🇩🇪 Germany မှာ #ကိုဗစ်ကာကွယ်ဆေး overdose #ထိုးပြီးဆေးရုံရောက်ကုန်တဲ့ကိစ္စ။
လွန်ခဲ့တဲ့ရက်က အကိုကြီးတစ်ယောက်က ကျနော့်ဆီကို အမျိုးသမီးတစ်ယောက် (ကာကွယ်ဆေးထိုးပြီးအင်ဗျူးလုပ်နေစဉ်) လဲကျသွားတဲ့ ဗီဒီယိုတစ်ခုပို့လာပါတယ်။
အခုထိ အနောက်တိုင်းက အသိအမှတ်ပြုကိုဗစ်ကာကွယ်ဆေးထိုးပြီး #လူသေဆုံးတဲ့ကိစ္စမကြားရသေးပါ။
တကယ်ဖြစ်ခဲ့ရင်လည်း မီဒီယာတွေရဲ့သည်းခြေကြိုက်သတင်းမို့ ကျနော်တို့ကျိန်းသေသိရမှာပါ။
ဒါကြောင့် Pfizer-BioNTech, Moderna, Oxford-AstraZeneca တို့ရဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးလူသေဆုံးတာ ခုထိလုံးဝမရှိသေးဘူးလို့ဆိုပါရစေ။
တစ်ခုတော့ရှိပါတယ်။
🇩🇪 ဂျာမနီနိုင်ငံမှာ Pfizer-BioNTech ရဲ့ကာကွယ်ဆေးကို overdose ပမာဏပိုထိုးမိပြီး care home ဝန်ထမ်းတွေ #ဆေးရုံရောက်ကုန်တာဖြစ်ခဲ့ပါတယ်။
ဖြစ်ပုံက အသက် ၃၈ နှစ်နဲ့ ၅၄ နှစ်ကြား Care Home ဝန်ထမ်း ( ၈ ) ယောက်ကို Pfizer-BioNTech ရဲ့ကာကွယ်ဆေးကို #ထိုးပေးရမယ့်ပမာဏထက်ငါးဆပိုပြီးထိုးပေးလိုက်မိပါသတဲ့။
ကိုဗစ်ကာကွယ်ဆေးမှာ တစ်ခါထိုးရမယ့် dose ပမာဏရှိပါတယ်။ 🇺🇸 FDA ရဲ့အဆိုအရ 0.3 mL စာစီ ၃ ပတ်ခွာပြီး နှစ်ကြိမ်ထိုးရမှာပါ။
ဒါပေမယ့် ဒီဇင်ဘာလလယ်တုန်းက Pfizer-BioNTech ကာကွယ်ဆေးတွေမှာ Label ဖတ်ပြီး ဆေးတွေအလဟဿ waste ဖြစ်ကုန်တဲ့သတင်းကိုဖတ်ဖူးပါတယ်။
Pfizer-BioNTech ရဲ့ကာကွယ်ဆေးဟာ ၅ လုံးစာလာပါတယ်တဲ့။ သူ့ကို အရည်ပျော်အောင်လုပ်ပြီးရင် diluent နဲ့ရောရပါသေးတယ်။
အဲ့လို diluent နဲ့ရောပြီးရင် ၆ ယောက်စာရပါသတဲ့။
🇺🇸 အမေရိကန် CDC ရဲ့လမ်းညွှန်ချက်အရ diluent ဟာ 0.9% sodium chloride ဆားရည်ပါ။
မသုံးခင်ရောရပြီး 5 dose per viral လို့ဆိုပါတယ်။
ကျနော်ထင်တာကတော့ အဲ့ဒီလို Label ရေးလို့ကတော့ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။
အဲ့ဒီတော့ #ငါးယောက်စာကာကွယ်ဆေးကိုတစ်ယောက်တည်းမှာမှားထိုးတာတွေ စစခြင်းမှာ မမျှော်လင့်ပဲဖြစ်သွားပါလိမ့်မယ်။
အဲ့ဒီမှာ ကာကွယ်ဆေးငါးဆထိုးမိတဲ့ လူ (၈) ယောက်မှာ (၄) ယောက်ကို ဆေးရုံတင်လိုက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။
ဘာဖြစ်လို့ဆေးရုံတင်ခဲ့ရတာလဲဆိုတော့ flu-like symptoms ရာသီတုပ်ကွေးလိုရောဂါလက္ခဏာတွေပေါ်ခဲ့လို့ပါတဲ့။
အခုလိုဆေးရုံတင်ခဲ့တဲ့ (၄) ယောက်မှာ (၃) ယောက်ကပြရုံပြပြီး အိမ်ပြန်ရပါတယ်။ တစ်ယောက်ကတော့အခုထိ ဆေးရုံကမဆင်းရသေးပါဘူးတဲ့။
ဆေးပမာဏမှားထိုးမိတဲ့အတွက်တောင်းပန်ပါတယ်တဲ့။
ဆေးပမာဏအကြောင်းပြောရင် စစခြင်းလူနည်းနည်းနဲ့ စမ်းသပ်ခဲ့တဲ့ Phase 1 ကိုပြန်ပြောရပါမယ်။
Phase 1 စမ်းသပ်ချက်အရ အခုလို ၅ ဆထိုးမိတာ ဘာဆိုးဆိုးရွားရွားပြဿနာမှ မရှိနိုင်ပါလို့ Pfizer-BioNTech ကပြောထားပါတယ်။
အခုလိုအပ်တဲ့ဆေးပမာဏဟာ 30 microgramme နဲ့အထက်လို့ဆိုပြီး 100 microgramme အထိထိုးလို့ရပါတယ်လို့ ဆိုထားပါတယ်။
ကျနော်ပြောချင်တာက 💉 ကာကွယ်ဆေးအသစ်တွေကို စထိုးထိုးခြင်းမှာ သတိထားဖို့လိုပါတယ်။
ပြီးတော့ ပြည်နယ်နဲ့တိုင်းအသီးသီးက ဟိုးအောက်ခြေဝန်ထမ်းအထိနားလည်အောင် ကာကွယ်ဆေးလမ်းညွှန် Label ကို 📦 ပုံးတိုင်းမှာ မြန်မာလိုသေသေချာချာ မမှားအောင် Label တွေရေးပြီး ကပ်ပေးဖို့လိုလာပြီလို့ မြင်ပါတယ်။
ပိုသွား၊ လိုသွားရင် တန်ဖိုးရှိတဲ့ကာကွယ်ဆေးတွေ အလဟဿ waste ဖြစ်သွားပြီး လူအတွက်လည်းနောက်ဆက်တွဲအန္တရာယ်ရှိနိုင်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျား။
Richard Myo Thant
30-December-2020