ယခုခေတ်မှာ အချစ်စစ်ရှိရုံနဲ့ ဘဝကြီးပြည့်စုံသွားတယ်ဆိုတာကလည်း 100% မမှန်ကန်တော့ပါဘူးနော်။ဘဝတစ်လျှောက်လုံး ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ဆိုတာကလည်း အရာရာအဆင်ပြေချောမွေ့နေမှဖြစ်မှာပါ။
မိန်းကလေးရှင်ဘက်ကို ငွေနဲ့တန်ဖိုးဖြတ်ဝယ်ယူတာမဟုတ်ဘဲနဲ့ ယခင်တည်းက ဓလေ့ထုံးတမ်းစဉ်လာတွေအရ ယောက်ကျားလေးတွေဟာ မိန်းကလေးတွေကို တင်တောင်းကြရပါတယ်။
ယခုနောက်ပိုင်းမှာ ပျောက်ဆုံးသွားသလောက်ဖြစ်သွားရတဲ့ အနေအထားတွေရှိကြပေမယ့်လည်း ယခုအချိန်ထိ ကိုယ့်ချစ်သူကို မြတ်မြတ်နိုးနိုး တင်တောင်းတတ်ကြတဲ့ ချစ်သူစုံတွဲတွေလည်းရှိကြပါသေးတယ်။
ဒီထဲမှာ မောင်စိုးမြတ်ထွန်းနဲ့ မခင်ညိုလင်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။ မောင်စိုးမြတ်ထွန်းကတော့ သူချစ်ရတဲ့ ချစ်သူ မခင်ညိုလင်းကို ရွှေ (၁) ပိသာ ငွေသား သိန်း ၃ ထောင်အပါ
လာရောက်တောင်းရမ်းခဲ့တာဖြစ်ပါတယ်။ယခုခေတ်အနေအထားအရ ရွှေ(၁) ပိသာတန်ဖိုးနဲ့ ငွေသား သိန်း (၃) ထောင်ဟာ အလွန်များတဲ့ အမောင့်ပမာဏဖြစ်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ သူတို့ရဲ့
တင်တောင်းဆိုမှုက အရမ်းဟော့ဖြစ်နေခဲ့သလို တော်တော်များများကလည်း အားကျနေတဲ့ မှတ်ချက်တွေ ရေးသားထားတာကို လဲ့လဲ့ထွန်း ဖေ့ဘုတ်အကောင့်မှာ မြင်တွေ့ရပါတယ်။
Source-Lai Lai Htun & We Love Cele