News

“Wave အကောင့်ရှိသူတိုင်း သတိထားသင့်တဲ့ နောက်ဆုံးပေါ်လိမ်နည်း”

09670324224 ဖုန်း နှင့် လူလိမ်ကြီး ကျေနပ်နေမှာပါ။

ကျွန်တော်အလုပ်ရှုပ်နေတဲ့အချိန် အလှုငွေလှုချင်လို့ ဆိုပြီး 09402600033 ကို Wave Pay ကနေ လှုချင်တာ ဆိုပြီး ဖုန်းဝင်လာတယ်။

Password ကျလာလိမ့်မယ် နံပါတ်ပြော ဆိုတော့ ဖုန်းကိုင်တဲ့ ညီငယ်ကလဲ Pin နံပါတ် ကျလာတာကိုပေးလိုက်တယ်။

ခဏနေတော့ ကျွန်တော့် မဟာ- လူမှုကယ်ဆယ်ရေး၏ Wave Pay အကောင့်မှ ငွေအားလုံး ထုတ်ယူပြီး အကောင့် ဖျက်ပြစ်လိုက်တယ်။

ဖုန်းပြန်ဆက်တော့ ? အဲဒါဆို KBZ Pay နဲ့လွှဲလိုက်မယ် Pin ကုတ်ပြော ဆိုပြီး KBZ အကောင့် ကိုပါ ထပ်ပြီး ဟတ်နေတယ်။

တော်သေးလို့ KBZ Pay ကငွေ ကျန်နေခဲ့တာ။

Wave Pay အကောင့်က PPE ဝယ်ဖို့ လှုထားတဲ့ ငွေတော့ပါသွားပြီ။

09679324244 ဖုန်းပိုင်ရှင်ကြီး ကျန်းမာပါစေဗျာ။

အားလုံးသတိထား နိုင်ရန် တင်ပြခြင်း ဖြစ်ပါသည်။

ကိုသက်ကြီး။

မဟာ – လူမှုကယ်ဆယ်ရေးအဖွဲ့။

09402600033 KBZ Pay / Wave Pay(အသစ်)