မန္တလေး ဇန်နဝါရီ
မြန်မာနိုင်ငံမှပထမဦးဆုံးထွက်ရှိထုတ်လုပ်သည့် Nara Green Tea မှထုတ်လုပ်သော ချဉ်ပေါင်ဖူးလက်ဖက်ခြောက်(Roselle Herbal Tea)အားအမေရိကန်နိုင်ငံရှိလက်လီအရောင်းဆိုင်ပေါင်း ၁၅၀ကျော်အားစတင်တင်ပို့မည်ဖြစ်ကြောင်းNara Green Tea လက်ဖက်လုပ်ငန်းထံမှသိရသည်
အဆိုပါမြန်မာ့လက်ဖက်ခြောက်အားတင်ပို့နိုင်ရန်အတွက် အမေရိကန်နိုင်ငံသို့နမူနာများစမ်းသပ်ပေးပို့ခြင်း,စားသုံးသူများအတွက် အချက်အလက်များထောက်ပံ့ခြင်းတို့ဖြင့်စျေးကွက်စမ်းသပ်ထိုးဖောက်ခဲ့ပြီး လက်ရှိတွင် စျေးကွက်အတွင်းလက်ခံသည့်အတွက် အမေရိကန်နိုင်ငံရှိလက်လီအရောင်းဆိုင်ပေါင်း ၁၅၀ကျော်အားစတင်တင်ပို့မည်ဖြစ်ကြောင်းNara Green Tea လက်ဖက်လုပ်ငန်းManaging Directorကိုကျော်သီဟကပြောသည်
”ဇန်နဝါရီလထဲမှာစပြီးတင်ပို့မယ် ဖေဖော်ဝါရီလထဲရောက်ပြီး မတ်လထဲမှာစပြီးဖြန့်ဖြစ်မယ် ပြည်တွင်းမှာပဲ ပထမဆုံးထုတ်လုပ်ပြီး သေချာထုပ်ပိုးပြီးစျေးကွက်ထဲပထမဆုံတင်ပို့ဖြစ်တာပါ ခုလိုတင်ပို့တဲ့အတွက် အမေရိကမှာရှိတဲ့မြန်မာတွေတင်မက သူတို့ကတဆင့် အမေရိကန်တွေကိုမြန်မာ့လက်ဖက်ခြောက်ကို မိတ်ဆက်နိုင်မယ်ဆိုရင် အမေရိကစျေးကွက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရောင်းချနိုင်မယ်”ဟု၎င်းကပြောသည်
ချဉ်ပေါင်ဖူးလက်ဖက်ခြောက်(Roselle Herbal Tea)အားလက်ဖက်ခြောက်အားအမေရိကန်နိုင်ငံရှိလက်လီအရောင်းဆိုင်ပေါင်း ၁၅၀ကျော်သို့ ၂၀၂၁ခုနှစ် ဇန်နဝါရီလအတွင်း ပထမအသုတ်အနေဖြင့် စိမ်သောက်အထုပ်ပေါင်း ၂၅ထုပ်အပါ တစ်ဗူးလျှင် ၂ဒေါ်လာဖြင့် ပါကင်ဗူးပေါင်း ၁၀၀၀ကျော်စတင်တင်ပို့သွားမည်ဖြစ်ကြောင်းသိရသည်
ကမ႓ာ့စျေးကွက်တွင် Harbel Tea အဖြစ် ချဉ်ပေါင်ဖူး၊ ပူစီနံ၊ ချင်း၊ အောင်မဲညို၊ စပါးလင်၊ မြင်းခွာရွက်၊ သရက်ရွက် အစရှိသည်တို့ကို အခြောက်ခံခြင်း,ပြုတ်ခြင်းဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိပြီးမြန်မာနိုင်ငံတွင် မြန်မာမျိုး ချဉ်ပေါင်ဖူးနှင့် မက္ကဆီကန်မျိုး နှစ်မျိုးကို အခြောက်ပြုလုပ်၍ Harbel Tea သောက်သုံးနိုင်သော ထုတ်ကုန်အဖြစ် ပြည်ပသို့ တင်ပို့ခြင်းဖြစ်ကြောင်းသိရသည်
myanmaplatform