ဗဟုသုတ

“လျှပ်စစ်မီးမလိုတဲ့ သဘာ၀ လေအေးပေးစက် ပြုလုပ်နည်း”

သုံးစွဲပြီးသားပလပ်စတစ်ဘူးခွံတွေကို ဘာတွေလုပ်လို့ရလဲ❓ ပန်းအိုး❓ ရေသန့်ဘူး❓လေအေးပေးစက်❓

​ကမ္ဘာ့ရာသီဥတုကလည်း ပိုမိုပူနွေးလာတာနဲ့အမျှ လူသားတွေက လျှပ်စစ်စွမ်းအင်ကိုအသုံးပြုပြီး ပန်ကာတွေ၊ လေအေးပေးစက်တွေကို သုံးစွဲလာလာကြပါတယ်။ ဒါပေမဲ့ ဓာတ်အားမလိုပဲအဲကွန်းဖွင့်နိုင်မယ်ဆိုရင်ရော❓

📌ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Ashis Paul က Eco-Cooler လို့ခေါ်တဲ့ ပလက်စတစ်ဘူးခွံမှာနဲ့ လေအေးပေးစက်ကို တီထွင်ခဲ့ပါတယ်။ သူဟာ ဒီအကြံကို Physics ဆရာက သူ့သမီးကို ဓာတ်ငွေ့များလာတာနဲ့ အေးတဲ့အကြောင်းကိုရှင်းပြနေတဲ့အချိန်မှာ ကြားပြီးရရှိခဲ့တာဖြစ်ပါတယ်။

Eco-Cooler ကိုဘယ်လိုလုပ်ရတာလဲ❓

💡 ပလက်စတစ်ဘူးခွံတစ်ဝက်ကိုဖြတ်ပြီး အပေါက်ဖောက်ထားတဲ့ ဘုတ်ပြားပေါ် မှာစွပ်ပြီးကပ်ထားရပါမယ်။

💡ပြီးတော့ ဘုတ်ပြားကို ပြတင်းပေါက်မှာတပ်ထားရပါမယ်။ အပေါက်သေးတဲ့ ဘူးအဖုံး ဘက်ခြမ်းကိုတော့ အိမ်ထဲမှာထားရပါမယ်။ ကျယ်တဲ့ဘက်ခြမ်းကို အပြင်မှာထားရပါမယ်။

တကယ်ရော အေးရဲ့လား❓ဘယ်လိုအလုပ်လုပ်တာလဲ❓

-ကျယ်တဲ့ဘက်ကလာတဲ့လေက အပေါက်သေးတဲ့ဘက်ကလေထွက်လာတဲ့အခါ ဖိအားပြောင်းလဲခြင်းကြောင့် အေးတဲ့လေကိုပြန်ထွက်ပါတယ်။

❗️ဥပမာ – လက်ကို ပါးစပ်ဟပြီး လေမှုတ်ထုတ်လိုက်ရင် လေကနွေးနေပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းကိုအပေါက်သေးသေးလေးလုပ်ပြီး လေမှုတ်ထုတ်လိုက်တဲ့အခါမှတော့ အေးတဲ့လေကိုရပါတယ်။ အဲ့ဒီသဘောမျိုးပါပဲ။

📌Eco-Cooler က 5 degree Celsius လောက်ကိုလျော့ချပေးနိုင်ပါတယ်။

ဒီလိုမျိုး မီတာခလည်းပေးစရာမလို၊ အလွယ်တကူလည်း ရနိုင်တဲ့ သုံးပြီးသားပလက်စတစ်ဘူးခွံတွေကို DIY Eco-Cooler လေးပြုလုပ်ပြီး ပတ်ဝန်းကျင်ကိုကာကွယ်နိုင်ကြောင်း Ecoromance Team မှ အကြံပေးလိုက်ပါတယ်။💯

Photo ©

#ecoromance

#the_home_of_taking_action

#ecocooler

Crd