News

လေတွေကို ပုလင်းထဲထည့်‌ရောင်းနေတဲ့ UK ကုမ္ပဏီ

Wow…လေရောင်းဝယ်ရေး 😱

လေတွေကို ပုလင်းထဲထည့်‌ရောင်းနေတဲ့ UK ကုမ္ပဏီ

My baggage ဆိုတဲ့ ကုမ္ပဏီကတော့ လုပ်ချလိုက်ပြန်ပြီ။ အမိမြေရဲ့ အဝေးမှာ ရောက်နေတဲ့ UK နိုင်ငံသားတွေအတွက် UKရဲ့ အငွေ့အသက်တွေပါဝင်နေတဲ့ လေပုလင်းတွေကို ရောင်းချပေးနေတာပါ။

အင်္ဂလန်၊ ဝေးလ်၊ စကော့တလန် နဲ့ မြောက်အိုင်ယာလန် စတဲ့ နိုင်ငံလေးနိုင်ငံထဲက မိမိနှစ်သက်ရာ ဒေသရဲ့ အငွေ့အသက်ကို မှာယူခံစားနိုင်မှာပါ။ ဒါ့အပြင် မိမိခံစားလိုတဲ့ UKရှိ ဒေသတခုခုအတွက်လည်း သီးသန့်မှာယူနိုင်ပါသေးတယ်။

လေသန့် 500ml တပုလင်းကို ၂၅ပေါင် (၃၃ဒေါ်လာ) ကျသင့်မှာပါ။ “အိမ်နဲ့ဝေးနေတဲ့သူတွေ အတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါ။ အမိမြေရဲ့ အငွေ့အသက်ကို ရှူရှိုက်လိုက်တဲ့ အခါမှာ အနည်းနဲ့အများတော့ လွမ်းတဲ့စိတ်ကို ဖြေသာနိုင်သေးတာပေါ့” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

အဆိုပါ ပုလင်းတွေက အခုချိန်မှာ ရောင်းချလို့ကုန်သွားပြီဖြစ်ပြီး အဝေးမှာ ရောက်နေတဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကို လက်ဆောင်ပေးဖို့ မှာယူကြသူတွေများတယ်လို့ ၎င်းက ပြောပါတယ်။

Nine Thuwun (Like)

#LikeMedia #လေ

#CREDIT.