ေနတဲ့ႏိုင္ငံေရးအခင္းအက်င္းကို ျပည္သူေတြအထင္ျမင္ မွားေအာင္ျဖစ္ေအာင္ မလုပ္ေဆာင္သင့္ဘူး၊

သူေျပာဆိုခဲ့တဲ့ ဗီဒီယိုဖိုင္ေတြ အသုံးအႏႈန္းေတြကို သက္ေသခံအျဖစ္ ဒီေန႔တင္သြင္းတယ္” ဟု အမွတ္ ၁ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းရင္က ေျပာသည္။

Source: Myanmar Time

လူမှုကွန်ရက်ပေါ်မှနေပြီး Live လွင့်တင်ခဲ့သည့် ဒလမြို့နယ်မှ အမျိုးသမီးကြှးကို အမှုဖွင့်အရေးယူပြီ

တပ်မတော်က အာဏာသိမ်းလိုက်ကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် ဒလမြို့နယ်မှ အမျိုးသမီးကို အမှုဖွင့်ပြီ

လူမှုကွန်ယက်တွင် နိုင်ငံတော်အာဏာကိုတပ်မတော်က သိမ်းယူလိုက်ပြီဖြစ်ကြောင်း ဗီဒီယိုဖိုင့်လွှင်တင်ခဲ့သည့် ဒလမြို့နယ် ပြည်ထောင်စု ကြံခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်ကို ဒလမြို့မရဲစခန်းတွင် ယနေ့ ဇန်နဝါရီ ၃ ရက် ညနေပိုင်းတွင် အမှုဖွင့်ခဲ့သည်။

” ဒလမြို့ ကျန်စစ်သားရပ်ကွက်က အမျိုးသားတစ်ဦးက လူမှုကွန်ရက်က ဒီဗီဒီယိုဖိုင်ကိုတွေ့ရှိပြီး ကျွန်တော်တို့ကို အကြောင်းကြားခဲ့တယ်။

ဥပဒေပြု အထောက်အကူပြုအဖွဲ့နဲ့ဆွေးနွေးကြည့်တဲ့အခါမှာ ဆက်သွယ်ရေးဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ဒီအမျိုးသမီးကို ရဲစခန်းမှာအမှုဖွင့်အရေးယူခဲ့တာပါဟု ” ဒလမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးကပြောသည်။

အဆိုပါအမျိုးသမီးမှာ ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ် ဒေါ်တင်တင်စိုးဖြစ်ကြောင်း သိရသည်။

“အစိမ်းကို ချစ်သောအားဖြင့် ဒီည ၁၂ နာရီမှာ တပ်မတော်က အာဏာသိမ်းလိုက်ပြီ။ ဟေ့ရှင်းလား ပျော်လားဟေ့၊ မတရားသဖြင့် လုပ်တာမဟုတ်ဘူး ခြေ/ဥနဲ့လုပ်သွားတာ၊ ပျော်သလားဟေ့မောင်တို့ရေ”အစရှိသည့် စကားချပ်များကို ဇန်နဝါရီ ၁ ရက်နေ့ live ထုတ်လွှင့်ချိန်တွင် ဒေါ်တင်တင်စိုးက ပြောဆိုခဲ့သည်။

“တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေသလို့ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတာကြောင့် ဥပဒေပြုအထောက်အကူအဖွဲ့နဲ့ တိုင်ပင်ကြည့်တော့ ဒီလို့မျိုး လွှင့်တဲ့ဟာက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ -က နဲ့ ငြိနေတာတွေ့ရတယ်။

ဒီလိုမျိုးမှ မဟုတ်ရင် မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်လာမှာစိုးတဲ့အတွက်ကြောင့် ဒီနေ့ညနေ ၃ နာရီမှာ အမှုဖွင့်လိုက်တယ်။ တည်ငြိမ်နေတဲ့နိုင်ငံရေးအခင်းအကျင်းကို ပြည်သူတွေအထင်မြင် မှားအောင်ဖြစ်အောင် မလုပ်ဆောင်သင့်ဘူး၊

သူပြောဆိုခဲ့တဲ့ ဗီဒီယိုဖိုင်တွေ အသုံးအနှုန်းတွေကို သက်သေခံအဖြစ် ဒီနေ့တင်သွင်းတယ်” ဟု အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။

Source: Myanmar Time