News

သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ဘို့ဆိုပြီး ကျပ်သိန်းပေါင်း ၂၀၀၀၀ (နှစ်သောင်း)ကျော် လှူဒါန်းခဲ့တဲ့ အံ့ချီးဖွယ်အလှူရှင်

သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ဘို့ဆိုပြီး ကျပ်သိန်းပေါင်း ၂၀၀၀၀ (နှစ်သောင်း)ကျော် လှူဒါန်းခဲ့တဲ့ အံ့ချီးဖွယ်အလှူရှင်။ နတ်ပြည်မှာ ဘုံဗိမ္မာန်ပေါက်နေလောက်ပြီ။

သာဓု သာဓု သာဓု။ မန္တလေးမြို့ ဝါးတန်းရပ် ၂၉လမ်းတွင်နေထိုင်သော ဒေါ်ညွန့်ညွန့်အေးသည် မန္တလေး သီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို တစ်ဦးတည်း ဒါယိကာမ အဖြစ်ခံယူ၍ လှူဒါန်းခဲ့သည်။

ကုန်ကျငွေပေါင်းမှာ ကျပ်သိန်းပေါင်း၂၀၀၀၀ (နှစ်သောင်း)ကျော်ဖြစ်သည်။ ၎င်းက ဤသို့ တိုက်တွန်းပြောကြားပါသည်ကျွန်မ အခုလို လှူဒါန်းနိုင်ခဲ့တာတွေဟာ ကျွန်မရဲ့ကုသိုလ်ကံစွမ်းအားနဲ့ မိဘနှစ်ပါးပေးခဲ့တဲ့ ကုသိုလ်အမွေတွေဖြစ်ပါတယ်။

ပြီးတော့ သီတဂူဆရာတော်ဘုရားကြီးလုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ ဒီမန္တလေးသီတဂူဗုဒ္ဓတက္ကသိုလ်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ကျွန်မအခုလို လှူဒါန်းတာကလည်း သာသနာတော်ကြီး အရှည်ခံ့၍ တည့်တံ့ပြီး ကမ္ဘာအရပ်ရပ်ကို ဗုဒ္ဓသာသနာ တည်တံ့ပြန့်ပွါးစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာဖြစ်ပါတယ်။

ကံ ကံ၏အကျိုးကိုလဲ ယုံကြည်ပါတယ်။ အလှူဒါနပြုတိုင်းလဲ နိဗ္ဗာန်ကို ဆုတောင်းပါတယ်။ ကျွန်မကိုယ်တွေ့ပြောရရင် လှူလို့ ကုန်မသွားပါဘူး။ ဥမာနဲ့ပြောရရင် လက်ယက်တွင်းလိုပါပဲ။

ခပ်ယူတုန်းခဏသာ လျော့ပြီး နောက်တော့ ပြန်ပြီးပြည့်လာတာပါပဲ။ ဒါကြောင့် လှူကြပါ။ တန်းကြပါလို့ တိုက်တွန်းလိုပါတယ်။ (၂၀၁၀ ဇွန်လထုတ် မြတ်မင်္ဂလာစာစောင်ပါ သန်းဝင်းရှိုန်၏ အံ့ချီးဖွယ်အလှူရှင် ဆောင်းပါးမှ) အချိန်ပေးဖတ်ရှုပေးကြ၍ ကျေးဇူးအထူးတင်ရှိပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်