News

ဆင်ခြင်နိုင်ဖို့ပါ သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့ကိုဗစ်နဲ့မသေဘဲ လိုင်းပေါ်ကတင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ

သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့ကိုဗစ်နဲ့မသေဘဲ လိုင်းပေါ်ကတင်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ ..

ကျွန်တော့်ဆေးဆိုင်မှာလာဝယ်တဲ့သူတိုင်းကို နေ့စဉ်ရက်ဆက် မသောက်ဖို့ / အလွန်အကျွံ့မသောက်ဖို့ / ကလေးတွေကို မတိုက်ဖို့ အမြဲသတိပေးတယ်..

( ဒါလဲ ) ဝယ်နေ / သောက်နေကြတုန်း ??

တကယ်ဆို..ဆရာဝန်တွေရဲ့ပြောစကားအရ..

Cevit / D3 / Zinc တွေက နေ့စဉ်စားသောက်တဲ့ အစားအစာထဲ လိုအပ်သလောက်ပါပြီးသား..

အဟာရရှိမယ့်အစားအစာစား / အိပ်ရေးဝဝအိပ်တာနဲ့တင်လုံလောက်နေတာ ..သူများပြောတိုင်း ဝယ်သောက် / အလွန်အကျွံ့တွေဖြစ်ပြီး မသေသင့်ဘဲသေသွားရတာတွေ..

လူ့ခန္ဓာကိုယ်ခုခံအား( immune ) အတွက်လိုအပ်တာက တစ်နေ့ကို Cevit 200mg /D3 500 iu / Zinc 20 mg ပဲ လိုတာ..

အဟာရပြည့်တဲ့အစားအစာမစားနိုင်လို့ဆေးသောက်မယ်ဆိုရင်တောင် တစ်နေ့ကို..Cevit 1000mg ထက်ပိုမသောက်သင့်
( BPI Cevit ) တစ်ပြားကို 100mg ပါတယ် Vicee / Vitacee ဆေးတွေ တစ်ပြားကို 500 mg ပါတယ်..

D3 က တကယ်ဆို နေပူစာနာရီဝက်လောက်လှုံ့ယုံနဲ့တင် ok ..

ပြဿနာရှိတာက Zinc ..

Zinc တစ်ပြား 20mg ပါတဲ့အတွက် တစ်နေ့အလွန်ဆုံး တစ်ပြားသောက်သင့်ပေမယ့်…

ပိုသောက်တဲ့သူတွေ အော့အန်တာ / ဖျားနာတာ / ကျောက်ကပ်ပျက်စီးတာတွေဖြစ်တတ်ပါတယ်..

Cevit ကို ချဉ်ပေါင်ရွက် / မာလကာသီး / လိမ္မော်သီး တွေကရ / D3 ကို နေပူစာလှုံယုံ / နွားနို့သောက်ယုံမျှနဲ့ လုံလောက်ပေမယ့်ပုစွန်အခွံ့ကရတဲ့ Zinc ကိုကျတော့ ဆေးနဲ့ပဲ ဖြည့်ဆည်းကြတဲ့အတွက် မလိုလားအပ်တဲ့ဆိုးကျိုးတွေရစေပါတယ်..

အဲ့ဒီဆေးတွေသောက်တဲ့အခါ ခန္ဓာကိုယ်ကလိုအပ်တဲ့ပမာဏကိုသာ စုတ်ယူပြီး ပိုတာကို ကျောက်ကပ် က အလုပ်လုပ်ကာ စွန့်ထုတ်ရလို့ ကျောက်ကပ်အလုပ်ပိုလုပ်ရကာ လနဲ့ချည်ကြာတော့ ကျောက်ကပ်ပျက်စီးစေတာပါ..

( ကျောက်ကပ် ဟာ )..

လူ့ခန္ဓာကိုယ်ထဲ ၂လုံးပါပြီး အဲ့ဒီ၂လုံးစလုံးရဲ့၈၀% ပျက်စီးနေရင်တောင် ကိုယ်ခံအားကောင်းတဲ့လူတွေ မသိသာပါဘူး..

သိတဲ့အချိန်ဆို နောက်ကျသွားပါပီ .. ဒါကြောင့် ကျောက်ကပ်ကို ဆရာဝန်တွေက.. silent murder ( တိတ်တဆိတ် လူသတ်သမား ) လို့ခေါ်ကြပါတယ်..

( အချုပ်အားဖြင့် )..Cevit / D3 / Zinc ဆေးဝါးတွေကို ကိုဗစ်ရန်ကာကွယ်ချင်ရင် တစ်နေ့တစ်တွဲသာသောက်ပါ / ကိုယ်ခံအား အရမ်းကောင်းချင်လို့ တအား ပိုသောက်မိခဲ့ရင် …

ကိုဗစ်ကြောင့်မသေဆေးကြောင့်သေတတ်ပါကြောင်း ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြစ်သား လိုက်ရပါတယ်.

Courtesy – Khin Win

via မြန်မာ့သတင်းပေါင်းစုံ