၃.၁.၂၀၂၁ ရက်နေ့၊ (၁၄:၃၅)အချိန်ခန့်၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဆပ္ပျာကျင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ အဆိုပါဖြစ်စဉ်တွင် နွားစာတဲအတွင်း ကလေး(၂)ဦး မီးဆော့ကစားရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး
ကန်တော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး(၁၄:၅၄)တွင်မီးငြိမ်းခဲ့ပြီး နွားစာတဲ(၁)လုံးနှင့်၊ တစ်ထပ်အိမ်(၁)လုံးဆုံးရှုံးခဲ့။
ဆုံးရှုံးမှုတန်ဖိုးကျပ်(၄၃၂၀၀ဝိ/-)၊ မီးဆော့ကစားခဲ့သည့် ကျားအသက်(၅)နှစ်၊ ကျား(၃)နှစ် စုစုပါင်းကျား(၂)ဦးသေဆုံးခဲ့။
အဆိုပါ မီးလောင်ရာသို့ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် တာဝန်ရှိသူအဆင့်ဆင့်မှ သွားရောက် စစ်ဆေးခဲ့ပါသည်။
#ပြည်သူလူထုအနေဖြင့်မီးကိုမပေါ့ဆဖို့အထူးမေတ္တာရပ်ခံပါသည်
#လူကြီးများမရှိချိန်အိမ်တွင်ကလေးများမထားခဲ့ပါနှင့်ကလေးများမီးမဆော့ရန်အထူးသတိပေးပါသည်။
SggFire