News

“ကိုဗစ်နှင့်လူသား တိုက်ပွဲမှာ နောက်မဆုတ်တမ်းတိုက်ပွဲဝင်ခဲ့တဲ့ ရှေ့တန်းတိုက်စစ်မှူး သားဖွားဆရာမကြီး ကျဆုံးခဲ့ရပြီ”

စွန့်လွှတ်စွန့်စားသူရဲကောင်းသားဖွားဆရာမကြီး ဒေါ်တင်ထွေး(လှိုင်သာယာမြို့နယ်)COVID -19ရောဂါဖြင့်ဆုံးသွားပါပြီ။

ဒီဇင်ဘာ၂၂ ရက်နေ့ကမှအသင်းရဲ့စိတ်ဓာတ်ခွန်အားမြှ င့်အားပေးကူညီငွေကိုမြို့နယ်သူနာပြုကြီးဒေါ်ဖြူဖြူနွဲ့ဆီကတစ်ဆင့်ပေးပို့အားပေးခဲ့တာပါ။ကျနောတို့ရဲ့ရှေ့ တန်းတိုက်စစ်မှူးဘက်စုံသားဖွားဆရာမများ၊အမျိုးသ မီးကျန်းမာရေးဆရာမများ၊သူနာပြုများ

COVID-19Positiveဖြစ်ကြတာအသင်းကသတင်းရတဲ့ ၉၉၈ယောက်ထဲက ဒါပထမဆုံးဆုံးရှုံးလိုက်ရတာဖြစ်ပါလိမ့်မယ်။မိသားစုအတွက်လည်းကြီးမားတဲ့ဆုံးရှုံးမှုကြီ ဖြစ်သလိုဌာနအတွက်လည်း စွန့်လွှတ်စွန့်စားတိုက်ပွဲဝင် နေတဲ့သူရဲကောင်းဘက်စုံသားဖွားဆရာမကြီးတစ်‌ယေ ာက်ကျဆုံးခြင်းပါပဲ။

အသင်းအနေနဲ့ကတော့အားကိုးအားထားပြုရတဲ့မိသာ စုဝင်တစ်ဦးဆုံးရှုံးလိုက်ရခြင်းပါပဲ။မိသားစုနဲ့ထပ်တူထ ပ်မျှကိုယ်ချင်းစာနာစွာဝမ်းနည်းကြေကွဲစွခံစားပြီးနှမျေ ာတသဖြစ်ရပါတယ်။

ဆရာမကြီးဒေါ်တင်ထွေးရဲ့ကျန်ရစ်သူမိသားစုကဆရာ မကြီးကိုရည်စူးပြီးကုသိလ်ပြုတဲ့အနေနဲ့ဆရာမကြီးလို ရောဂါပိုးကူးစက်ခံရတဲ့လုပ်ဖော်ကိုင်ဘက်တွေအတွက် အလှူငွေ50000ကျပ်အသင်းကိုလှူပါသတဲ့။

မိသားစုရဲ့ကုသိုလ်ကောင်းမှုအဖို့ဘာဂနဲ့မြန်မာနိုင်ငံသူနပြုနှင့်သားဖွားအသင်းရဲ့ပြုပြုသမျှကုသိုလ်များကိုဆ ရာမကြီးဒေါ်တင်ထွေးကုသိုလ်အမျှရရှိပါစေ။နိဗ္ဗာန်သို့တိုင်ရောက်နိုင်ပါစေ။

ဘက်စုံသားဖွားဆရာမကြီးဒေါ်တင်ထွေးရေကုသိုလ် အမျှအမျှအမျှရယူပါခင်ဗျာ။ဆရာမကြီးရဲ့တိုက်ပွဲဝင် စွန့်စားမှုမှတ်တမ်းပုံရသမျှလေးနဲ့ဆရာမကြီးကိုဂုဏ်ပြုနှုတ်ဆက်လိုက်ပါတယ်။

သားဖွားဆရာမကြီးဒေါ်တင်ထွေး(လှိုင်သာယာမြို့နယ်) COVID -19ရောဂါဖြင့်ဆုံးပါးဘက်စုံသားဖွားဆရာမမျ ားအမျိုးသမီးကျန်းမာရေးဆရာမများသူနာပြုများ C OVID-19 Positiveဖြစ်ကြတာအသင်းကသတင်းရတဲ့ (၉၉၈)ယောက်ထဲကဒါပထမဆုံးဆုံးရှုံးလိုက်ရတာဖြစ်လိမ့်မယ်ဆိုပါတယ်။၂၀၂၀ဒီဇင်ဘာ၃၁

သတင်းရင်းမြစ် Myanmar Nurse and Midwife Association