ဗဟုသုတ

ေၾကာင္ရိုေသပင္ (ေခၚ) ေၾကာင္ေဆးပင္အစြမ္း

လမ္းေဘးတြင္ အေလ့က်ေပါက္ပင္တမ်ိဳးျဖစ္ၿပီး ထို အပင္၏ အနံ့ကိုရပါက ေၾကာင္မ်ား အလြန္ႏွစ္သက္က် ပါတယ္၊ ေၾကာင္မ်ားသည္ ထိုအပင္ရဲ့အျမစ္ကိုသာ စားသုံးတတ္က်ေၾကာင္း ေတြ႕ရပါတယ္၊ ေရွးရိုးရာ အယူအဆ အရ ေၾကာင္မ်ားအတြက္ အသက္ကယ္ေဆးပင္ ျဖစ္ေသာေၾကာင့္ ေၾကာင္ရိုေသပင္လို႔ေခၚက် ပါတယ္

ျမန္မာနိုင္ငံမွာ အလြန္ေအးေသာ ေတာင္ေပၚ ေဒသမွ လြဲ၍ အႏွံ့အျပား သဘာဝ အေလ်ာက္ အေလ့ က် ေပါက္ေရာက္ ျခင္းေတြ႕ရပါတယ္၊ အရြက္၊ပင္စည္၊ အျမစ္၊ အသီး အပြင့္ ဆိုေသာ ပဥၥငါးပါးလုံးကို ေဆး အျဖစ္ သုံးစြဲ က်ေၾကာင္း ေတြ႕ရပါတယ္ ၊၊

တိုင္းရင္းေဆးပညာ သေဘာအရ သုံးစြဲပုံကို ခြဲျခားေလ့လာမည္ ဆိုပါက အရြက္သည္ အန္ေဆး အျဖစ္ အသုံးျပဳနိုင္သည္၊အဆုတ္ကို အကူအညီ ေပးတတ္သည္၊အဆစ္ေရာင္ ေရာဂါ၊ အဆုတ္အေအးပတ္ေသာ အဖ်ား၊ ပန္းနာ၊ ေလႁပြန္ေခ်ာင္းပူျခင္း၊ အ႐ူးေရာဂါ၊ ဦးေႏွာက္ေရာဂါ၊ ပိုးေရာဂါတို႔တြင္ အသုံးျပဳေၾကာင္း ေတြ႕ရသည္

ေရာဂါ ေဝဒနာ အလိုက္ အသုံးျပဳပုံ , ကေလးမ်ား ခၽြဲသလိပ္ ပိတ္ဆို ေနကာ ရင္ၾကပ္ပါက တမာရြက္ ႏွင့္ ေၾကာင္ရိုေသပင္ ရြက္တို႔ကို ေထာင္း၍ ညစ္ေသာအရည္ကို ဆတူေရာစပ္ၿပီးကေလး၏ အသက္အရြက္အလိုက္ လက္ဘက္စားဇြန္း တဝက္မွ တဇြန္း အထိ ခ်င့္ခ်ိန္ ကာ တိုက္ေကၽြးနိုင္ပါတယ္ ၊ကေလးမ်ားဝမ္းသြားျခင္း ေအာ့အန္ ျခင္း ျဖစ္ေစၿပီးအခၽြဲမ်ား ပါသြားကာ သလိပ္ပိတ္ဆို႔ရင္ၾကပ္ျခင္းကို သက္သာေစပါတယ္

လူႀကီးမ်ားတြင္ ပန္းနာရင္ၾကပ္ျခင္း၊ အဆုတ္ေရာင္ျခင္း ျဖစ္ခဲ့ေသာ္ ေထာင္းညႇစ္ရည္ ကို ျဖစ္ေစ၊ ျပဳတ္ရည္ကို ျဖစ္ေစ အန္ေဆးအျဖစ္ တိုက္ေကၽြးျခင္းျဖင့္သက္သာေစနိုင္ေၾကာင္း ေတြ႕ရပါတယ္, နားေရာဂါမ်ား ကို ကုသရာတြင္ အရြက္စိမ္းကို ေထာင္း၍ ညစ္ရေသာ အရည္ သတၱဳရည္ကို မီးျဖင့္ေႏြးကာ နားတြင္အစက္ခ်ေပးပါက နားေရာဂါမ်ား သက္သာေပ်ာက္ကင္းေစပါတယ္ အရြက္ေျခာက္ကိုျပဳတ္ၿပီး

တိုက္ပါက အသက္ရႉ လမ္းေၾကာင္းတေလၽွာက္တြင္ အညစ္အေၾကး ပိတ္ဆို႔ျခင္းမ်ား ရွင္းလင္းသြားကာ အသက္ရႉႁပြန္ ေရာင္ပိတ္ဆို႔ျခင္းေဝဒနာကို သက္သာေစပါတယ္။ အရြက္ ကို ေထာင္းညစ္ေသာ အရည္ကို ျဖစ္ေစ၊ ျပဳတ္ရည္ ကို ျဖစ္ေစ တိုက္ေကၽြးပါက ဝမ္းႏွင့္ပတ္သက္ေသာဝမ္းမေကာင္းျခင္း၊ အူေရာင္ျခင္း၊ ဝမ္းပ်က္ျခင္း၊ ဝမ္းရစ္၍ နာျခင္း၊ ဗိုက္ေအာင့္၊ ဗိုက္နာျခင္း တို႔ကို သက္သာေပ်ာက္ကင္းေစပါတယ္။ အရြက္ကို ျပဳတ္ၿပီးသုတ္စားပါက အဆုတ္ေရာဂါ၊ နားအူ နားကိုက္ျခင္းတို႔ကို သက္သာေပ်ာက္ကင္း ေစပါတယ္

အာအင္နည္းပါး ပင္ပန္းႏြမ္းနယ္ပါက ဓါတ္စာ အျဖစ္ အရြက္ကို ပုဇြန္ထုပ္ နဲ႔ေၾကာ္စားပါက အားအင္ ျပည့္ၿဖိဳးေစပါတယ္ အရြက္ကို ေထာင္း၍ အရည္ညစ္ကာ တမာဆီနဲ႔ေရာၿပီး ဝဲေျခာက္၊ ေပြးယားနာ စေသာ အရျပား တြင္ ျဖစ္တတ္ေသာ ယားနာအမ်ိဳးမ်ိဳးကို လိမ္းေပးပါ က သက္သာေပ်ာက္ကင္းေစတတ္ေၾကာင္း ေတြ႕ရပါတယ္၊

အရြက္ေထာင္းညစ္ေသာ အရည္ကို ၾကက္ဆူဆီနဲ႔ဆတူ ေရာစပ္ၿပီး အဆစ္အျမစ္ ကိုက္ခဲရာတြင္ လိမ္းေပး ပါက သက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။ အခ်ဳပ္အားျဖင့္ ဆိုရရင္ အေလ့က်ေပါက္ေရာက္ၿပီး ေၾကာင္မ်ား ႏွစ္သက္ေသာ ေၾကာင္ရိုေသပင္ ေခၚ ေၾကာင္ေဆးပင္သည္ လူသားတို႔အတြက္က်န္းမာေရးကို ပါ အက်ိဳးျပဳေသာ ေဆးပင္တပင္ ျဖစ္ပါေၾကာင္း တင္ျပလိုက္ပါတယ္

Credit:myanmarthadin.com

unicode

လမ်းဘေးတွင် အလေ့ကျပေါက်ပင်တမျိုးဖြစ်ပြီး ထို အပင်၏ အနံ့ကိုရပါက ကြောင်များ အလွန်နှစ်သက်ကျ ပါတယ်၊ကြောင်များသည် ထိုအပင်ရဲ့အမြစ်ကိုသာ စားသုံးတတ်ကျကြောင်း တွေ့ရပါတယ်၊ ရှေးရိုးရာ အယူအဆ အရ ကြောင်များအတွက် အသက်ကယ်ဆေးပင် ဖြစ်သောကြောင့် ကြောင်ရိုသေပင်လို့ခေါ်ကျ ပါတယ်

မြန်မာနိုင်ငံမှာ အလွန်အေးသော တောင်ပေါ် ဒေသမှ လွဲ၍ အနှံ့အပြား သဘာဝ အလျောက် အလေ့ ကျ ပေါက်ရောက် ခြင်းတွေ့ရပါတယ်၊အရွက်၊ပင်စည်၊ အမြစ်၊ အသီး အပွင့် ဆိုသော ပဥ္စငါးပါးလုံးကို ဆေး အဖြစ် သုံးစွဲ ကျကြောင်း တွေ့ရပါတယ် ၊ တိုင်းရင်းဆေးပညာ သဘောအရ သုံးစွဲပုံကို ခွဲခြားလေ့လာမည် ဆိုပါက အရွက်သည် အန်ဆေး အဖြစ် အသုံးပြုနိုင်သည်၊ အဆုတ်ကို အကူအညီ ပေးတတ်သည်၊၊

အဆစ်ရောင် ရောဂါ၊ အဆုတ်အအေးပတ်သော အဖျား၊ ပန်းနာ၊ လေပြွန်ချောင်းပူခြင်း၊ အရူးရောဂါ၊ ဦးနှောက်ရောဂါ၊ ပိုးရောဂါတို့တွင် အသုံးပြုကြောင်း တွေ့ရသည် ရောဂါ ဝေဒနာ အလိုက် အသုံးပြုပုံ , ကလေးများ ချွဲသလိပ် ပိတ်ဆို နေကာ ရင်ကြပ်ပါက တမာရွက် နှင့် ကြောင်ရိုသေပင် ရွက်တို့ကိုထောင်း၍ညစ်သောအရည်ကို ဆတူရောစပ်ပြီးကလေး၏ အသက်အရွက်အလိုက်

လက်ဘက်စားဇွန်း တဝက်မှ တဇွန်း အထိ ချင့်ချိန် ကာတိုက်ကျွေးနိုင်ပါတယ် ၊၊ ကလေးများဝမ်းသွားခြင်း အော့အန် ခြင်း ဖြစ်စေပြီးအချွဲများ ပါသွားကာ သလိပ်ပိတ်ဆို့ရင်ကြပ်ခြင်းကို သက်သာစေပါတယ်

လူကြီးများတွင် ပန်းနာရင်ကြပ်ခြင်း၊ အဆုတ်ရောင်ခြင်း ဖြစ်ခဲ့သော် ထောင်းညှစ်ရည် ကို ဖြစ်စေ၊ ပြုတ်ရည်ကို ဖြစ်စေ အန်ဆေးအဖြစ် တိုက်ကျွေးခြင်းဖြင့်သက်သာစေနိုင်ကြောင်း တွေ့ရပါတယ်။ နားရောဂါများ ကို ကုသရာတွင် အရွက်စိမ်းကို ထောင်း၍ ညစ်ရသော အရည် သတ္တုရည်ကို မီးဖြင့်နွေးကာ နားတွင်အစက်ချပေးပါက နားရောဂါများ သက်သာပျောက်ကင်းစေပါတယ် အရွက်ခြောက်ကိုပြုတ်ပြီး

တိုက်ပါက အသက်ရှူ လမ်းကြောင်းတလျှောက်တွင် အညစ်အကြေး ပိတ်ဆို့ခြင်းများ ရှင်းလင်းသွားကာအသက်ရှူပြွန် ရောင်ပိတ်ဆို့ခြင်းဝေဒနာကို သက်သာစေပါတယ်။ အရွက် ကို ထောင်းညစ်သော အရည်ကို ဖြစ်စေ၊

ပြုတ်ရည် ကို ဖြစ်စေတိုက်ကျွေးပါက ဝမ်းနှင့်ပတ်သက်သောဝမ်းမကောင်းခြင်း၊ အူရောင်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းရစ်၍ နာခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာခြင်း တို့ကိုသက်သာပျောက်ကင်းစေပါတယ်။ အရွက်ကို ပြုတ်ပြီးသုတ်စားပါက အဆုတ်ရောဂါ၊ နားအူ နားကိုက်ခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်

အာအင်နည်းပါး ပင်ပန်းနွမ်းနယ်ပါက ဓါတ်စာ အဖြစ် အရွက်ကို ပုဇွန်ထုပ် နဲ့ကြော်စားပါက အားအင် ပြည့်ဖြိုးစေပါတယ် အရွက်ကို ထောင်း၍အရည်ညစ်ကာ တမာဆီနဲ့ရောပြီး ဝဲခြောက်၊ ပွေးယားနာ စသော အရပြား

တွင် ဖြစ်တတ်သော ယားနာအမျိုးမျိုးကို လိမ်းပေးပါ ကသက်သာပျောက်ကင်းစေတတ်ကြောင်း တွေ့ရပါတယ်၊ အရွက်ထောင်းညစ်သော အရည်ကို ကြက်ဆူဆီနဲ့ဆတူ ရောစပ်ပြီး အဆစ်အမြစ်ကိုက်ခဲရာတွင် လိမ်းပေး ပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အချုပ်အားဖြင့် ဆိုရရင် အလေ့ကျပေါက်ရောက်ပြီး ကြောင်များနှစ်သက်သော ကြောင်ရိုသေပင် ခေါ် ကြောင်ဆေးပင်သည် လူသားတို့အတွက်ကျန်းမာရေးကို ပါ အကျိုးပြုသော ဆေးပင်တပင် ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်

Credit:myanmarthadin.com