သဘာ၀ငါးတွေအတွက် အန္တရာယ်ကြီးလှတဲ့ စုပ်ခွက်ငါး ကောင်ရေ ၂၀၀၀ ကျော်ကို ဧရာ၀တီမြစ်ထဲလွှတ်ပေးခဲ့တဲ့ ရွှေကျွန်းမြေဆရာတော်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်
ဖြစ်ပုံကတော့ 2020ကုန်လို့2021သို့ကူးပြောင်းစရက်တစ်ရက်မှာ pleco or Sucker mouth catfish or Armored catfishesလို့လူသိများကြတဲ့ စုပ်ခွက်(တစ်ချို့အခေါ်မြွေပွေးငါးခူ)များကို မြန်မာနိုင်ငံရဲ့အသက် သွေးကြောတစ်ခုအနေနဲ့တည်ရှိနေတဲ့ အမိဧရာဝတီမြစ်ထဲ အကောင်ရေ၂၀၀၀ထည့်သွင်းမှုဖြစ်ပွားခဲ့ပါတယ်
ဒီလို ငါးလွှတ်တဲ့ကိစ္စကို ဘာကြောင့် လူတွေက ဝေဖန်နေကြလဲဆိုတော့ . . .စုပ်ခွက်ငါးတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ဂေဟစနစ်ကိုဖျက်စီးတဲ့ငါးမျိုးစိတ်တွေထဲကတစ်ခုမလို့ အကောင်ရေထောင်ချီ လွှတ်ပေးခြင်းက နိုင်ငံရဲ့သယံဇာတတွေကို ဖျက်ဆီးခြင်းနဲ့အတူတူပါပဲ
ဂေဟစနစ်ပျက်စီးခြင်းပြသနာ
ကျွန်တော်ကငါးချစ်သူဆိုတော့ငါးတွေရဲ့ဂေဟစနစ်ပျက်စီးခြင်းအကြောင်းပြောပြချင်ပါတယ်
_နာဂစ်ကြောင့်ပျက်စီးခဲ့တာတွေကို အရင်စပြောချင်ပါတယ် နာဂစ်ဖြစ်တော့ အလှမွေးငါးမွေးမြူတဲ့farmတွေ စားငါးမွေးမြူတဲ့Farmတွေကနေ ငါးမျိုးစိတ်တွေ သဘာဝထဲရေကြီးရေလျှံမှုကြောင့်ရောက်ကုန်ပါတယ် အဲ့အချိန်အဲ့အခါကအလှမွေးငါး သားဖောက်တဲ့farmဆိုတာ ရွှေငါးတွေဒေါင်းတွေကောမတ်ငါးကြင်းစတဲ့ အစားခံမျိုးစိတ်တွေလောက်ပဲ တွင်တွင်ကျယ်ကျယ်ဖောက်နိုင်တဲ့အချိန်ပါ
အဲ့အချိန်မှာအဲ့အစားခံမျိုးစိတ်တွေနဲ့တွဲဖောက်နိုင်နေတာတွေက စုပ်ခွက်ငါး(Pleco)ပါ သူတို့တွေကနာဂစ်ဒဏ်ကြောင့်ရေကြီးရေလျှံတော့ သဘာဝထဲရောက်ကုန်ပါတယ် အဲ့မှာအစားခံမျိုးစိတ်လေးတွေကတော့သဘာဝထဲမရှင်သန်နိုင်ပေမဲ့ စုပ်ခွက်ကအသားစားမျိုးစိတ် ရှင်းရှငိးပြောရင်အသေကောင်စားမျိုးစိတ်ဖြစ်တဲ့အတွက် သဘာဝထဲရှင်သန်ပြီးပွားများသွားပါတယ် အဲ့လိုပဲဂျပန်မ or တီလားဗီးယား(Blue tilapia cichlid)တွေကလဲ မွေးမြူရေးကန်တွေကနေ သဘာဝထဲရောက်ကုန်ပြီးပွားများကုန်ပါတယ်
_မြန်မာတို့ရဲ့အယူသီးမှုကြောင့်ပျက်စီးခြင်း ကိုလဲပြောချင်ပါတယ် မြန်မာတွေက လပြည့်လကွယ်ဖြစ်စေ နေ့ထူးနေ့မြတ်တွေဖြစ်စေ သမီးရည်းစားတွေနှစ်ပတ်လည်ဖြစ်စေ ငါးလွှတ်တတ်ကြပါတယ် အဲ့တာကောင်းပါတယ် မကောင်းပူးမပြောပါပူး ဒါပေမဲ့ဆိုးတာက အသားစားငါးခူခေါင်းပွကိုလွှတ်တာပါ ပေါပဲပဲနဲ့မွေးမြူရေးလုပ်ရောင်းနေကြတဲ့ငါးခူတွေကို ဘုရားကန်တွေဖြစ်စေ သဘာဝအင်းအိုင်တွေဖြစ်စေ လွှတ်တတ်ကြပါတယ် အဲ့ငါးခူတွေကလဲ အခုအခါဒေသမျိုးရင်းငါးခူငါးကျည်းလေးတွေပျောက်တဲ့အထိပွားများနေကြပါပြီ
_မိမိရဲ့ဝါသနာကိုတာဝန်မယူနိုင်ကြသောလူတစ်စုကြောင့်ပျက်စီးခြင်း အလှမွေးငါးမွေးမြူကြတယ် ကိုယ်မွေးမြူတာ အစားခံမျိုးစိတ်လေးတွေဖြစ်ချင်ဖြစ်မယ် အသားစားမျိုးစိတ်တွေဖြစ်ချင်ဖြစ်မယ် မိမိမွေးမြူလိုက်တဲ့ကောင်က အရမ်းကြီးထွားလာပြီးမွေးမြူဖို့ခက်ခဲလာရင် သဘာဝအင်းအိုင်ချောင်းတွေထဲ လွှတ်တတ်ကြပါတယ် အဲ့တာကဘယ်လောက်အန္တရာယ်ကြီးလဲဆိုရင် အင်းယားကန်လို သဘာဝအတိုင်းရှိနေတဲ့ကန်ကြီးတောင် ပီးကော့လို့လူသိများတဲ့ peacock bass fishတွေပွားများနေပါပြီ
_ဝါသနာအရလွှတ်သောကြောင့်ပျက်စီးခြင်း လူတစ်စုကမိမိဝါသနာကြောင့် ငါးမျှားကြတယ် နိင်ငံတကာကငါးမျှားကြတဲ့သူတွေတင်တာတွေကြည့်ပြီးအားကျတယ် အဲ့လိုတွေမျှားချင်ကြတယ် အဲ့တော့သဘာဝအင်းအိုင်တွေထဲ သူတို့မျှားချင်တဲ့မျိုးစိတ်တွေထည့်ကြတယ် အထူးသဖြင့် GSH (Giant Snake Head)အဲ့အင်းအိုင်တွေက အပိတ်တွေ သဘာဝထဲပြန့်မသွားနိုင်တဲ့ကန်တွေမဟုတ်ပါပူး ရေကြီးရေလျှံမှူဖြစ်တာနဲ့သဘာဝထဲရောက်ကုန်မှာပါ အဲ့အင်းအိုင်အတွင်းကဂေဟစနစ်လဲပျက်စီးသလို သဘာဝထဲရောက်ကုန်ရင်လဲ ပျက်ဆီးမှုတွေအများကြီးဖြစ်လာမှာပါ
_ဝမ်းရေးကြောင့်ပျက်စီးခြင်း လူတွေကစားစရာမရှိတော့ရင် လုပ်ချင်ရာလုပ်တတ်ကြတယ်ဆိုတာသဘာဝပါ အလွယ်ရတဲ့မူးမေ့ဆေးတွေဝယ်ပြီးဆေးချငါးဖမ်းကြတယ် ဘက်ထရီလျော့တိုက်နည်းကိုအသုံးပြုပြီးငါးဖမ်းကြတယ် ဒါတွေကြောင့်လဲသဘာဝဂေဟစနစ်ကြီးကပျက်စီးပါတယ်
အဲ့လိုပျက်စီးလာခြင်းရဲ့နောက်ကွယ်မှာ သဘာဝအင်းအိုင်တွေကစုပ်ခွက်နဲ့ဇလားဗီးယားလိုမြေတူးတတ်တဲ့အကျင့်ရှိတဲ့ကောင်တွေကြောင့်ညစ်ညမ်းလာမယ် Peacock Bassလိုအသားစားကျူးတဲ့ကောင်တွေကြောင့် အင်းယားမှာမြူးတူးကျတဲ့ငါးအသေးလေးတွေရှားပါးလာပါပြီ ဝမ်းရေးခက်ခဲတဲ့လူတစ်စုကြောင့်လဲငါးမျိုးစိတ်တွေပျောက်ဆုံးပြီးပါပြီ
အခုဝါသနာတစ်ခုကြောင့်ဂေဟစနစ်ကိုဖျက်စီးမဲ့သူတစ်စုထပ်တိုးလာပါပြီ အကြောင်းအရင်းတွေရဲ့နောက်ကွယ်မှာတော့ လူတွေကGSHလိုလူပါတက်ဆွဲတဲ့အထိအကြောက်အလန့်ကင်းတဲ့ကောင်တွေရဲ့ အန္တရာယ်ပေးမှုခံရမယ် ဈေးကွက်ထဲမှာလဲရေချိုစားငါးလေးတွေအစား ကျူးကျော်မျိုးစိတ်တွေကနေရာယူလာမယ် လူတွေရဲ့ငါးသဃံဇာတပျောက်ဆုံးလာတာပေါ့ဗျာ ဂေဟစနစ်ကြီးဘေးကင်းပါစေမြန်မာနိုင်ငံလဲဝူဟန်ကနေနလံထူနိုင်ပါစေဗျာ
#မနေနိုင်သောကျွန်တော်
#စုပ်ခွက်ငါးများသဘာဝထဲလွှတ်ခြင်းအားဆန့်ကျင်ပါသည်