News

“သွားဘယ်လောက်တိုက်တိုက် ခံတွင်းနံ့ နံနေတယ်ဆိုရင် ဒီနည်းလေးကို သုံးကြည့်ပါ”

ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည် ။

ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလိုမိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သောရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည် ။

ထိုရဟန်းသည် စကားပြောသောအခါတွင်ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည် ။

ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍စကားပြောသည်ဟု မိန့်ပါသည် ။

အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည် ။

ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည် ။

ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။

* ဖော်စပ်နည်းမှာ *

၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည် ။

၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ်ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ ။

၃ = အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်း ကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည် ။

၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည် ။

၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည် ။

၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ * မီးသွေးခဲကဲ့သို့ဖြစ်ပါသည် ။

၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက်အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည် ။

၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အားသံပုရာရေတွင် ရောမွှေ ၍ သမထားပါ။

မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ်လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည် ။

တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည် ။

နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည် ။

သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည် ။

Credit

မေတ္တာဖြင့်…. ❤❤❤

ပြန်လည်မျှဝေပေးပါသည်

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…