2021 ခုနှစ် နှစ်သစ်မှာတော့ အောင်ဘာလေထီက တကယ်လိုအပ်နေသူတွေကို ကံကောင်းစေခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်…
သိန်း ၂၀၀၀ ထီဆု
နှစ်သစ်အကူး ကံထူးခြင်း၏ နိဒါန်းအစကျုံပျော်က။
ကျုံပျော်မြို့ရဲ့ရတနာ ကံသာရာနှင့် မြန်ပြည်ချမ်းသာ ကျုံပျော်ပင်ရင်းထီဆိုင်ကြီးမှ၂၃ကြိမ်မြောက်ထီဖွင့်ပွဲကြီးတွင်နှစ်ကူးလက်ဆောင်
သိန်းနှစ်ထောင် ဆုကြီးဍ ၆၀၀၆၉၃ လက်မှတ်နံပါတ်ဖြင့် ဦးကျော်မြင့်၊ဒေါ်သန်းသန်းဆွေ၊သား စိုးမောင်မောင်ပိတောက်ရွှေဝါလမ်း၊ကျုံပျော်မြို့မှထပ်မံဆွတ်ခူးရရှိသွားပြန်ပါကြောင်း ။
ဝမ်းသာမိပါသည်
ကျပ်သိန်း ၅၀၀ ဆု
ကျပ်သိန်း ၅၀၀ ဆု ပေါက်ခဲ့သည့် စိတ်ဝေဒနာရှင်မှာ လမ်းမများပေါ်မှာ မီးသွေးခဲဖြင့်စာများ ရေးလေ့ ရှိကာ ခင်မင်ရင်းနှီးသူ များထံမှ မုန့်ဖိုးတောင်းလေ့ရှိသောကြောင့် သိကျွမ်းသူများက မုန့်ဖိုး၊ လက်ဖက် ရည်ဖိုး ပေးကာ အမှိုက်ပစ်ခိုင်းကြရာမှ ရရှိခဲ့သည့် ငွေကြေးဖြင့် ထီထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၃ ကြိမ်မြောက် အောင်ဘာလေ ထီထိုးချင်သည်ဟုဆိုကာ ချမ်းအေးသာစံမြို့နယ် ၃၃လမ်းနှင့် ၈၄ လမ်းထောင့်ရှိ အောင် သပြေထီဆိုင်မှ ၁၀ စောင်တွဲထိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါထီမှ ကျပ်သိန်း ၅၀၀ ဆုပေါက်ခဲ့ခြင်းဖြစ်သည်။
ကျပ် သိန်း ၁၀၀ ကံထူးရှင်
2021နှစ်သစ်မှာ မိုးယံ ဧရိယာဖြန့်ချိရေး ကိုယ်စားလှယ် မဇင်မာဝင်း စျေးကြို မော်လမြိုင် ပင်ရင်းထီဆိုင်မှ 23ကြိမ်မြောက် ယ 591461 နံပါတ်ဖြင့်ကျပ်သိန်း (100)ကံထူးရှင် မအိအိခိုင်၊ ရွှေတောင်ရပ်၊ မော်လမြိုင်။
ကျပ် သိန်း ၁၀၀၀ ကံထူးရှင်
ကျပ် သိန်း ၁၀၀၀ ကံထူးရှင်မှာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့ရှုံးရှိ အ.ထ.က.ကျောင်းအနီး မစန်းစန်းရီသည် ရွှေထီပုလဲထီဆိုင်မှာကံစန်းရာ သိန်း(၁၀၀၀) ဆုအား ကံထူးရှင်အဖြစ် ဆွတ်ခူးသွားပါပြီ။ ထပ်တူထပ်မျှ ဝမ်းမြောက်မိပါတယ်ဗျာ။
သိန်း တစ်သာင်း ကံထူးရှင် ဖွားဖွား
(၂၃)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကျပ်သိန်းတစ်သောင်းဆု ကုံထူးရှင်မှာ ဓ ၇၀၈၉၅၉ ဖြင့်စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် ကံသစ်စံပြကျေးရွာက ဒေါ်စာ(ကုန်စုံဆိုင်)ပိုင်ရှင်မှ ဆုကြီးဆွတ်ခူးရရှိပါသည်။
သိန်း တစ်သောင်းခွဲ ကံထူးရှင် မိန်းကလေး
၂၃ ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကို မန္တလေးမြို့မှ အသက်၂၄ နှစ်အရွယ် စျေးသည်တစ်ဦး ဆွတ်ခူး1 JANUARY 2021၂၃ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းငါးထောင် ထီဆုကြီးကို မန္တလေးမြို့မှ အသက်၂၄ နှစ်အရွယ် စျေးသည်တစ်ဦးက ဆွတ်ခူးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ပြီး သားငါးရောင်းချသည့် အမျိုးသမီးငယ် တစ်ဦးမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၏ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။
သူမအနေဖြင့် ၂၀၂၀ တစ်နှစ်လုံး ထီထိုးခဲ့ခြင်းမရှိဘဲ ယခုလတွင်မှ ထီထိုးခဲ့ခြင်းဖြစ်ပြီး အသက် ၁၉ နှစ်အရွယ်မှ စတင်ထီထိုးခဲ့ကြောင်း၊ ပထမဆုံး ထီပေါက်ခြင်းတွင် ကျပ်သိန်း တစ်သောင်းခွဲဆုကို ကံထူးခဲ့သဖြင့် ယုံကြည်နိုင်ခြင်း မရှိသေးဘဲ အရမ်းအံ့သြမိကြောင်း ကံထူးရှင် မဝင်းဝင်းအိက ဆိုသည်။