News

ကိုယ့္အိမ္နားမွာ အမႈိက္ မီးလာရႈိ႕ေနတဲ့သူေတြကို တိုင္လို႔ ရပါၿပီ

ကိုယ့္အိမ္နားမွာ အမႈိက္မီးရႈိ႕တဲ့သူေတြရွိရင္ စည္ပင္ကို တိုင္လို႔ ရတဲ့ ဖုန္းနံပါတ္မ်ား

“ကိုယ့္အိမ္နားမွာ အမႈိက္ မီးလာရႈိ႕ေနတဲ့သူေတြကို တိုင္လို႔ ရပါၿပီ”

ကိုယ့္နားမွာ အမႈိက္မီးရႈိ႕တဲ့သူရွိရင္ ကိုယ့္ၿမိဳ႕နယ္ရဲ႕ စည္ပင္ကို အေၾကာင္းၾကားလို႔ ရပါတယ္ေနာ္။

ဟိုေန႔က မနက္ ၇ ခြဲ ဝန္းက်င္ေလာက္ မနက္ႏိုးလာၿပီး ဝရံတာ ေလရႈမယ္ဆိုမွ အမႈိက္ရႈိ႕ေနတာေတြ႕တာနဲ႔ ဓါတ္ပုံ႐ိုက္ထားလိုက္တယ္။

ၿပီးေတာ့ ဖုန္းနံပါတ္ရွာၿပီး ဆက္လိုက္တာ ကြၽန္ေတာ္သြားၾကည့္ေပးမယ္ ပုံေလးကို ဗိုင္ပါ မွာပို႔ထားေပးပါဆိုၿပီး ခဏေနေတာ့ ဖုန္းဆက္လာတယ္ ဝင္ေျပာလိုက္ၿပီ။

မီးမရႈိ႕ရဘူးဆိုတာကိုတဲ့ ေနာက္ထပ္ေတြ႕ရင္ အေၾကာင္းၾကားပါဆိုၿပီး ျပန္ဆက္လာတယ္။ အဲ့ေန႔ကစၿပီး မီးခိုးေတြ ပတ္ဝန္းက်င္မွာ အူမေနေတာ့ဘူး။

အမႈိက္ရႈိ႕တဲ့သူက မသိလို႔ ႐ြာမွာအတိုင္း လုပ္လိုက္တာလို႔ ေျပာပါတယ္။ တစ္ခ်ိဳ႕ အမႈိက္ရႈိ႕ သူေတြလဲ မီးရႈိ႕တာေၾကာင့္ ပတ္ဝန္းက်င္ ကို ဘယ္လို ထိခိုက္လဲသိခ်င္မွ သိၾကမယ္ထင္ပါတယ္။

ဒီအတိုင္း လုပ္ေနၾကမို႔ လုပ္လိုက္တာလဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အဲ့တာေၾကာင့္ ကိုယ့္ပါတ္ဝန္းက်င္မွာ အမႈိက္ရႈိ႕ေနတာေတြ႕ရင္ စည္ပင္ကိုသာ အေၾကာင္းၾကားလိုက္ပါ။

ၿမိဳ႕နယ္အလိုက္ စည္ပင္ဖုန္းနံပါတ္ပုံေတြ ဝက္ဘ္ဆိုက္ကေန တဆင့္ယူထားတာလည္း လိုရမယ္ရ တင္လိုက္ပါတယ္။

Unicode

ကိုယ့်အိမ်နားမှာ အမှိုက် မီးလာရှို့နေတဲ့သူတွေကို တိုင်လို့ ရပါပြီ

ကိုယ့်အိမ်နားမှာ အမှိုက်မီးရှို့တဲ့သူတွေရှိရင် စည်ပင်ကို တိုင်လို့ ရတဲ့ ဖုန်းနံပါတ်များ

“ကိုယ့်အိမ်နားမှာ အမှိုက် မီးလာရှို့နေတဲ့သူတွေကို တိုင်လို့ ရပါပြီ”

ကိုယ့်နားမှာ အမှိုက်မီးရှို့တဲ့သူရှိရင် ကိုယ့်မြို့နယ်ရဲ့ စည်ပင်ကို အကြောင်းကြားလို့ ရပါတယ်နော်။

ဟိုနေ့က မနက် ၇ ခွဲ ဝန်းကျင်လောက် မနက်နိုးလာပြီး ဝရံတာ လေရှုမယ်ဆိုမှ အမှိုက်ရှို့နေတာတွေ့တာနဲ့ ဓါတ်ပုံရိုက်ထားလိုက်တယ်။

ပြီးတော့ ဖုန်းနံပါတ်ရှာပြီး ဆက်လိုက်တာ ကျွန်တော်သွားကြည့်ပေးမယ် ပုံလေးကို ဗိုင်ပါ မှာပို့ထားပေးပါဆိုပြီး ခဏနေတော့ ဖုန်းဆက်လာတယ် ဝင်ပြောလိုက်ပြီ။

မီးမရှို့ရဘူးဆိုတာကိုတဲ့ နောက်ထပ်တွေ့ရင် အကြောင်းကြားပါဆိုပြီး ပြန်ဆက်လာတယ်။ အဲ့နေ့ကစပြီး မီးခိုးတွေ ပတ်ဝန်းကျင်မှာ အူမနေတော့ဘူး။

အမှိုက်ရှို့တဲ့သူက မသိလို့ ရွာမှာအတိုင်း လုပ်လိုက်တာလို့ ပြောပါတယ်။ တစ်ချို့ အမှိုက်ရှို့ သူတွေလဲ မီးရှို့တာကြောင့် ပတ်ဝန်းကျင် ကို ဘယ်လို ထိခိုက်လဲသိချင်မှ သိကြမယ်ထင်ပါတယ်။

ဒီအတိုင်း လုပ်နေကြမို့ လုပ်လိုက်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့တာကြောင့် ကိုယ့်ပါတ်ဝန်းကျင်မှာ အမှိုက်ရှို့နေတာတွေ့ရင် စည်ပင်ကိုသာ အကြောင်းကြားလိုက်ပါ။

မြို့နယ်အလိုက် စည်ပင်ဖုန်းနံပါတ်ပုံတွေ ဝက်ဘ်ဆိုက်ကနေ တဆင့်ယူထားတာလည်း လိုရမယ်ရ တင်လိုက်ပါတယ်။