မြန်မာနိုင်ငံမှာ တချို့ပုဂ္ဂိုလ်တွေ နားလည်နေတာက လောဘကြီးမှ ချမ်းသာတယ်လို့ နားလည် နေကြတယ်။လောဘကြောင့် ဘယ်တော့မှ မချမ်းသာပါဘူး ..ချမ်းသာခြင်း၏ အကြောင်းက အသိပညာ နဲ့ လုံ့လ ဝီရိယပဲချမ်းသာတဲ့ နိုင်ငံတွေဟာ လောဘရှိလို့ ချမ်းသာတာ မဟုတ်ဘူး , အသိပညာ နဲ့ ဝီရိယရှိလို့ ချမ်းသာတာ။
ဒါကြောင့်မို့ ပညာတတ်အောင် ပညာရှိ တွေထံမှာ နည်းခံရတယ်မိမိကိုယ်တိုင် ပညာရှိအောင် ကြိုးစားရတယ် ပညာရထားသည့် အတိုင်း အလုပ် လုပ်ကြ ရတယ် ..မြတ်စွာဘုရား ဟောကြားထားတဲ့ ဒေသနာတော် တွေထဲမှာ စီးပွားဥစ္စာ တိုးတက် မြင့်မားချင်ရင် ဘာလုပ်ရမလဲ !
ဥဋ္ဌာနသမ္ပဒါ တက်တက်ကြွကြွ လုံ့လဝီရိယ နဲ့ ပြည့်စုံရမယ်လို့ဟောတာ လောဘကြီးရမယ် လို့ ဟောတာမရှိဘူး ။တက်တက်ကြွကြွ လုံ့လ ဝီရိယ ရှိရမယ်လို့ ဒီလိုဟောတာပျင်းတိပျင်းရော် မလုပ်ရဘူး အလုပ်လုပ်တဲ့ အချိန်မှာ ဖင့်နှေးမနေရဘူး ။
ဘယ်အလုပ်ပဲ လုပ်လုပ် တက်ကြွရမယ် ဆိုပါစို့ နေ့စဉ် ရုံးသွားတာက စပြီး စောစောရောက်အောင်သွားမယ် ရုံးလုပ်ငန်းကို ဖိဖိစီးစီးလုပ်မယ် အချိန်ဖြုန်းမနေဘူး ကိုယ်လုပ်ရမယ့် အလုပ်ကို တက်တက်ကြွကြွ လုပ်ဆောင်ရမယ် ..ကုမ္ပဏီဝန်ထမ်းဆိုလည်းကုမ္ပဏီ အလုပ်ကို တက်တက်ကြွကြွ လုပ်ရမယ်။
ကိုယ့်အလုပ် လစ်ဟင်းမှု့ မရှိအောင် ကြိုးစားအားထုတ်ရမယ်ဝန်ထမ်းဖြစ်ရင် ဝန်ထမ်းပီပီ အလုပ်ကို တက်တက်ကြွကြွသေသေသပ်သပ် ကြိုးစားရမယ် ။ ဘယ်အလုပ်ပဲလုပ်လုပ် စေ့စေ့စပ်စပ် ၊ တက်တက် ကြွကြွ ကြိုးစားအားထုတ်ရမှာပဲ ဖြစ်တယ်ပေါ့။
ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ပေါ့လျော့မှု့ကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ဟာ ဒုက္ခရောက်ခြင်း ၊ အဆင်မချောခြင်း ဖြစ်တယ် ။
ပါချုပ်ဆရာတော်ဘုရားကြီး
သုဝဏ္ဏသျှမ်
စာဖတ်သူတစ်ယောက်၏မှတ်စုများ
မင်္ဂလာတရားနှင့်အညီ နိုင်ငံသစ်တည်